August 25, 2012

အစိုးရနဲ့ ပဏာမအဆင့်ဆွေးနွေးဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ခရီးစတင်

အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကိုယ်စားလှယ်တွေနဲ့ PNLO  တို့ ဒီကနေ့ ရက်ပိုင်းမှာ ပဏာမအဆင့် ဆွေးနွေးကြဖို့ ရှိတယ်လို့ ကြားသိရပါတယ်။ ပထမအကြိမ် ဂျူလိုင်လ နှောင်းပိုင်း တုန်းကသွားရောက်တွေ့ဆုံစဉ်က ဘာအကြောင်းတွေအဓိကထား ဆွေးနွေးခဲ့ကြသလဲ။ အခု ဒုတိယ အကြိမ်မှာကော ဘာတွေဆွေးနွေးဖို့ရှိသလဲဆိုတာသိရအောင် ဒီကနေ့ တောင်ကြီးကိုထွက်ခွါသွားတဲ့ အဖွဲ့ခေါင်းဆောင် PNLO အတွင်းရေးမှူး ခွန်မြင့်ထွန်းကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။

Pa-Oh_and_Gov._peace_talk
ဦးအောင်မင်းနှင့် PNLO ပထမအကြိမ်တွေ့ဆုံစဉ် (ဓါတ်ပုံ-PYO)

မေး။    ။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ပြည်တွင်းဝင်ပြီးအစိုးရနဲ့ ထပ်မံဆွေးနွေးဖို့ ရှိတယ် လို့ကြားသိရတယ်။ ပြောပြပေးပါဦးခင်ဗျ။ ဖြေ။    ။ဟုတ်ကဲ့  ကျနော်တို့အဖွဲ့ ကျနော်ခွန်မြင့်ထွန်း၊ ခွန်သူရိန် တို့ဦးဆောင်တဲ့ ၈ ယောက်ပါအဖွဲ့ ကနေ့တောင်ကြီး ကိုရောက်ပါမယ်။ မနက်ဖြန်အစိုးရနဲ့ဆွေးနွေးဖို့ရှိပါတယ်။ ဂျူလိုင်လ ၂၈ ရက်နေ့တုန်းက ဦးအောင်မင်းနဲ့ ရန်ကုန်မှာတွေ့ခဲ့တယ်။ ၁၀ ရက်တာ လေ့လာရေးခရီးစဉ်အပြီးပေါ့။ အဲ့ချိန်မှာ ဦးအောင်ခမ်းထီအပါအဝင် PNO ခေါင်းဆောင်တွေကိုလည်း သွားပြီး ဂါရ၀ ပြုခဲ့တယ်။ ပအိုဝ်းလူမှုအဖွဲ့အစည်း တိုင်းရင်းဆေးဆရာများအဖွဲ့ စာပေယဉ်ကျေးမှုအဖွဲ့ ပအိုဝ်းအမျိုးသမီး အဖွဲ့တွေနဲ့တွေ့ခဲ့တယ်။ ပြီးရင်တောင်ကြီးမှာရှိတဲ့တောင်ကျောင်းကြီး က ပအိုဝ်းဆရာတော် သံဃာတော်တွေရဲ့ ဩဝါဒ အဆုံးအမကိုခံယူတယ်။  ဂျူလိုင် ၂၈ ရက်မှာဦးအောင်မင်းနဲ့တွေ့ပါတယ်။ အဲဒီအချိန်မှာ ပိုမိုပြီးတိုးတက်တဲ့ ဆွေးနွေးမှုတွေရှိတဲ့အတွက်ကြောင့်  နောက်ထပ်ဆွေးနွေးဖို့ ဒီရက်ပိုင်းမှာစတင်တာဖြစ်ပါတယ်။

မေး။    ။ အခုဆွေးနွေးမှာက ပဏာမ အဆင့်လား။
ဖြေ။    ။ဟုတ်ကဲ့အခုဆွေးနွေးဖို့သွားတာဟာ အပစ်ရပ်ဖို့ ပဏာမအဆင့်ဆွေးနွေးမှာဖြစ်ပါတယ်။

မေး။    ။ ဆရာတို့ဆွေးနွေးမယ့်အချက်လေးတွေကိုပြောပြပေးနိုင်မလားခင်ဗျ။
ဖြေ။    ။အဓိကကတော့ တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေဆွေးနွေးခဲ့ကြသလိုပါဘဲ။ အပစ်အခတ်ရပ်စဲဖို့ နှစ်ဦးနှစ်ဘက်ကြားမှာ ပဏာမ သဘောတူညီချက်ရရှိဖို့ ၊အဲဒီနောက်ပိုင်း ရေရှည်ဆက်လက် ဆောင်ရွက်နိုင်ဖို့ အတွက် ဆက်ဆံရေးရုံးတွေဖွင့်နိုင်ဖို့ အဲဒါတွေပါဘဲ။ ကျနော်တို့ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်တွေရော၊ တပ်မတော်သားတွေရော လက်နက်မပါဘဲနဲ့ သွားလာခွင့်ရဖို့နဲ့ နောက် ကြိုတင်အကြောင်းကြားပြီး လက်နက်ကိုင်ဆောင်သွားလာခွင့်ရဖို့ အဓိက ထားဆွေးနွေးကြမှာပါ။

အစိုးရကိုယ်စားလှယ်ဘက်က ဘယ်သူတွေပါမလဲအသေအချာမသိနိုင်ပေမယ့် ကျနော်တို့ကို ဆွေးနွေး ဖို့ကမ်းလှမ်းတဲ့ ဝန်ကြီးဦးအောင်မင်းတော့အသေအချာလာလိမ့်မယ်။ နောက်ပြီး သျှမ်းပြည်အစိုးရအဖွဲ့ တွေပေါ့နော် လာကြမယ်လို့မျှော်လင့်ပါတယ်။

မေး။    ။ သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံးက အပစ်ရပ်ပြီးပြီ ငြိမ်းချမ်းရေးယူပြီးပြီ။ ခုထိ တိုက်ပွဲတွေ ဖြစ်နေတုန်း။ ဆရာတို့အနေနဲ့ ငြိမ်းချမ်းရေးစကားပြောဖို့ ဘယ်လောက်ယုံကြည်မှုရှိ လဲခင်ဗျ။
ဖြေ။    ။ ခု မြန်မာနိုင်ငံရဲ့နိုင်ငံရေး အခြေအနေဟာ ညီအကိုမသိတသိ နိုင်ငံရေးအခြေအနေဖြစ်ပါ တယ်။ အထက်ကလဲဆွေးနွေးစရာရှိတာကိုဆွေးနွေးနေမယ်။ အောက်ကလဲတိုက်စရာရှိ တိုက်နေတယ်။ အခု သျှမ်းပြည်တပ်မတော် SSPP ရော RCSS ရောအပါအဝင် အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ ဟာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုကို အခြေခံပြီးတော့ အပစ်အခတ်ရပ်စဲရေးကို လုပ်ခဲ့ကြတာလို့ ကျနော်အဲလိုဘဲ နားလည်ထားပါတယ်။ ဒါကြောင့်မို့ အဓိပ္ပါယ်ပြည့်စုံတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးပေါ်ပေါက်လာဖို့လိုပါတယ်။ အဲလိုပေါ်ပေါက်လာခြင်းအားဖြင့် အဲဒီတွေ့ဆုံဆွေးနွေးပွဲကြီး တွေကနေ  ဒီကိစ္စရပ်တွေကိုပိုပြီးတော့ညှိနှိုင်းဆွေးနွေးနိုင်မယ်လို့ ကျနော်ထင်ပါတယ်။

ကျနော်မီဒီယာတွေကို တခု Request လုပ်ချင်ပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို အခြားအဖွဲ့ အစည်း တွေရဲ့ ခွဲထွက်ခွင့်ဆိုပြီးမှားပြီးရေးကြပါတယ်။ ကျနော်ပြောပြချင်တာကတော့ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ဟာ ၂၀၀၉ ခုနှစ် မှာကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားညီလာခံမှာ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်ကိုဖွဲ့စည်းဖို့ ကျနော်တို့ သဘောတူညီခဲ့ကြတယ်။ အဲဒီညီလာခံကနေပြီး မှ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO  ရဲ့ဖွဲ့စည်းပုံကိုရေးဆွဲပြဌာန်းပေးပါတယ်။ မဟာ မိတ်ခေါင်းဆောင်များကရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆောင်ရွက်ပေးပြီးတော့မှ ဒီမိုကရေစီနည်း အရ အဖွဲ့ခေါင်းဆောင်တွေကိုရွေးချယ်တင်မြောက်ပြီး ဖွဲ့စည်းခဲ့တာပါ။ ဒီအဖွဲ့မဖွဲ့စည်းခင်မှာ ဦးအောင် ခမ်းထီတို့ ၁၉၉၁ ခုနှစ် အပစ်အခတ်ရပ်စဲရေးလုပ်တော့ PNO ကဗိုလ်မှူးကြီးခွန်ဥက္ကာတို့ ဒီမှာကျန်ခဲ့ တယ်။ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် PPLO အနေနဲ့ တော်လှန်ရေးကိုဆက်ပြီးဆင်နွှဲတယ်။ ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ ရလလဖ က ၂၀၀၇ မှာပြိုကွဲသွားတယ်လို့ ပြောရမှာ ပေါ့။ အဲဒီချိန်မှာ ရလလဖ ဒုဥက္ကဌ ခွန်တိဆောင်နဲ့ အတွင်းရေးမှူးဖြစ်တဲ့ ခွန်သူရိန်တို့ ဦးဆောင်တဲ့ ရလလဖ အင်အားစု တစုက ကျနော်တို့ တော်လှန်ရေးနယ်မြေကိုပြန်ရောက်တယ်။ ပအိုဝ်းနိုင်ငံရေး ဦးဆောင် အဖွဲ့တွေရော၊ ပအိုဝ်းလူငယ်အဖွဲ့ လူငယ်အစည်းအရုံး PYO နောက်ပြီး ပအိုဝ်းအလုပ်သမားသမဂ္ဂ PLU အဲချိန်က လွှတ်တော်ကိုယ်စားလှယ်တချို့ ကျနော်ကတော့ NLD လွှတ်တော်ကိုယ်စားလှယ်ပေါ့။ ပအိုဝ်း အင်အားစုအားလုံးပါဝင်တဲ့ ပအိုဝ်းညီလာခံ ကိုကျင်းပတယ်။ အဲဒီကမှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်  PNLO  ကို ပြန်ပြီးဖွဲ့စည်းပေးခဲ့တာ။ အဲဒီတော့ တချို့တွေလွဲမှားပြီးရေး တတ်တာ ဟိုကခွဲထွက် ဒီကခွဲထွက် ဆိုတာ မှားယွင်းတယ်ဆိုတာ ကျနော်ပြောပြချင်တာ။

မေး။    ။ ဟုတ်ကဲ့ ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။ နောက်တခု ဆရာတို့ ဆရာဦးအောင်ခမ်းထီနဲ့ပထမတခေါက်တွေ့စဉ်တုန်းက  ပေါင်းစည်းရေးအတွက်ရော ဆွေးနွေးဖြစ်ခဲ့ကြသေးလားခင်ဗျ။
ဖြေ။    ။ဟုတ်ကဲ့ အဲဒီကိစ္စရပ်အပေါ် ကျနော်တော်တော်လေးကို အားရကျေနပ်မှုရှိခဲ့ပါတယ်။ ကျနော်တို့ ကို နာယကကြီး ဦးအောင်ခမ်းထီက နွေးနွေးထွေးထွေးလက်ခံကြိုဆိုတယ်။ တွေ့ဆုံတယ်။ မိသားစုလို ရင်းရင်းနှီးနှီး စကားပြောခဲ့ကြတယ်။ နောက်တနေ့ ပအိုဝ်းလူမှုအဖွဲ့အစည်း အစုံအလင်ပါတဲ့တွေ့ဆုံ ဆွေးနွေးပွဲကိုလည်း PNO နဲ့အတူ ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်လာပါ အပါအဝင်  ကမကထပြု ကျင်းပပေးခဲ့တယ်။ အဲဒီမှာ သဘာပတိကိုလည်း အဲဒီရဲ့ PNO  နာယကအဖွဲ့ဝင်ဖြစ်တဲ့ ခွန်မောင်တုတ်ကနေပြီးတော့ ဆောင်ရွက်ပေးပါတယ်။ အခမ်းအနားမှူးကိုလည်း  PNO ကအလုပ် အမှုဆောင် ခွန်တင်ထွတ်က ဆောင်ရွက်ပေးပါတယ်။ တောင်ကျောင်းကြီးဆရာတော်အပါအဝင် ပအိုဝ်းဆရာတော်တွေ သံဃာတော်တွေကို ကန်တော့ဖို့ အတွက် PNO ကနေပြီးတော့ဘဲ ကမကထ ပြုပေးခဲ့ပါတယ်။ ဒီအတွက်ကျနော်တို့ ဂုဏ်ယူပါတယ်။ နောက်ပြီး PNO ကိုဖွဲ့စည်းစဉ်တုန်းကလည်း ပအိုဝ်းအမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အတွက် အမျိုးသားဒီမိုကရေစီဝါဒကို အခြေ ခံပြီးတော့မှ ဖွဲ့ခဲ့ပါတယ်။ ထိုနည်းတူဘဲ ကျနော်တို့  PNLO ကလည်း အမျိုးသားတန်းတူရေးနဲ့ ကိုယ် ပိုင်ပြဌာန်းပိုင်ခွင့်အတွက် အမျိုးသားဒီမိုကရေစီဝါဒကိုအခြေခံပြီးတော့မှ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ကျနော် တို့ ၂ ဖွဲ့ကြားမှာ တူညီတဲ့အမျိုးသားရေးမူဝါဒဘဲဖြစ်ပါတယ်။  နောက်တခါ ကျနော်တို့ ရပ်တည်ချက် အနေအထားက PNO က ဒီနေ့ ၂၀၁၀ တုန်းက ရွေးကောက်ပွဲဝင်ခဲ့တဲ့ တရားဝင်နိုင်ငံရေး ပါတီဖြစ်ပါ တယ်။ အနိုင်လည်းရထားပါတယ်။ အဲတော့ဒီကနေ့ လွှတ်တော်နိုင်ငံရေးမှာ PNO ကနေပြီးတော့ ပအိုဝ်းအမျိုးသားတွေအတွက် ကိုယ်စားပြုပြီးတော့ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့နဲ့ PNO ကြားမှာ နိုင်ငံရေးအရကော နယ်မြေအရရော ပဋိပက္ခတွေ မရှိပါဘူး။ PNO ရဲ့ကမကထပြုမှုကြောင့်လည်း ကျနော်တို့သွားလာရေးခရီးစဉ်ကအဆင်ပြေလွယ်ကူခဲ့ပါတယ်။

မေး။    ။ မွန်ပြည်နယ်ဘက်က ပအိုဝ်းအမျိုးသားနဲ့ သျှမ်းပြည်တောင်ပိုင်းက ပအိုဝ်းအမျိုးသားတွေရဲ့ စကား၊ အသုံးအနှုန်း လေသံစတာတွေ မတူတာတွေ ရှိလားခင်ဗျ။
ဖြေ။    ။စကားကတော့ အတူတူဘဲ။ သို့ပေမယ့် ပတ်ဝန်းကျင်အလိုက် လေသံအနိမ့်အမြင့်နဲ့ အသံထွက် တော့ ကွာခြားမှုရှိတယ်။ နည်းနည်းပေါ့။ ရန်ကုန်သားနဲ့မန္တလေးသားတို့လိုပေါ့။ လေယူလေသိမ်းကွာ တယ်။ ဒေသအလိုက်တွင်ကျယ် ခေတ်စားတဲ့အသုံးအနှုန်းတွေကွာတယ်။ သို့ပေမယ့်စကားက အတူတူ ဘဲ။ ပင်လောင်းဘက်က ပအိုဝ်းနဲ့ သထုံဘက်က ပအိုဝ်း ဆိုရင် စကားပြောရင် ပိုတောင်အဆင်ပြေ သေးတယ်။ ဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့ ကွဲပြားမှုမရှိတာဟာ ကျနော်တို့ပအိုဝ်းအမျိုးသား တွေအတွက်တော့  ကံကောင်းခြင်းတခုလို့ပြောရမှာ ပေါ့နော်။ သို့ပေမယ့် စာအရေးအသားမှာတော့ နဲနဲကွာတယ်။ သထုံဘက်ကဆိုရင် အလံတရာ စာမူရယ် သျှမ်းပြည်မှာဆိုရင် တောင်ကြီးစာမူရယ်။ ဒီရေးထုံးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ ပအိုဝ်းစာပေပညာရှင်တွေက ညှိနှိုင်းမှု ပြုလုပ်နေတုန်းပါ ဘဲ။ မြန်မာစာလို အမြဲစီးဆင်းခွင့်ရနေတဲ့မြစ်ချောင်းလိုမျိုးတော့ ဘယ်ဟုတ်မလဲနော်။ မြန်မာစာတောင် မှ ပညာရှင်တွေကြားမှာ ညှိနှိုင်းမှုပြုစရာတွေရှိနေဆဲဘဲ။ ဥပမာ တစ်ခု ရေးမလား တခု ရေးမလား စသဖြင့်ပေါ့။ ကျနော်တို့တိုင်းရင်းစားစာပေတွေက ရေအိုင် ရေကန်လိုမျိုးဖြစ်နေတော့ ကွာခြားချက် လေးတွေ ညှိနှိုင်းစရာလေးတွေ များနေရတာဖြစ်တယ်။ သို့ပေမယ့် ပအိုဝ်းစာပေကို ပအိုဝ်းတိုင်း က ဖတ်နိုင်တယ်။ သထုံစာကိုတောင်ကြီးသားတွေဖတ်နိုင်သလို တောင်ကြီးစာကိုလည်း သထုံသား တွေဖတ်နိုင်တယ် အဲလိုမျိုးပေါ့။ အဲ ဘာဘဲပြောပြော ခုနကျနော်ပြောတဲ့အတိုင်း ကျနော်တို့နဲ့ PNO ကြားမှာ အမျိုးသားညီညွတ်ရေးပေါ့ဗျာ။ ပအိုဝ်းအမျိုးသားညီညွတ်ရေးအတွက်ကျနော်တို့ ခြေလှမ်းတွေ စလှမ်းနိုင်ခဲ့ပါပြီ။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃)နေ့ မှ (၂၆) ရက်နေ့ အထိ တောင်ကြီးမြို့၊ မွန်ပြည်နယ် သထုံမြို့၊ ရန်ကုန်မြို့တို့လေ့လာရေးခရီးအဖြစ် ပထမ ဆုံးအကြိမ် သွားခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းက တကြိမ်၊ ဒီနှစ် ဖေဖေါ်ဝါရီလ (၅) ရက် တကြိမ် ဦးအောင်မင်းနဲ့ PNLO  တို့ ထိုင်းနိုင်ငံမှာ အလွတ်သဘောထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

http://www.burmese.panglong.org/interview/104-2012-01-25-04-07-20/3430-2012-08-24-09-28-39.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India