August 26, 2012

KNU နဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ရက်ရွှေ့ဆိုင်း

012-08-25
KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့တို့ ကရင်ပြည်နယ် ဖားအံမြို့မှာ သြဂုတ်လ (၂၇) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာ တွေ့ဆုံ ဆွေးနွေးမယ့် ကိစ္စကို အစိုးရဘက်က အကြောင်းပြချက် တစုံတရာ ပေးခြင်းမရှိဘဲ မနေ့က ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။

RFA
မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေးရန် ဖားအံမြို့သို့ မထွက်ခွာမီ KNU ကိုယ်စားလှယ်အဖွဲ့ကို မဲဆောက်မြို့တွင် တွေ့ရစဉ်။
အခုလို ရုတ်တရက် အစီအစဉ်ပြောင်းသွားတာကို KNU ဘက်က နားလည်နိုင်ပေမယ့် KNUအ ဖွဲ့ကို ကြိုဆိုကြမယ့် ပြည်တွင်းက ကရင်ပြည်သူတွေ အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ တတိယအကြိမ် ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အတွက် KNU က ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း KNU ပြောခွင့်ရသူ မနော်မေဦးက RFA ကို ပြောပါတယ်။
"ကျွန်မတို့ သိရသလောက် လူထုကလည်း စောင့်မျှော်နေကြတယ်။ ပြင်ဆင်ထားကြတယ်။ KNU ကိုကြိုဆိုဖို့အတွက်။ ဖားအံမှာရော၊ ရန်ကုန်မှာရော၊ ဒေသတလျှောက်မှာပေါ့နော်။ ဒီလို ရုတ်တရက် အစီအစဉ် ပြောင်းသွားတော့ သူတို့လည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ ကျွန်မတို့လည်း စိတ်မကောင်းဘူး။ ဒါပေမဲ့ ကျွန်မတို့ ပြောချင်တာက ဒါမျိုးက ဖြစ်တတ်တယ်။ အစိုးရဘက်ကလည်း အစိုးရက ဦးဆောင်ပြီးတော့ လုပ်နေတဲ့ အလုပ်မှာ အလုပ်တွေက အများကြီးရှိတော့။ ဘယ်လိုပဲ ဖြစ်ဖြစ် KNU ဘက်က သဘောထားတာကတော့ အစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးပြီးတော့ တတိယအကြိမ် ဆွေးနွေးညှိနှိုင်းပွဲ အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားသွားမယ်။"
ဖားအံမြို့က အခုတကြိမ် ဆွေးနွေးပွဲမှာ အပစ်ရပ်မယ့် နှစ်ဖက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ် စည်းကမ်းတွေကို အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး  KNU ပြောခွင့်ရသူ မနော်မေဦးကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

http://www.rfa.org/burmese/news/knu-government-3rd-meeting-posponed-08252012114055.html

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India