August 30, 2012

လွှတ်တော်တွင်း အသံတိတ်နေဆဲ မြောက်ပိုင်းတိုက်ပွဲသံများ

လွှတ်တော်တွင်း အသံတိတ်နေဆဲ မြောက်ပိုင်းတိုက်ပွဲသံများ

တစ်နှစ်ကျော် ကာလအတွင်း တိုက်ပွဲပေါင်း တစ်ထော င်ကျော် ဖြစ် ပွား ခဲ့ပြီး စစ်ပြေးဒုက္ခသည် သောင်းနှင့်ချီရှိနေကာ စစ်အသုံး စရိတ်များစွာ ကုန်ကျနေသော က ချင်စစ်ပွဲများနှင့် ပတ်သက်၍ ကျင်း ပနေဆဲ လွှတ်တော်များတွင် ယနေ့ အထိ ကျယ်ကျယ်ြ ပန့်ပြန့် ဆွေး နွေးခဲ့ခြင်း မရှိသေးပေ။


နိုင်ငံတကာစောင့်ကြည့် လေ့ လာသူများက မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေးတွင် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ရှုမြင်ကြ သော ကချင်တိုက်ပွဲများအရေးကို ကျင်းပနေသော လွှတ်တော်များ တွင် အဓိကထားဆွေးနွေးလိမ့် မည်ဟု လွှတ်တော်အစည်းအ ဝေးများ မစမီက ခန့်မှန်းခဲ့ကြ သော်လည်း ယခုဇူလိုင်တွင် စတင် ခဲ့သည့် လွှတ်တော်အစည်းအဝေး များ ခေတ္တရပ်နားတော့မည့်အ ချိန် အထိ ရေရေရာရာ ဆွေးနွေး ခြင်း မရှိသေးပေ။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးဖော်ဆောင် ရာ၌ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းဆယ်ဖွဲ့နှင့
် အ ပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်များ လက်မှတ်ရေးထိုးနုိင်ခဲ့ပြီဖြစ်သော်လည်း ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) ကျန်ရှိနေ သေးသည်။

မြန်မာနိုင်ငံ၏ အရေးကြီး သော ပြဿနာဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများဖြစ်ပွားလာခဲ့ သည်မှာ သြဂုတ်လ ၂၇ ရက်ထိ ဆိုလျှင် ရက်ပေါင်း ၄၄၇ ရက်ရှိပြီဖြစ်သည်။ ထိုရက်များအတွင်း တိုက်ပွဲပေါင်းထောင်ချီ ဖြစ်ပွားခဲ့သော ကြောင့် ကချင်ပြည်နယ်တွင်းရှိခုနစ်ေသာင်းသော ပြည်သူများနှင့် ရှမ်းပြည်နယ်မှ သုံးထောင်ကျော် သော ပြည်သူများမှာ စစ်ဘေး ဒုက္ခသည်ဘဝဖြင့် ထွက်ပြေးတိမ်း ရှောင်နေကြရသည်။

ကချင်စစ်ပွဲများသည် မြန်မာ ပြည်တွင်း ဖြစ်ပွားခဲ့သော စစ်ပွဲ များအနက် စစ်အသုံးစရိတ် အ ကြီးမားဆုံး ဟု နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများက ခန့်မှန်းသုံး သပ်နေကြသော်လည်း ယခုအ ချိန်ထိ စစ်အသုံးစရိတ်အပါအဝင်စစ်ပွဲနှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်များကိုမူ မည် သူမျှတိ ကျရေရာစွာ မထုတ်ပြန်ပေ။

နိုင်ငံတော်သမ္မတက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် မိမိ ကိုယ်ကို ခုခံကာကွယ်ခြင်းမှလွဲ၍ ထိုးစစ်ဆင်ခြင်းမပြုရန် ညွှန်ကြား ချက်ထုတ်ခဲ့သော်လည်း တိုက်ပွဲ များ ရပ်တန့်သွားခြင်းမရှိဘဲ ၂၀၁၂ ခုနှစ် ဧပြီလဆန်းမှ စတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာပြီး စစ် ဘေးဒုက္ခသည် အရေအတွက်မှာ လည်း ခုနစ်သောင်းနီးပါး ရှိလာသည်။

ပြီးခဲ့သော သြဂုတ် ၂၀ ရက် က ပြည်သူ့လွှတ်တော်တွင် တိုက် ပွဲများနှင့် ပတ်သက်၍ ရှမ်းပြည် နယ်မြောက်ပိုင်း၊ မိုင်းရယ်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးစိုင်းသီဟကျော်က တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြား အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးသော်လည်း မည် သည့်အတွက်ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ သည် ကို မေးမြန်းခဲ့သည်။

ထိုမေးမြန်းချက်ကို ပြည် ထောင်စု ငြိမ်းချမ်းရေးနှင့် ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု တိယဥက္ကဋ္ဌ ဦးအောင်မင်းက တိုင်း ရင်းသားလက်နက်ကိုင် အရေးကိစ္စ များမှာ လွတ်လပ်ရေးရပြီးချိန်မှ စတင်ဖြစ်ပွားခဲ့သော ကိစ္စများဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့သော ပြဿနာများကို တစ်

ရက်တည်း၊ တစ်ထိုင်တည်း ဖြေရှင်းရန် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး ဖော်ဆော င်ရာတွင် တိုင်းဒေသကြီးအဆင့်နှင့် ပြည်နယ်အဆင့်၊ ပြည်

ထောင်စုအဆင့်နှင့် ပြည်ထောင်စုလွှတ်တော်အဆင့်ဟူ၍ သုံးဆင့်ဖြင့် ဆောင်ရွက်ရန် သမ္မတက လမ်းညွှန်ထားကြောင်း ရှင်းပြခဲ့သည်။ ရှမ်းပြည်နယ်အတွင်း ဖြစ် ပွားခဲ့သည်များမှာ လုပ်ငန်းစဉ် တွင်ပါသော နှစ်ဖက်တပ်များ နေ ရာချထားရေး မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံးများ မဖွင့်လှစ်နိုင် သေးခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ၎င်းင်းက သုံးသပ်သွားသည်။

ရှမ်းပြည်နယ်နှင့် ပတ်သက် ၍ ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်းကို ရှင်းလင်းပြောကြား သွားကာ ကရင်အဖွဲ့ဖြစ်သော ကေအင်န်ယူနှင့် ပတ်သက်ပြီး အ နည်းငယ်ရှင်းလင်း ပြောကြားသွား သော်လည်း ကချင်စစ်ပွဲများကိစ္စနှင့် ပတ်သက်၍မူ တိတိပပ ပြောကြားသွားခြင်း မရှိသဖြင့် ကချင်လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ မချင့် မရဲဖြစ်ခဲ့ရသည်။

''ကချင်ကိစ္စကို ရှင်းရှင်းလင်း လင်း ပြောမသွားဘူး။ ဒီကိစ္စကို တင်ပြဖို့ အချိန်နည်းနည်း စောင့်ကြည့်ေ နတာပါ။ လက်ရှိမှာ အောက်ခြေမှာ မတည်မငြိမ်ဖြစ်နေတယ်။ ဒီကိစ္စတွေကို ကာကွယ်ရေးဦး စီးချုပ်က လာပြီးဖြေရှင်းပေး ရမှာဖြစ်ပေမယ့် ပြည်သူတွေသိ အောင် ဖြေရှင်းမပေးတဲ့အပေါ် စိတ်မကောင်းဘူး''ဟု ကချင်တိုင်း ရင်းသူ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ဒွဲဘူက 7Day News၏ မေးမြန်းချက် ကို ဖြေကြား သည်။

ရခိုင်တိုင်းရင်းသား အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကမူ ''တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ််ရေးဦးစီးချုပ်တို့ဆိုတာ ကာကွယ်ရေး လုံခြုံရေးကောင်စီနဲ့ပဲ ဆိုင်တယ်ထင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့ကိုယ်စား ၀န် ကြီးတွေက ဖြေတာပဲရှိတယ်။ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေနဲ့ စစ်တပ်နဲ့ တိုက်ပွဲအချို့ပြန်ဖြစ်တာ ကိုတော့ နည်းလမ်းတစ်ခုရှာ ဖြေ ရှင်းသင့်တယ်။ သူတို့ပြောသလို အထက်အမိန့်က အောက်ခြေကို မရောက်လို့ဆိုတာကို ကျွန်တော် လုံးဝလက်မခံဘူး။ လက်နက်ကိုင် အဖွဲ့ဟာ အဲဒီလို အမိန့်စီးဆင်းမှု မထိရောက်ရင် ပြိုကွဲသွားမှာပေါ့'' ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

လွှတ်တော်နှင့် ပြည်ထောင် စုအစိုးရအဖွဲ့ ဆက်သွယ်မှုအဖြစ် လွှတ်တော်မှ မေးခွန်းမေးမြန်းခြင်း များအား သတ်မှတ်စည်းကမ်း နည်းလမ်းများနှင့်အညီ ဖြေကြား နိုင်ခြင်းကို ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ ဖြေကြားနိုင်သည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) တွင် တပ်မတော်၏အခန်းကဏ္ဍကို ''နိုင်ငံတော်အတွင်းရှိလက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှု

အောက်တွင်ရှိရမည်၊ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်'' ဟု ဖော်ပြထားသည်။

''ခုနောက်ပိုင်းမှာတော့ တိုက် ပွဲတွေ ပိုဖြစ်လာတယ်။ အဲဒါဟာ ဘာကိုပြသလဲဆိုတော့ အုပ်ချုပ် ရေးပိုင်း မှာ ပြဿနာရှိနေတာကို တွေ့ရပါတယ်။ အထက်ကအမိန့် ကို အောက်ကမနာခံတာကို ပြ တယ်။ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆို စစ်တပ်ရဲ့အခန်းကဏ္ဍအများ

ကြီးပါတာကို တွေ့ရတယ်'' ဟု အ သက် ၄၀ အရွယ် နိုင်ငံသားတစ် ဦးဖြစ်သူ ဦးဇော်မင်းကျော် က ပြောကြားသည်။

ကချင်ပြည်နယ်ရှိ စစ်ပွဲနယ် မြေများသို့ ပြီးခဲ့သော လအနည်း ငယ်က သွားရောက်ခဲ့သလို အစိုး ရအဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီဝင် ၀န်ကြီးများနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမြအေးက ''ဒီလို လက် နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဖြစ်တဲ့ ကိစ္စ တွေကို တာဝန်အရှိဆုံးဖြစ်တဲ့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု တိယတပ်မတော် ကာကွယ်ရေးဦး စီးချုပ်တို့က လွှတ်တော်ထဲမှာ လာ ရောက်မဖြေရှင်းဘူးဆိုတာ အခြေ ခံဥပဒေမှာ ကိုက ပြဿနာဖြစ်နေ တာ။ တခြားနိုင်ငံတွေမှာဆို ကာ ကွယ်ရေးဦးစီးချုပ်က ကာကွယ် ရေးဝန်ကြီး ရဲ့ အောက်မှာရှိတယ်။ ဒီမှာတော့ တပ်ချုပ်က ကာကွယ် ရေးဝန်ကြီးရဲ့ အထက်ကို ရောက် နေတယ်''ဟု သုံးသပ်သည်။

ကိုမြအေးက ငြိမ်းချမ်းရေး ရ နိုင်ရန်မှာမူ တွေ့ဆုံဆွေးနွေးရေး သာလျှင် တစ်ခုတည်းသော လမ်း ကြောင်းဟု ထင်မြင်ယူဆသည်။

အစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းလိုက်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေး အဖွဲ့(ကေအိုင်အို)တို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို သုံးကြိမ် တိုင် ပြုလုပ် ခဲ့ပြီးဖြစ်ေ သာ်လည်း မအောင်မြင်သေးပေ။ သို့သော် ယခု ရက်ပိုင်းအ တွင်း လေးကြိမ်မြောက် တွေ့ဆုံ

ဆွေးနွေးရန် တွေ့ဆုံမည့်နေရာစတင်ညှိနှိုင်းနေကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြော သည်။

စတုတ္ထအကြိမ်မြောက် တွေ့ ဆုံဆွေးနွေးမှု မဖြစ်သေးသော် လည်း သြဂုတ်လ နောက်ဆုံးပတ် တွင် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် အသစ်ဦးရေ ခြောက်ထောင်ကျော်ခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ပြန်ပို့ေသာ စစ်ဘေးဒုက္ခသည်ဦးရေမှာလည်း လေးထောင်ကျော်ရှိပြီး ယင်းတို့အတွက် နေထိုင်ရေး၊စားသောက်ရေးနှင့် မကြာမီရောက်

ရှိတော့မည့် ဆောင်းရာသီအတွက်အအေးဒဏ်ခံနုိင်ရန် စသဖြင့် ဒုက္ခ သည်များအရေးမှာ အစိုးရအဖို့ကြီးမားသည့် ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်သည်။

၁၉၉၄ ခုနှစ်မှ စတင်ကာ ၂၀၁၁ အထိ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့သော ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် နယ်ခြားစောင့် တပ်ကိစ္စကြောင့် နှစ်ဖက်တင်းမာ ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ရာ ယနေ့တိုင်ပင်ဖြစ်သည်။

သမ္မတဦးသိန်းစိန်က ၂၀၁၂ မေ၁ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ေဆာင် ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်းလိုက်ပြီး သမ္မတကိုယ်တိုင် ဗဟိုကော်မတီ တွင် ဥက္ကဋ္ဌအဖြစ် ပါ၀င်၍ လုပ် ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က တာဝန်ယူပြီး ကာကွယ်ရေး ဦးစီးချုပ်မှာ ဒုဥက္ကဋ္ဌအဖြစ် ပါ၀င် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံသားအချင်းချင်း တိုက် နေကြသော ပြည်တွင်းစစ်မီး ချုပ် ငြိမ်းသွားအောင် အစိုးရအဖွဲ့ဖြစ် စေ၊ လွှတ်တော်ကပင်ဖြစ်စေ၊ မည် သည့်မဏ္ဍိုင်ကဖြစ်စေ စွမ်းဆောင် နိုင်ခဲ့မည်ဆိုလျှင် သမိုင်းဝင် ငြိမ်း ချမ်းရေး အကျိုးဆောင်အဖြစ် မှတ်ကျောက်တင်ခံရမည်ဖြစ်သည်

ကမ္ဘာ့အရှည်ကြာဆုံး ပြည် တွင်းစစ်များဖြစ်ပွားခဲ့သော နိုင်ငံ အဖြစ်မှ ပြည်တွင်းစစ်မီးချုပ်ငြိမ်း သွားပါက မြန်မာပြည်သူတိုင်းတောင့်တလျက်ရှိသော ဒီမိုကရေစီနိုင်ငံသစ်အဖြစ်သုိ့ ရောက်ရှိမည် မှာ မလွဲပေ။
 
http://myanmartharkaung.blogspot.com/2012/08/blog-post_3023.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India