August 31, 2012

တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲ

ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဖားကန့်မြို့နှင့် နှစ်မိုင်အကွာ ဆိုင်းဂျာဘွမ် ကျေးရွာရှိ ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီပိုင် လောင်စာဆီ သိုလောင်ရုံထဲသို့ လက်နက်ကြီး ကျကာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ဖွဲ့များနှင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း ၂ နရီမှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ညနေ ၅ နာရီခွဲချိန်တွင် အဆိုပါ သိုလောင်ရုံပေါက်ကွဲခဲ့သဖြင့် ဖားကန့်မြို့ တမြို့လုံး တုန်ခါသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“လက်နက်ကြီး သွားကျတာလေ။ ကျည်ဆံက ယမ်းတိုက်ပေါ်မှာ သွားကျတာ။ ဝေအောင်ကမ္ဘာ မိသားစု အကျိုးတူ ကုမ္ပဏီလေ။ အဲဒီကုမ္ပဏီရှိတဲ့ နေရာက နှစ်ဖက် တပ်တွေရဲ့ အလယ်မှာ ဖြစ်နေတယ်။ အဲတော့ ယမ်းတိုက်ပေါ်ကျတဲ့ လက်နက်ကြီး ကျည်ဆံက ဘယ်ဘက်က ကျည်ဆံဆိုတာ ခန့်မှန်းလို့ မရဘူးလေ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဖားကန့်ရုံး တာဝန်ခံ ဦးခင်မောင်ချင်း က ပြောသည်။

ပေါက်ကွဲမှုနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံရွာသားများမှာ ဖားကန့်မြို့ပေါ် ပြောင်းရွှေ့သွားကြသဖြင့် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

“သူတို့လည်းပစ်၊ ကျနော်တို့လည်း ပစ်ဆိုတော့ ဂိုဒေါင်ထဲက ခဲယမ်းတွေ ပေါက်သွားတယ်။ ဒီမနက် ပြန်သွားကြည့်
တော့ အပိုင်းအစတွေပဲ တွေ့ရတယ်” ဟု KIO ၏ ရှေ့တန်းမှ အရာရှိတဦးက ပြောသည်။ ကုမ္ပဏီဝင်းအတွင်း
မြေတူးစက်ကြီး (ဘက်ဖိုး) ငါးစီးနှင့် တချို့ ကားကြီးများ အပါအဝင် ၁ဝ ထက်မနည်း ပျက်ဆီးဆုံးရှုံးသွားသည်ကို
တွေ့ရပြီး သေဆုံးမှုအချို့လည်း တွေ့ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် ဖားကန့်မြို့နယ် ရဲစခန်းသို့ မဇ္စျိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “အဲဒါ ကျနော်တို့ မသိပါဘူးခင်ဗျာ” ဟု စခန်းမှ ဒု-ရဲအုပ် တဦးက ဖြေကြားခဲ့သည်။

ယင်းပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် အရောင်းအဝယ်နှင့် စက်ယန္တယားများ ရပ်ဆိုင်းထားရသည်ဟု သိရသည်။

အစိုးရ တပ်အင်အား ၃ဝဝ ခန့် ထိုးစစ်ဆင်လာရာမှ သြဂုတ်လ ၂၇ ရက်နေ့က ရှစ်နာရီကြာ တိုက်ပွဲတွင် အနည်းဆုံး ၈ဝ ခန့် ထိခိုက်ဒဏ်ရာရကာ ဗိုလ်မှူးတဦး၊ ဗျူဟာမှူးတဦး ကျဆုံးခဲ့သည်ဟု KIO အရာရှိက ဆိုသော်လည်း သီးခြား အတည်ပြုချက် မရယူနိုင်သေးပါ။

KIO တပ်နှင့် ပေ ၁,ဝဝဝ အကွာအဝေးရှိ မျောက်ဖြူကျေးရွာ အနီးတွင် အစိုးရတပ်ဖွဲ့များ ရှိနေသဖြင့် နှစ်ဖက်တင်းမာ
နေဆဲ ဖြစ်သည်ဟု ထိုအရာရှိက ပြောသည်။

ဖားကန့်ရှိ ကုမ္ပဏီအချို့က KIO ၏ တပ်ရင်း ၆ လက်အောက်ခံ လမောင်ကုန်း စခန်းအား သိမ်းယူရန် နေပြည်တော်ထိ သွားရောက်၍ တိုက်တွန်းမှုများ ရှိသည်ဟု သတင်းရရှိကြောင်း “အကျိုးတူကုမ္ပဏီ စီးပွားရေးလုပ်ငန်းရှင် ခြောက်ခုက ဒီနေရာကို ရှင်းပေးဖို့ နေပြည်တော်ထိ သွားပြောထားတယ်။ ဒါကြောင့် သူတို့က ကုမ္ပဏီတွေရဲ့ ကြေးစားလို စီးပွားရေး သမားတွေရဲ့ စကားကို နားထောင်ပြီး လုပ်လာတယ်ဆိုတော့ ကျနော်တို့လည်း စောင့်ကြည့်ပြီး ခုခံတိုက်နေတာ ခုလို ဖြစ်သွားတာပဲ” ဟု KIO အရာရှိက ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့မှစတင်၍ KIO တပ်နှင့် အစိုးရတပ်များအကြား တင်းမာမှုများ ရှိခဲ့ရာ မှော်မောင်ကုန်း၊
တောင်ပြို၊ သူဌေးချောင်း၊ ဆိုင်းဂျာဘွမ်၊ မနားချောင်း၊ ဗလခ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ ရှရော်ခ၊ ဇွပ်ငိုင်၊
မျောက်ဖြူ၊ မှော်မောင်းလယန် စသည့် ရွာများမှ ဒုက္ခသည်များ ဖားကန့်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဘုန်းကြီးကျောင်းနှင့် ဘုရားရှိခိုးကျောင်း များ၌ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်း ၃၁ တွင် လူဦးရေ ၉,ဝဝဝ ကျော် ရှိနေပြီ ဖြစ်ကြောင်း ဖားကန့် NLD ရုံးမှ ဦးခင်မောင်ချင်း က ပြောသည်။

NLD ပါတီက စစ်ပြေးဒုက္ခသည်များအတွက် ဆန် ၂၇ဝ အိတ်နှင့် ကျပ်ငွေ ၂၈ သိန်းကျော် ဗုဒ္ဓဟူးနေ့တွင် လှူဒါန်းခဲ့ပြီး လက်ရှိတွင် ဒေသခံ လူမှုအဖွဲ့အစည်းများသာ ကူညီ ထောက်ပံ့ပေးနေသည်ဟု ၎င်းက ဆိုသည်။

http://mizzimaburmese.com/news/inside-burma/9995-2012-08-30-13-04-27.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India