August 31, 2012

တိုင်းရင်းသားညီလာခံကျင်းပရန် မွန်အလုပ်ရုံပွဲဆွေးနွေးပြီးပြီ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဦးစီးသော ထိုင်းမြန်မာနယ်စပ်တိုင်းရင်းသားညီလာခံတရပ်တွင် ပါဝင်ဆွေးနွေးနိုင်ရေး မွန်တိုင်းရင်းသားများ အလုပ်ရုံဆွေးနွေးပွဲတရပ် ယနေ့တွင်ကျင်းပပြီးစီးခဲ့သည်။
နိုင်ဟံသာ မိန့်ခွန်းပြောကြားစဉ်(Photo-IMNA)
ယင်းအလုပ်ရုံဆွေးနွေးပွဲကို ထိုင်းမြန်မာနယ်စပ်ရှိ မွန်ပြည်သစ်ပါတီရုံးတွင်ကျင်းပခဲ့ရာ မွန်ပြည်သစ်ပါတီ၊ မွန်ရေးရာအဖွဲ့ချုပ်၊ မွန်လူမှုအဖွဲ့အစည်းများနှင့် မွန်သတင်းဌာနများမှကိုယ်စားလှယ် စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။ “ကျနော်တို့ကျင်းပမယ့် ဒီတိုင်းရင်းသားညီလာခံကနေ ပြည်တွင်းမှာလည်းအလားတူ ညီလာခံတွေကျင်းပနိုင်ဖို့နဲ့ ဒုတိယပင်လုံညီလာခံဖြစ်မြောက်တဲ့အခါ ပါဝင်နိုင်ဖို့အတွက်ပါ မျှော်မှန်းထားပါတယ်” ဟု တိုင်းရင်းသားညီလာခံဖြစ်မြောက်ရေးတာဝန်ခံ UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ယင်းအလုပ်ရုံဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့သည်။
အလားတူအလုပ်ရုံဆွေးနွေးပွဲများကို သက်ဆိုင်ရာတိုင်းရင်းသားနယ်မြေများတွင် ပြုလုပ်နေသည်ဟုလည်း သိရသည်။
“UNFC အဖွဲ့ဝင် ၁၁ ဖွဲ့အပြင် အဖွဲ့ဝင်မဟုတ်တဲ့ ရခိုင်၊ မိုင်းလား၊ ရှမ်း SSA နဲ့ UWSA အဖွဲ့တွေအနေနဲ့ ဒီတိုင်းရင်းသားညီလာခံမှာ ပါဝင်လာမယ်လို့လည်း ကျနော်တို့မျှော်လင့်ထားပါတယ်” ဟု နိုင်ဟံသာက ပြောသည်။
သို့ရာတွင် အဆိုပါတိုင်းရင်းသားညီလာခံကျင်းပမည့် နေရာနှင့်နေ့ရက်ကို မသတ်မှတ်ရသေးဟု သူက ဆက်ပြောသည်။
အဆိုပါ တိုင်းရင်းသားညီလာခံအတွက် မွန်ပြည်သစ်ပါတီမှ ၄ ဦး၊ မွန်ရေးရာအဖွဲ့ချုပ် MAU မှ ၂ ဦး၊ မွန်လူမှုအဖွဲ့အစည်းများမှ ၄ ဦး၊ တတ်သိပညာရှင်တစ်ဦးတို့က မွန်တိုင်းရင်းသားကိုယ်စားပြုတက်ရောက်မည် ဖြစ်သည်။
တိုင်းရင်းသားညီလာခံရည်ရွယ်ချက်သည် မြန်မာနိုင်ငံ၏ငြိမ်းချမ်းဖြစ်စဉ်များတွင် တိုင်းရင်းသားများကိုင်စွဲရမည့် မူဝါဒများကိုချမှတ်နိုင်ရန် ညီလာခံခေါ်ဆောင်ရခြင်းဖြစ်ကြောင်း UNFC ခေါင်းဆောင်များ ပြောကြားခဲ့ကြသည်။
ယနေ့အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများအနေဖြင့် မွန်ပြည်နယ်ရှိ ပြည်သူများ၊ မွန်ပါတီများ၊ မွန်လူမှုအသင်းအဖွဲ့များနှင့်အတူ အလားတူအလုပ်ရုံဆွေးနွေးပွဲများကျင်းပနိုင်ရန် တောင်းဆိုမှုများရှိခဲ့သည်။

http://burmese.monnews.org/?p=5292
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India