August 31, 2012

ကချင်ဒုက္ခသည် ၉သောင်းကျော်တိုးလာဟု ကချင်အဖွဲ့များ ထုတ်ပြန်ကြေညာ

သြဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ကချင်လွတ်မြောက်ရေးအဖွဲ့-KIO နှင့် မြန်မာအစိုးရတို့ အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကချင်ပြည်နယ်တွင် ယခုဆိုလျှင် စစ်ပြေး ဒုက္ခသည် ၉သောင်းကျော် တိုးလာသည်ဟု (ကချင်အမျိုးသားအဖွဲ့အစည်းများ)မှ ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာရောက် ကချင်အဖွဲ့များနှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက်အဖွဲ့တို့ စုပေါင်းထားသည့် အဖွဲ့ ၁၁ဖွဲ့ပါသည့် ၎င်းအဖွဲ့သည် ကချင်ဒေသရှိ ဒုက္ခသည်ဦးရေ တဟုန်ထိုး များပြားလာသည်ကို ထောက်ပြလို၍ သမ္မတဦးသိန်းစိန် အစိုးရ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် တရုတ် အစိုးရတို့ သိစေရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့၏ပြောခွင့်ရသူ အမျိုးသမီး မွန်းနေလီက ပြောသည်။
သူမက “ကချင်ပြည်နယ်မှာ ဆက်လက် ထိုးစစ်ဆင်နေတဲ့အတွက် ဒုက္ခသည်တွေ တိုးလာတာဖြစ်တယ်။ ဒါကြောင့် ဒီလို ထုတ်ပြန်လိုက် တာပါ။ ဒေသခံတွေဟာ ရွာတွေ မီးရှို့ခံရတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်။ အခု ဒုက္ခသည်များဆုံးရှိတာက မိုင်ဂျာယန်မှာပါ။ ၂သောင်းကျော်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ပြီး တိုင်းရင်းသားအားလုံး ပါ၀င်သော အမျိုး သားတန်းတူရေး အုပ်ချုပ်ခွင့်တို့ကို အခြေခံ၍ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲကြီး ဖြစ်မြောက်လာရန် ရည်ရွယ်သည်ဟုလည်း သူမက ပြောသည်။
(ကချင်အမျိုးသားအဖွဲ့အစည်းများ)အဖွဲ့၏ ထုတ်ပြန်ချက်အရ ကချင်ဒေသရှိ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို စုံစမ်းဖေါ်ထုတ်ရန် ကုလသမဂ္ဂမှစုံစမ်း စစ်ဆေးရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းရေး၊ မြန်မာအာဏာပိုင်နှင့် KIO/KIAတို့အား ညှိနှိုင်းပေးပြီး ကချင်အဖွဲ့အစည်း များနှင့် လူထုအခြေအပြုလူ့အဖွဲ့အစည်းများနှင့်အတူ ဒုက္ခသည် ၉သောင်းကျော်အား ကူညီပေးနိုင်ရေးတို့ကို ကမ္ဘာ့ကုလသမဂ္ဂမှ ဆောင် ရွက်ပေးရန် တောင်းဆိုထားသည်။
တဆက်တည်း၌ပင် ကချင်ဒေသတွင် ထိုးစစ်ဆင်နေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များပါ၀င်သည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ-UNFC နှင့် နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်ရန် ၎င်းအဖွဲ့က ဦးသိန်းစိန်အစိုးရအား တောင်းဆိုထားသည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခသည်များကို တရုတ်အစိုးရ အနေဖြင့် အတင်းအဓမ္မ မောင်းထုတ်နေခြင်းများ ရပ်တန့်ပေးရန်လည်း (ကချင်အမျိုးသားအဖွဲ့အစည်းများ)အဖွဲ့၏ ကြေညာချက်တွင် ထည့်သွင်းပါရှိသည်။
မွန်းနေလီက “တရုတ်အစိုးရအနေနဲ့ ဒီဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပေးပြီး ကာကွယ်စောင့်ရှောက်ဖို့ စဉ်းစားထားတာရှိတယ်လို့ ပြောပေမယ့် အပြောပဲရှိတယ်”ဟု ပြောသည်။
လက်ရှိ ကချင်ပြည်နယ်မှ ဒုက္ခသည်စခန်း ၅၀နှင့် ၈၀တွင် ဒုက္ခသည်ဦးရေ စုစုပေါင်း ၉သောင်းကျော်ရှိပြီး ကချင်အမျိုးသားအဖွဲ့များက အလားတူ ကြေညာချက်မျိုးကို မြန်မာအစိုးရနှင့် KIA တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြည့်ဖြစ်သော ယခုနှစ် ဇွန်လကလည်း ထုတ်ပြန်ခဲ့သည်။

http://www.kicnews.org/?p=13150
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India