August 25, 2012

ဧရာဝတီ သတင်း အပေါ် RCSS ပြောခွင့် ရသူက ပယ်ချ

Sai-Lao-Hseng-SSA-300x232ပြီးခဲ့သည့် သီတင်းပတ်က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကိုယ်စားလှယ်တချို့သည်  ဦးအောင်မင်းတို့နှင့် နေ ပြည်တော်တွင် သွားရောက် တွေ့ဆုံခဲ့သည်ဟု ဧရာဝတီ၌ ရေးသားထားသည့် သတင်းမှာ မဟုတ်မမှန်ကြောင်း RCSS ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောင်ဆိုင်း ကဆိုပါသည်။
“ ကျနော်ပြောထားတာက ဧရာဝတီမှာ ရေးထားသလို မဟုတ်ဘူးဗျ။ ကိုယ်စားလှယ် လွှတ်တာလည်း မရှိဘူး။ ဦးအောင်မင်း အဲဒီလို ပြောပါတယ် ဆိုတာလည်း မရှိဘူး။ အဲဒီတော့ သတင်းထောက်တွေကလည်း မလွယ်ဘူးဗျာ။ အပြောတခြား အရေး တခြားပါဘဲ။ အခုရေးထားတဲ့ http://burma.irrawaddy.org/archives/18484 အဲဒီအချက်တွေက မဟုတ်ဘူးဗျ။ သူနဲ့ အင်တာဗျူးခဲ့တာတော့ ရှိတယ်။ အဲဒီအမေးမျိုးလည်း သူ မမေး ခဲ့ဘူးဗျ။ ကျ နော်က သူ့ကိုရှင်းပြနေတာက အပစ်အခတ် ရပ်စဲရေး လိုချင်တာလည်း အစိုးရလူကြီးတွေဘဲ၊ ပြီး တော့ အောက်ခြေတပ်တွေကို ဆက် တိုက်ခိုင်းနေတာကလည်း အဲ ဒီလူ ကြီးတွေဘဲဆိုတော့ သူတို့အပေါ်မှာ ကျနော် နားမလည် နိုင်တော့ဘူးဗျာ လို့ပြော တာဖြစ် ပါတယ်၊ လူလွှတ်တဲ့ ကိစ္စ ဆိုရင် ကျနော်လုံးဝ မပြောခဲ့ရဘူး” ဟုဆိုပါသည်။
ဧရာဝတီမှာ တင်ပြထားသည်မှာ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) နှင့် အစိုးရအကြား သဘောတူညီမှု ရရှိထား သည့် အချက်များကို ဆက်လက် အကောင်အထည် မဖော်ဆောင် ပေးနိုင်သေး သောကြောင့် အားနာမိကြောင်း အစိုးရပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြောင်း ဟုရေးသားထားပါ သည်။
ထို့အပြင် “ကျနော်တို့ သဘောတူညီချက် ထဲမှာ ပါတဲ့ အချက်အလက်တွေအားလုံး ယနေ့အထိ ဘာမှ အကောင်အထည် ဖော်ဆောင်နိုင်တာ မရှိဘူး။ အဲဒီ ကိစ္စ တွေကို လည်း ဦးအောင်မင်းက ချက်ချင်းကြီး လိုအပ်သလို စိတ်တိုင်းကျ အကောင် အထည် မဖော်ဆောင် ပေးနိုင်သေး တာကို သူအနေနဲ့ အားနားတဲ့အကြောင်း ပြောပါတယ်” ဟုလည်း ကိုးကား ထားပါသည်။  ဤစကားသည် အခြေအနေအားလုံးရှင်းပြပေးခဲ့သည့် စကား ထဲကသာ ဖြစ်ကြောင်း၊ ယခု ခရီးစဉ်မှ ရလာသော စကားဟန် နှှင့် သတင်းထောက်မှ ရေးသားထားမှုသည်၊ မရိုးသားကြောင်း ဗိုလ်မှူး က ဆိုပါသည်။
“ ဒီသတင်းထောက်ကတော့ သူဆင်ထားတဲ့ သတင်းမျိုးဖြစ်အောင် ဘောင်ဝင်အောင် ကျနော့်ကို အသုံးချ လိုက်တာ ဖြစ်ပါ တယ်။ လုံးဝမဟုတ်တဲ့ အရာကို ဟုတ်တယ်လို့ ရေးရဲတဲ့ သတင်းထောက်၊ အခုလိုမျိုးပေါ်သွားရင် ဘယ်လိုရင်ဆိုင်မလဲ ထည့် မတွက်တဲ့ သတင်းထောက်မျိုးဆိုတော့ သိပ်မလွယ်ဘူး။ နောက်ဆို သတင်းထောက်တွေ အပေါ် အယုံအကြည် မရှိတော့ ဘူး” ဟု ဗိုလ်မှူး ကဆိုပါသည်။
သတင်းထောက်ဆိုသည်မှာလည်း အချက်အလက်အရ နဲနဲပါးပါး လွဲတတ် ပါသည်။ လုံးဝ လွဲသွားတတ်သည့် သတင်းမျိုး လည်း ရှိတတ် သော်လည်း ရည်မှန်းချက်တခုအတွက် အင်တာဗျူးကို အသုံးချတတ်သည့် သတင်းထောက်မျိုးတော့ မဖြစ်သင့်ကြောင်း ဝေဖန်သူများက ဆိုပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2044--rcss-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India