August 30, 2012

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ



ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော်ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရတပ်ဖွဲ့များမှ အသံချဲ့စက်အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်းကာ ပြောင်းရွှေ့သွားရန် ယနေ့မနက်တွင် လိုက်လံသတိပေးပြောဆိုခဲ့ကြောင်း ဒေသခံများပြောသည်။
သြဂုတ်လ ၂၇ ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် အစိုးရတပ်များမှ ဖားကန့်မြို့နယ်တွင်း မှော်မောင်းလယန်၊ မှော်မောင်ကုန်း၊ အင်ဗလခ၊ တောင်ပြို၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ မနား၊ ကလောမှော်၊ ပီကျောင်၊ မှော်ဝမ်းကလေး စသည့်ကျေးရွာရှိဒေသခံများအား ပြောင်းရွှေ့ရန် သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးပြောသည်။
“ဒီမနက် ၁ နာရီလောက်မှာ အဲလိုပြောတော့ ၂ နာရီခန့်ကတော့ ပစ္စည်းတွေသိမ်းပြီး တစ်ရွာလုံးက လူတွေ ပစ္စည်းတွေတင်ပြီးပြောင်းနေကြတယ်။ အခု ကျနော်တို့ ဖားကန့်မြို့ ငှက်ပျောတော ခရစ်ယာန်ဘုရားကျောင်းမှာ ရောက်နေတယ်။ ကျနော်တို့ရွာကတော့ အများပိုင်းက တနင်္ဂနွေနေ့က ပြောင်းပြီလေ။ ဒါပေမဲ့ အကုန်ပြောင်းတာက ဒီမနက်ပဲ။ ရွာမှာက ကျေးရွာကော်မတီ ၅ ယောက် ထက်ကျော်ပြီး မနေရဘူးတဲ့” ဟု မှော်မောင်းလယန်မှ ဒေသခံ တစ်ဦးကပြောသည်။
ယခုလို အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA နှစ်ဖက်စစ်ရေးအရှိန်မြင့်နေချိန် မြန်မာအစိုးရတပ်မှ ထိုသို့ ကျေးရွာများအား ပြောင်းရွှေ့ကြရန် ပြောဆို သတိပေးခြင်းသည် မကြာမီ ထိုးစစ်ဆင်တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့် အလားအလာရှိကြောင်း ဖားကန့်ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။
လတ်တလောတိုက်ပွဲများတွင် အစိုးရတပ်များ အင်အားများထပ်မံတိုးချဲ့တိုက်ခိုက်နေပြီး ရဟတ်ယာဉ်များလည်းအသုံးပြုလာကြောင်း KIO သတင်းအရသိရသည်။
တိုက်ပွဲကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှစ၍ ဖားကန့်ရှိကျေးရွာများဖြစ်သော မှော်မောင်းလယန်၊ တောင်ပြို၊ ဗလခ၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ ဆွတ်နန်ကောင်၊ စဗိခူး၊ မော်ဝမ်းကြီး၊ မော်ဝမ်းကလေး၊ မော်မောဘွမ်၊ မနားချောင်း၊ ကလောမှော်၊ ပီကျောင် စသည့်ကျေးရွာများမှ ဒေသခံစစ်ပြေးဒုက္ခသည်များသည် လုံခြုံရာ ဖားကန့်မြို့ပေါ်သို့့ ထွက်ပြေးတိမ်းရှောင်လာကြသည်။
ထိုသို့ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များသည် ထပ်၍တိုးလာနေသောကြောင့် ယခုချိန်တွင်  ဒုက္ခသည်ပေါင်း ၆၀၀၀ ကျော်ရှိနေပြီး ၄င်းတို့အတွက် အရေးပေါ်ကူညီထောက်ပံ့များလိုအပ်နေကြောင်း ဒုက္ခသည်များအား ကူညီပေးသူများပြောသည်။
ယခုချိန်တွင် ဒုက္ခသည်များကို အသင်းတော်များနှင့် ကျောက်ကုန်သည် လောပန်းအချို့ ကူညီနေပြီး အကူညီမှုများဆက်လက်လိုအပ်နေချိန်တွင် နောက်ထပ် ကျေးရွာ ၁၁ ရွာမှ ဒေသခံများကို တိမ်းရှောင်သွားကြရန် အစိုးရစစ်တပ်မှ လိုက်လံသတိပေးခဲ့ခြင်းဖြစ်သည်။
ဖားကန့်ဒေသသည် အဖိုးတန်ကျောက်စိမ်းများ ထွက်ရှိရာ ဒေသဖြစ်ပြီး မြန်မာနိုင်ငံအတွက်ဝင်ငွေ အကောင်းဆုံးရရှိသောဒေသလည်းဖြစ်ကာ တူးဖော်ရရှိသောကျောက်များကို ရန်ကုန်မြို့တွင်လည်း ကျောက်မျက်ရတနာအရောင်းပြပွဲများ နှစ်စဉ်ကျင်းပလေ့ပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်းချီဝင်ရရှိသောနေရာဖြစ်ကြောင်း သိရသည်။

 http://kachinnews.com/burmese/news/926-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%9B%E1%80%BD%E1%80%AD-%E1%80%B1%E1%80%80%E1%80%BA%E1%80%B8%E1%80%9B%E1%80%BC%E1%80%AC-%E1%81%81%E1%81%81-%E1%80%9B%E1%80%BC%E1%80%AC%E1%80%9B%E1%80%BD%E1%80%AD-%E1%80%B1%E1%80%92%E1%80%9E%E1%80%81%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%90%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%BD%E1%80%AC%E1%80%84%E1%80%B9%E1%80%9B%E1%80%94%E1%80%B9-%E1%80%9E%E1%80%90%E1%80%AD%E1%80%B1%E1%80%95%E1%80%B8%E1%80%B1%E1%81%BE%E1%80%80%E1%80%BB%E1%80%84%E1%80%AC.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India