August 30, 2012

လုပ်ပိုင်ခွင့်ရရင် ပြည်တွင်းမှာ နိုင်ငံရေးလုပ်မယ် (ဦးမိုးသီးဇွန်)


နိုင်ငံရေးအရ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်တွေရရင် အချိန်မေရွး ကိုယ့်တိုင်းပြည်မှာပဲ ကျရတာဝန်ကို လုပ်ဆောင်မယ်လို့ ၈၈ အေရးတော်ပုံပေါ်မှာ ထင်းရှားတဲ့ ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး လောလောဆယ် ပြည်ပမှာ နေထိုင်နေတဲ့ ဦးမိုးသီးဇွန်က ပြောပါတယ်။

ဦးမိုးသီးဇွန်နဲ့ ပြည်ပအေခြစိုက် ခေါင်းဆောင်တချို့ဟာ  ၂၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်ကို စက်တင်ဘာ ၁ ရက်နေ့ သွားရောက်တော့မှာပါ။ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ဘာတွေ လုပ်ဆောင်မလဲ၊ ပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအေခြအေနနဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

၂၄ နှစ်အတွင်းမှာ မြန်မာပြည်ကို ပထမဆုံးပြန်လေ့လာတဲ့ ခရီးစဉ်ဆိုတော့ အဓိက မြန်မာပြည်ထဲမှာ ဘာတွေလုပ်မယ်၊ ဘယ်သူနဲ့တွေ့ဖို့ရှိပါလဲ။

“အဓိက ကျေနာ်တို့ သွားတာက ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ၊ နိုင်ငံရေးအေပြာင်းအလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးဆိုတဲ့ လုပ်ငန်းစဉ်တွေ ၊ ခေါင်းစဉ်တွေ ဆွေးနွေးဖို့ သွားတာပါ။”

ဘယ်လောက်အထိ လုပ်လို့်ရမယ်လို့ မျှော်လင့်လဲ။

“ဒါကေတာ့ အေခြအေနေတွ အားလုံးကို ကျေနာ်တို့ ကြည့်ရမှာပေါ့။ ဒီလုပ်ငန်းစဉ်တွေဟာ အလွန်တရာမှ ကြီးကျယ်တဲ့  လုပ်ငန်းစဉ်တွေပါ။ ကျေနာ်တို့ တဖွဲ့တည်းနဲ့ လုပ်နိုင်မယ်လို့ မခံယူပါဘူး။ ကျေနာ်တို့ ရှိတဲ့အင်အားနဲ့လည်း မရပါဘူး။ တမျိုးသားလုံးပါ၀င်ပြီး လုပ်ဆောင်ရ မှာပေါ့။ အစိုးရေရာ၊ ဒီမိုကေရစီအင်အားစုေတွေရာ အကုန်လုံးအတူတကွ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်တော့ ဒီလုပ်ငန်းတွေက အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။”

ဦးမိုးသီးထွက်လာတဲ့ လွန်ခဲ့တဲ့ ၂၄ နှစ် အချိန်တုန်းကေတာ့ တနိုင်ငံလုံး လှည်းေနေလှေအာင်း မြင်းဇောင်းမကျန် နိုင်ငံရေးလုပ်နေကြတယ်၊ နိုင်ငံရေးအသိတွေ ရှိနေကြတယ်။ အခုအေခြအေန အေနအထားရော ဘယ်လိုမျိုး ပြောလို့ရလဲ။

“အခုအေခြအေနကလည်း နိုင်ငံရေးနိုးကြားလာပြီလို့ ပြောလို့ရတယ်။ အရင်ကနဲ့ မတူတာကေတာ့ ဒီမိုကေရစီအေရး ပြုပြင်ပြောင်းလဲမှုတွေကို လွန်ခဲ့တဲ့ ၂၄ နှစ်တုန်းက တစိုက်မတ်မတ် တောင်းရ တာလေ။ အခု သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက စပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကို သံန္နိဋ္ဌာန်ချပြီးတော့ လုပ်လာတယ်။ နောက်တခုက အထဲမှာလည်း ဒီမိုကေရစီအင်အားစုတွေက အခက်အခဲ အကျပ်အတည်းတွေကြားထဲက အေပြာင်းအလဲတွေကို ကြိုးပမ်းနေတာတွေ့တယ်။ ဒါကြောင့်မို့လို့ ၈လေးလုံးတုန်းကေတာင်းလာတဲ့ တောင်းဆိုချက်တွေနဲ့ အစိုးရကလည်း ဒီတောင်းဆိုချက်တွေကိုပဲ လုပ်ဆောင်နေတယ် ဆိုတော့ လူထုရဲ့ နိုးကြားလာမှုက ၈ လေးလုံးကနဲ့ အတူတူပဲလို့  ကျေနာ်အေနနဲ့ မြင်ပါတယ်။”

အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ ဘာတွေ ဆွေးနွေးမယ်လို့ ပြင်ထားလဲဗျ။

“ခုနက ပြောသလို တိုင်းပြည်ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည် တည်ထောင်ရေး လုပ်ငန်းတွေကို အဓိက ဦးစားပေးပြီး ဆွေးနွေးမှာပါ။ အဲဒီလုပ်ငန်းတွေ အတွက်လည်း ဒီမိုကေရစီ အင်အားစုနဲ့ရော အစိုးရနဲ့ရော အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကျေနာ်တို့အဖွဲ့က ဆုံးဖြတ်ထားပါတယ်။ အဲဒါတွေကိုပဲ ဆွေးနွေးတင်ပြမှာပါ။ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး အင်အားစု အားလုံးရဲ့ အမြင်တွေကို ကျေနာ်တို့ လေ့လာခွင့်ရမယ်လို့ ယုံကြည်ပါတယ်။”

ဘယ်အလို အေခြအေနေပးရင် ပြည်တွင်းထဲမှာ နေထိုင်ပြီး နိုင်ငံရေးကို လုပ်မယ်လို့ မျှော်လင့် ထားလဲ။

“လွန်ခဲ့တဲ့ ၂၄ နှစ်ကတည်းက တိုက်လာတာက ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ဖို့၊ ကိုယ်တိုင်းပြည်ကို ကိုယ်ပြန်တည်ဆောက်ဖို့ပဲ။ ကျေနာ်တို့တွေကို နိုင်ငံရေးအရ လုပ်ပိုင်ခွင့် ဆောင်ရွက်ခွင့်တွေ ရမယ်ဆိုရင် အချိန်မေရွး ကိုယ့်တိုင်းပြည်မှာ ပြန်ပြီးတော့ ကျရာတာဝန်ကို လုပ်မှာပါ။ ကျေနာ်တို့ ပဏာမေဆွးနွေးနေတဲ့ ဦးအောင်မင်းနဲ့ တုန်းကလည်း ဒီကိစ္စကို ဆွေးနွေးကြပါတယ်။ အဲဒီကိစ္စေတွ အားလုံးကို အဆင်ပြေမယ်လို့လည်း သူ့အေနနဲ့ မျှော်လင့်ထားတယ်။ ကျေနာ်တို့ အေနနဲ့လည်း မျှော်လင့်ထားတယ်။”

ပထမဦးဆုံး မြန်မာပြည်ကို ပြန်ရောက်ရင် ဘာကို စလုပ်မလဲဗျ။

“ပထမဆုံး ရွှေတိဂုံဘုရားကို သွားချင်တယ်။ အင်းလျားကန်မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် နှင်းဆီပန်းလေးတွေ အင်းလျားကန်ထဲကို ချချင်တယ်။ မတ်လ ၁၆ ရက်နေ့မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ အတွက်ပေါ့။ နောက်ပြီး ၀န်ကြီးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမယ်။ ရောက်ရောက်ချင်းကေတာ့ ၈၈ ပြည်တွင်းက အင်အားစုတွေက ကျေနာ်တို့ကို ဂီတေဖျာ်ဖြေမယ့်ပွဲမှာ သွားတက်မယ်။”

တခြား ဘာပြောချင်တာ ရှိလဲဗျ။

“အခု ကျေနာ်တို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေက ကျေနာ်တို့အတွက် မဟုတ်ပါဘူး။ တမျိုးသားလုံးအတွက် မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခေတွ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ပါ့မယ်။ ကျေနာ်တို့ကို အားပေးပါ။ ထောက်ခံပါ၊ ကူညီပါလို့ ကျေနာ့်အေနနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

http://burmese.dvb.no/archives/30095
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India