September 30, 2012

သမ္မတ ဦးသိန်းစိန် မြန်မာမီဒီယာများနဲ့ အမေးအဖြေ (ရုပ်သံ)

သမ္မတ ဦးသိန်းစိန် မြန်မာမီဒီယာများနဲ့ အမေးအဖြေ (ရုပ်သံ)

စက်တင်ဘာ ၂၉ ရက်က နယူးယောက် မြန်မာမိသားစုတွေ တွေ့ဆုံပွဲမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ တင်ပြရှင်းလင်းချက်များနဲ့ ဖြေကြားချက်များ (အသံ)

စက်တင်ဘာ ၂၉ ရက်က နယူးယောက် မြန်မာမိသားစုတွေ တွေ့ဆုံပွဲမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ တင်ပြရှင်းလင်းချက်များနဲ့ ဖြေကြားချက်များ (အသံ) 

 

 

ဒုက္ခသည်ကလေးများ ကာကွယ်စောင့်ရှောက်ရေး သင်တန်းပြုလုပ်

ကရင်နီဒုက္ခ္ခသည် အမှတ် (၁) စခန်းမှာ ဒုက္ခသည် ကလေးတွေ ကာကွယ် စောင့်ရှောက်ရေးအတွက် (Child Protection) အဖွဲ့ နှင့် ကက်သလစ်အရေးပေါ် လူမှု ကယ်ဆယ်ရေး (COERR ) အဖွဲ့ တို့ ကနေပြီး သင်တန်း ပြုလုပ်ခဲ့ကြပါတယ်။  
အဓိကအားဖြင့် ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည် ကလေးတွေ အကာအကွယ် ပေးနိုင်ဖို့ အတွက် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
ဒီသင်တန်းကို အဓိက အားဖြင့် (COERR) ဝန်ထမ်းအဖွဲ့ဝင်တွေကို ပို့ချပေးနေတာဖြစ်ပြီး လူဦးရေ ၂၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ ကြပါတယ်။

ကရင်နီဒုက္ခ္ခသည် အမှတ် (၁) စခန်းမှာ ပြုလုပ်ခဲ့သော ဒုက္ခသည်ကလေးများ ကာကွယ်စောင့်ရှောက်ရေး သင်တန်း (ဓါတ်ပုံ-ကေတီ)
“အဓိက ကတော့ COERR ဝန်ထမ်းတွေကို ကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို အကာအကွယ် ပေးရမလဲ ဆိုတဲ့ စွမ်းရည်ပိုင်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အရည် အချင်းတွေကို မြှင့်တင်ပေး ချင်တာရယ်၊ ပြီးတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးတွေ၊ အကာအကွယ် မဲ့နေတဲ့ ကလေးတွေ အတွက် ဘယ်လို ကိုင်တွယ် ဖြေရှင်း ရမလဲ ဆိုတာတွေကို မြှင့်တင်ပေးဖို့ပါ” ထိုင်းမြန်မာ နယ်စပ်တလျောက် ဒုက္ခသည် စခန်း ၉ ခုလုံးမှာ ရှိတဲ့ ကလေးများ ကာကွယ်ရေး နဲ့ပတ်သက်ပြီး Child protection specialist  ပွန်ဆန်သီယ ကနေပြီး သင်တန်းပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြသွားတာပါ။
COERR နဲ့ ကလေးကာကွယ်ရေး အဖွဲ့တို့ လက်တွဲလုပ်လာတဲ့ ကာလဟာ ရ နှစ်ခန့်ရှိနေပါပြီ။ အဲ့ဒီ ရ နှစ်အတွင်းမှာ ကလေးများအား လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု၊ မိဘများမှ လျစ်လျူရှုမှုတွေ စတဲ့ ကိစ္စရပ်တွေလည်း တချို့သော စခန်းတွေမှာ တဖြည်းဖြည်းနဲ့ တိုးလာတယ်လို့လည်း ပြောပါတယ်။
ကက်သလစ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (COERR ) မှ ကွင်းဆင်း မန်နေဂျာဖြစ်တဲ့ Benjawan Maliwan ကနေပြီးတော့ ထိုင်းဥပဒေက ဒုက္ခသည်ကလေးများ အတွက် ဘယ်လို အကာအကွယ်ပေးထားလဲ ဆိုတာကို အခုလိုရှင်းပြ သွားပါတယ်။
“၁၉၈၉ ခုနှစ် ထိုင်းနိုင်ငံ ရဲ့ ကလေးများရဲ့အခွင့် အရေး ကာကွယ်ဖို့ ရေးထိုးထားတဲ့ စာချုပ်အရ ဆိုရင် ကလေးတွေ အားလုံး၊ ထိုင်းနိုင်ငံသားပဲဖြစ်ဖြစ်၊ ဒုက္ခသည် ကလေးပဲ ဖြစ်ဖြစ်၊ သူတို့ကို ဒီစာချုပ် (Child’s Right Protection) ရဲ့ အကာအကွယ်အောက်မှာ ရှိနေရမှာပါ။ တကယ်လို့ ကလေးအခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာရင်တော့ ဒီထိုင်းဥပဒေ အတိုင်းသွားရမှာပါ” လို့ ပြောပါတယ်။
COERR အဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်တလျောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းများ အားလုံးမှာ လူမှုရေး ဆိုင်ရာကယ်ဆယ်မှု လုပ်ငန်းများ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းတွေကို ပြုလုပ်နေတဲ့ အဖွဲ့အစည်းတခု လည်းဖြစ်ပါတယ်။
သင်တန်းကို စက်တင်ဘာလ ၂၇၊ ၂၈ ရက် ၂ ရက်သာ ပို့ချခဲ့တယ်လို့ သိရပါတယ်။

http://www.ktimes.org/index.php/news/334-2012-09-30-05-33-55

ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့် ကြည့်နိုင်ဖို့ တရားဝင်အဖွဲ့ ဖွဲ့စည်းရန် လိုအပ်

ကရင်နီပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင်လေ့လာ စောင့်ကြည့်နိုင်မည့် Monitoring အဖွဲ့ ဖွဲ့စည်းနိုင်ဖို့နဲ့ နည်းလမ်း အကောင်အထည် ရှာဖွေဖော်ထုတ် နိုင်ဖို့အတွက် ပြည်တွင်းပြည်ပ လူမှုအခြေပြု အသင်းအဖွဲ့များ  ယမန်နေ့က ထိုင်း၊ မြန်မာနယ်စပ်မှာ အလုပ်ရုံဆွေးနွေးပွဲ ၂ ရက်သာ ပြုလုပ်သွား ကြပါတယ်။
အဲဒီလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို Myanmar Peace Support Initiative (MPSI) အဖွဲ့ကနေပြီး အဓိက လာရောက် ပံ့ပိုး ဆွေးနွေးပေးသွား ခဲ့ကြပါတယ်။
Consultant for Myanmar Peace Support Initiative (MPSI) မှ Ashley south က လာရောက် ကူညီပ့ံပိုးရခြင်းအတွက် ယခုလို ရှင်းပြပါတယ်။

ကရင်နီပြည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင် လေ့လာစောင့်ကြည့်နိုင်ဖို့ ထိုင်း-မြန်မာနယ်စပ်ရှိ အလုပ်ရုံဆွေးနွေးပွဲ (ဓါတ်ပုံ-ကေတီ)
“ကျနော့အနေနဲ့ နားလည်ထားတာက ကေအန်ပီပီနဲ့ အစိုးရတို့ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူထားတာ တခုကတော့ ကရင်နီပြည်မှာ ဒေသလေ့လာ စောင့်ကြည့်တဲ့ ယန္တာရား တခုတော့ ရှိရမယ်ပေါ့။ အဲ့ဒါကြောင့် ကရင်နီလူမှု အခြေပြု အဖွဲ့အစည်းတွေ အနေနဲ့ အဲ့ဒီမှာပါဝင်နိုင်အောင် ကမ်းလှမ်းဖို့လည်း အရေးကြီးတယ်လို့ ကျတော်ထင်တယ်။ ဒါမှပဲသူတို့ CBOs တွေအနေနဲ့လည်းဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာသိရှိရမှာ ဖြစ်ပြီး သူတို့အနေနဲ့လည်း အထောက် အကူတွေ ပေးနိုင်မယ့် အခန်း ကဏ္ဍကိုလည်း ရရှိလာမှာဖြစ်တယ်” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လေ့လာစောင့်ကြည့်နိုင်မည့် အဖွဲ့ဖွဲ့ဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့တွေ့ဆုံ ဆွေးနွေးပွဲမှာ သဘောတူ ထားခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါကြောင့် ကေအန်ပီပီက နေပြီးတော့လည်း နှစ်ဖက်အစိုးရအကြား သဘောတူထားတဲ့ အချက်အလက်တွေ လေးစား လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖို့ အဖွဲ့တခု မဖြစ်မနေရှိသင့်တယ်လို့ ပြောပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူးခူဦးရယ်က “အမှန်ကတော့ ကျနော်တို့ ကယား၊ ကရင်နီပြည်နယ် က လက်ရှိအနေအရ ကြည့်ရမယ် ဆိုလို့ရှိရင်ပေါ့။ ကျနော်တို့ ပြည်တွင်းမှာ CBOs တွေရှိတယ်။ လူမှု အဖွဲ့အစည်းတွေပေါ့၊ နယ်စပ်မှာလည်းရှိတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေကို ကျတော်တို့ တကယ်ပဲ လေးစားလိုက်နာမှု ရှိ၊ မရှိ၊ ပြည်သူလူထု တွေကို လည်းပဲ နှစ်ဖက်စလုံး တပ်ဖွဲ့ တွေကလည်းပဲ လူ့အခွင့်အရေးချိုးဖောက် မှုတွေ ထပ်မံဖြစ်ပေါ်မှု ရှိ၊ မရှိအဲ့ဒါတွေကို စောင့်ကြည့်လေ့လာဖို့ ကြားကနေ ပြီးတော့ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေက ရှိသင့်တယ်လို့ ကျတော်တို့ အဖွဲ့ကအမြင်ရှိတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်မှာ လက်ရှိနိုင်ငံရေး အခြေအနေကို စောင့်ကြည့်လေ့လာနိုင်တဲ့ Monitoring အဖွဲ့လက်တွေ့မှာ ဖွဲ့စည်းပြီး လုပ်ငန်းအကောင် အထည်ဆောင်ရွက်နိုင်ဖို့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြတယ်လို့ ပြောပါတယ်။
ဒါကြောင့် ဒီအလုပ်ရုံ ဆွေးနွေးပွဲက ကေအန်ပီပီနဲ့ အစိုးရ နောက်တခါ ထပ်မံတွေ့ဆုံ တဲ့အချိန်မှာ ဒီအဖွဲ့ကို အသိအမှတ်ပြုဖို့ နဲ့လိုအပ်တဲ့ နည်းလမ်းတွေ ရရှိနိုင်ဖို့ ကူညီပံ့ပိုးတဲ့အနေနဲ့ ပြုလုပ်ကြတယ်လို့ ဆက်ပြောပါတယ်။
ဆရာခူးဦးရယ်က “ပြည်တွင်းမှာရော နယ်စပ်တွေမှာရှိတဲ့ CBOs အဖွဲ့အစည်းတွေက သူတို့ ကာယကံရှင် ကိုယ်တိုင်က ရဲရဲတင်းတင်း သူတို့ဖာသာသူတို့  စုရုံးကြပြီးတော့ အဲ့ဒီလိုအဖွဲ့အစည်းတွေ ဖွဲ့ဖို့ သူတို့ စိတ်အမြင် ဆန္ဒရှိသော်လည်းပဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ သူတို့ စိုးရိမ်ကြောင့်ကြမှု တွေရှိနေကြလို့ သူတို့မလုပ်နိုင်ဘူးလို့ ပြောလို့ရတာပေါ့လေ။ အဲ့တော့ သူတို့ကို ကျနော်တို့ အဲ့ဒီလိုတကယ်ပဲ လက်တွေ့နယ်ပယ်မှာ အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်အောင် ကျတော်တို့က သူတို့ကို ပံ့ပိုးတဲ့အနေနဲ့ လိုအပ်မယ့် နည်းနာတွေ၊ လုပ်ထုံးလုပ်နည်းတွေ နောက်ပြီးတော့မှ ဘယ်လိုစု ဖွဲ့ကြမလဲ၊ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်ကြမလဲ ၊နောက် ဘယ်လိုသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ကြမလဲ ၊ နောက်ဘယ်လို သတင်းအချက်အလက်တွေ မျှဝေမလဲ၊ အသိပေးမလဲ၊ တိုင်တောမလဲ၊ အရေးယူ ဆောင်ရွက်မလဲ ဆိုတဲ့ နည်းနာလေးတွေ အပါအဝင်ပေါ့နော်” လို့ ပြောပါတယ်။


MPSI အဖွဲ့အနေနဲ့လည်း မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလဟာ တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပဋိပက္ခဖြစ်တဲ့ အတွက်ကြောင့်မို့လို ဒီအချိန်က နိုင်ငံရေး ဆွေးနွေးမှုပြု လုပ်ဖို့အချိန် စတင်သင့်ပြီ ဖြစ်တယ်လို့ Ashley south က  ပြောပါတယ်။ “အမှန်တော့ ဒီတိုင်းရင်းသား အရေးတွေ၊ အောက်ခြေသိမ်းက စတဲ့ပြဿနာတွေ ကိုဖော်ထုတ်ပြသ နိုင်ဖို့ဆိုရင်တော့ ဒီနိုင်ငံရေး ဆွေးနွေး ပွဲက မရှိမဖြစ် လိုအပ်ပါတယ်။ တကယ်လို့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တို့ က နိုင်ငံရေး ဆွေးနွေးပွဲကို သဘောမတူနိုင်ဘူး ဆိုရင်တော့ နောက်ကျရင် ပြဿနာတခု ဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်နီ လူမှုအဖွဲ့ အစည်းစုစုပေါင်း ၁၃ ဖွဲ့မှ လူငယ်တွေက တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။

 http://www.ktimes.org/index.php/news/335-2012-09-30-12-04-15

ဖားကန့်ဒေသ အခြေအနေငြိမ်သက်

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကနေ စတင်ပြီး တိုက်ပွဲတွေနည်းသွားပြီး အခြေအနေ ငြိမ်သက်နေတာကြောင့် ဒုက္ခသည် စခန်းက စစ်ဘေးရှောင်နေတဲ့ လူတချို့ ရပ်ရွာနေအိမ် ပြန်သွားကြတယ်လို့ သိရပါတယ်။
အဲဒါကြောင့် ဖားကန့်ဒေသရှိ ဒုက္ခသည်စခန်းမှာ လူအရင်ကလောက် မများတော့ဘူးလို့ လူဦးရေ ၅၀၀ လောက်ရှိတဲ့ ဖားကန့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတစ်ဦးက ပြောပါတယ်။
"လောလောဆယ်တော့ ကျွန်တော်တို့စခန်းမှာ လူနည်းသွားပြီဗျ။ ၂၀၀ ပတ်ဝန်းကျင်လောက်တောင် မရှိတော့ဘူး။ လောလောဆယ် အစားအသောက်အတော့ အဆင်ပြေတယ် ပြောရမှာပေါ့။ လူနည်းလို့လေ။ ကိုယ့်ရွာကို ကျွန်တော်တို့လို ပြန်တဲ့လူပေါ့။ နောက် အောက်ပြည်အောက်ရွာပြန်တဲ့လူရှိတယ်။ အိမ်ပြန်တဲ့လူကလည်း တချို့ကျတော့ ၀င်ငွေမရှိ၊ ကလေးတွေ မုန့်ဖိုးမရှိ၊ ငွေရအောင် ထွက်ရှာကြတာလေ။ အဲဒါမျိုး အိမ်ပြန်ကြတာ။ ယောကျ်ားအများစုက မြို့ပေါ်စခန်း ၁၄၊ ၅ ခုက ပြန်တဲ့လူက များတယ်"
ဖားကန့်ဒေသအတွင်းမှာ နေထိုင်နေတဲ့လူအများစုကတော့ ကိုယ့်အိမ် ကိုယ့်ရွာကို တချို့ပြန်နေကြပေမဲ့ မိန်းမနဲ့ကလေးတွေကတော့ ဒုက္ခသည်စခန်းထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ တချို့ကလည်း မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းစတဲ့ ဆွေမျိုးတွေရှိရာ သွားရောက်နေထိုင်ကြတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
စာသင်ကျောင်းက ကလေးတွေလည်း တခြားဒေသကို ပြောင်းရွှေ့စာသင်သွားတာကြောင့် ဖားကန့်က စာသင်ကျောင်းမှာ ကျောင်းတက်တဲ့လူ နည်းသွားတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။ လက်ရှိဖားကန့်ဒေသက စစ်ရေးနောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့လည်း သူကအခုလို ဆက်လက်ပြောပြပါတယ်။
"ကြားတာတော့ စစ်တပ်ကလည်း မပစ်ရဘူး။ ကေအိုင်အေကလည်း လာမပစ်ဘူး။ တိုက်ပွဲမဖြစ်တာက တပတ်ကျော်လောက် ကြာသွားပြီ။ စောစောက ကျွန်တော်တို့ ကသိုင်းတောင်မှာ ဖြစ်ပြီးတော့ အဲဒီနောက်မှာ ငြိမ်သွားတာ။ ညတိုင်း ညတိုင်းတော့ လက်နက်ကြီးသံ တချက် နှစ်ချက်တော့ ကြားတာပဲ။ ဒီဘက်နမ့်ယန်းလောက်မှာ ကေအိုင်အေက ပိတ်တယ်လို့ပြောတယ်။ ဟိုဘက် ၈ မိုင်လောက်က ဗမာစစ်တပ်က ပိတ်တယ်။ လမ်းမှာ ပြဿနာဖြစ်မှာစိုးလို့နဲ ့တူတယ်"
အခုအချိန်မှာ တိုက်ပွဲတွေ ရပ်နေပေမဲ့ နှစ်ဖက်တပ်တွေက နေရာတိုင်းမှာ အသင့်အနေအထား ဖြစ်နေတာကြောင့် ဘယ်အချိန် ပြန်ဖြစ်မယ်ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်သေးဘူးလို့ သိရပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လလည်ပိုင်းလောက်ကနေ စတင်ခဲ့တဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသက တိုက်ပွဲတွေကြောင့် ဒုက္ခသည် စခန်း ၄၀ ကျော်မှာ လူဦးရေ နှစ်သောင်းလောက် ရှိနေတယ်လို့ ကူညီပံ့ပိုးသူတွေက ပြောကြပါတယ်။

http://www.rfa.org/burmese/news/kachin-hpar-kant-calm-down-09302012222705.html

နယ်စပ်ရေးရာဝန်ကြီး နဲ့ ဗွီအိုအေ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ နယ်ခြားဒေသကို အဓိကတာဝန်ယူလုပ်ဆောင်နေတဲ့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ကို ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း က သီးသန့်တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ ့ နယ်စပ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်မှ နယ်မြေဒေသတွေ ပိုပြီးလုံခြုံမယ်လို့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး က ပြောကြားပါတယ်။ သမ္မတကြီးဦးသိန်းစိန်နဲ့အတူ နယူးရော့ခ်မြို ့ကို ခေတ္တရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးရဲ ့ ပြောကြားချက်တွေကို မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍအဖြင့် နားဆင်နိုင်ပါတယ်။

ကျနော်တို့ ဗွီအိုအေ ကို အခုလို သီးသန့်တွေ့ဆုံခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝန်ကြီးရဲ ့ အဓိကတာဝန်က နယ်ခြားဆိုင်ရာကိစ္စတွေဆိုတော့ ကျနော် နယ်ခြားဖက်ဆိုင်ရာတွေနဲ့ပဲ ပတ်သက်လို့ ပထမဦးဆုံး မေးပါရစေ။ အထူးသဖြင့် ကျနော်တို့ရဲ ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ ့ နယ်ခြားဖက်တွေကို ကျနော့်အနေနဲ့ တော်တော်လေးရောက်ခဲ့တော့ ထိုင်းနိုင်ငံဖက်မှာဆို နယ်ခြားဒေသတွေမှာဆိုရင် လမ်းတွေဖောက်ပြီးတော့ လုံခြံုရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ တိုးတက်လာအောင် မြန်မြန်ဆန်ဆန် လုပ်ထားနိုင်တာကို တွေ့ရပါတယ်။ အခု ဒီအစိုးရသစ်လက်ထက်မှာ ဒီလို အခြေအနေမျိုးတွေအထိ လိုက်မီလာအောင် ဝန်ကြီးတို့အနေနဲ့ ဘာတွေများ စီမံချက်တွေ ရှိနေပါသလဲ။

ဦးသိန်းဌေး ။ ။ နယ်စပ်ဒေသတခု ဖွံ့ဖြိုးတိုးတက်မှပဲ ဒီနယ်မြေဒေသ လုံခြံုတယ်ဆိုတဲ့ အယူအဆကိုလည်း ကျနော်တို့ လက်ခံထားတာ ဖြစ်ပါတယ်။ အဲဒီတော့ တကယ်တမ်းကျတော့ နယ်စပ်ဒေသတွေကို ကာကွယ်ဖို့ဆိုတာ လူကိုလူနဲ့ပဲ ကာရတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ဒီဒေသမှာ မိမိတိုင်းရင်းသားလူမျိုးတွေ နေထိုင်မယ်။ ဒီ ဒေသမှာ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မယ်ဆိုရင် မိမိနယ်နမိတ်ကို အကောင်းဆုံးကာကွယ်ပေးထားတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့လည်း နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံတွေ ချမှတ်ပြီး ဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီတော့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် အပိုင်း (၂) ပိုင်း ရှိပါတယ်။ အပိုင်း (၁) ကတော့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ စောစောက ကျနော်တို့ပြောတဲ့ လမ်းပန်းကိစ္စတွေ၊ ရေမီးကိစ္စတွေပေါ့။

ဦးသိန်းဌေး ။ ။ လမ်းကိစ္စ၊ မီးကိစ္စ၊ ဆက်သွယ်ရေးကိစ္စ၊ ရေကိစ္စ၊ လူတွေ နေနိုင်ထိုင်နိုင်အောင် အဓိကတော့ လူမှုစီးပွားဘဝတွေ ဆောင်ရွက်နိုင်ဖို့ဆိုရင် နောက်တခါ ဒီထက် အဆင့်မြင့်ပြီး ပညာရေး၊ ကျန်းမာရေး၊ ဒီလို အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်မှလည်း လူတွေက မိမိတို့ အသက်မွေးဝမ်းကြောင်းကို ဆောင်ရွက်နိုင်မယ့်အပိုင်း ဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ နည်းနည်းပိုပြီးတော့ မြင့်တာပေါ့။ ဒါကတော့ socioeconomic development ပြည်သူတွေရဲ ့ လူထုစီးပွားဖွံ့ဖြိုးတိုးတက်ရေး။ ဒီဟာအတွက်တော့ အသက်မွေးဝမ်းကြောင်း ပြုနိုင်တဲ့ အခွင့်အလမ်း၊ နောက်တခါ စီးပွားရှာဖွေနိုင်တဲ့ အခွင့်အလမ်း။ အဲဒီတော့ နယ်စပ်ဒေသရဲ ့ သဘာဝကို ပြန်ကြည့်လိုက်ရင် စီးပွားရှာဖွေနိုင်တဲ့ အခွင့်အလမ်းကို ရှိဖို့ဆိုလို့ရှိရင် မိမိရဲ ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကူးလူးဆက်ဆံမှုရှိမှပဲ သူတို့အနေနဲ့ စီးပွားရှာဖွေနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိမှာဖြစ်ပြီးတော့ တဖက်မှာလည်း မိမိတို့ရဲ ့ ပြည်တွင်းနဲ့ ကူးလူးဆက်ဆံမှု လမ်းကြောင်းတွေ ကောင်းမှသာလျှင် ပေါင်းကူးသဖွယ် ဆောင်ရွက်နိုင်တဲ့အနေအထား ဖြစ်ပါတယ်။ နောက်တခါ ဘာပဲဖြစ်ဖြစ် လူတွေ ပြည်သူလူထုတွေ နေထိုင်လာပြီဖြစ်တဲ့အခါကြရင် ပြည်သူလူထုတွေရဲ ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေပေးဖို့အချက်ကလည်း အဓိက ဖြစ်ပါတယ်။ ဒီဖက်ခေတ်မှာ ပြန်ကြည့်လိုက်တဲ့အခါကြတော့ စိုက်ပျိုးရေးလုပ်ငန်းတခုတည်းကတော့ တိုးပွားလာတဲ့ လူဦးရေးအားလုံးကို ကားမိအောင် အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ပေးနိုင်ဖို့ အခက်အခဲတွေ ရှိပါတယ်။ စိုက်ပျိုးရေးကိုလည်း တိုးမြှင့်အောင် ဆောင်ရွက်ရမယ်ဖြစ်သလို။ အခြားသော အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ဆောင်ရွက်ဖို့၊ ဆောင်ရွက်ပေးနိုင်ဖို့ လိုပါတယ်။ ဒီလို ကြည့်တဲ့အခါမှာ ကျနော်တို့ အလုပ်အကိုင် အခွင့်အလမ်းကြောင့် အိမ်နီးချင်းနိုင်ငံကို သွားတဲ့ ရွှေ ့ပြောင်းအလုပ်သမားများအနေနဲ့ အလုပ်လုပ်ရတဲ့ လူဦးရေးက အခုအချိန်မှာဆို နှစ်သန်းခွဲလောက်ရှိတဲ့ အနေအထား ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို ရွှေ ့ပြောင်းနေကြတဲ့လူတွေက စီးပွားရေးအပြင်၊ တခြားကိစ္စလေးတွေလည်း ရှိပါတယ်။ အထူးသဖြင့်တော့ လုံခြံုရေးပေါ့။ ဝန်ကြီးပြောတဲ့ အခွင့်အလမ်းတွေ၊ စီးပွားရေးရှာနိုင်မယ့် အခွင့်အလမ်း၊ နေထိုင်နိုင်မယ့် အခွင့်အလမ်းတွေဆိုတာက တချိန်တုန်းကတော့ နယ်စပ်ဒေသတွေမှာ မရှိခဲ့ပါဘူး။ ကိုယ်ပိုင်လည်း ပညာသင်ကြားပိုင်ခွင့်လည်း မရှိသလို၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စီးပွားရှာခွင့်လည်း မရှိကြဘူးဆိုတော့။ ဒါကြောင့် အပြင်ဖက်ကို ထွက်ပြေးကြတဲ့ လူတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်ခြားဒေသတွေမှာ လုံခြံုရေးအတွက် အခြေအနေတွေ ပိုပြီးကောင်းမွန်လာအောင် အစိုးရအနေနဲ့ ကြိုးပမ်းနေတယ်ဆိုတာကိုလည်း ကျနော်တို့ ကြားသိရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ BGF လို့ ခေါ်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ညှိနှိုင်းလုပ်မယ့်ကိစ္စတွေလည်း လုပ်နေပါတယ်။ ဒါပေမဲ့ တချို ့နေရာတွေမှာ အဆင်မပြေဘူးဆိုတော့ ဒါကို ဘယ်လိုများ ဆက်လုပ်ဖို့ ရှိပါသလဲ။

ဦးသိန်းဌေး ။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရကတော့ လက်နက်ကိုင်တပ်ဖွဲ့တခုတည်း ရှိရမှာဖြစ်တဲ့အတွက်ကြောင့် နယ်ခြားစောင့်တပ်တွေ ဖွဲ့စည်းရေးကတော့ အဓိကရည်မှန်းချက် ဖြစ်ပါတယ်။ သို့သော် ဒီ နယ်ခြားစောင့်တပ်တွေ ဖွဲ့စည်းဖို့ ဆောင်ရွက်တဲ့နေရာမှာ အလျင်စလိုလုပ်ခြင်းဖြစ်လည်း အခက်အခဲလေးတွေ ရှိနိုင်တဲ့ အနေအထားတွေကို အတွေ့အကြံုတွေအရ တွေ့ရှိရပါတယ်။ တချို ့ဒေသတွေမှာ အဆင်ပြေသလို၊ တချို ့ဒေသတွေမှာ အဆင်ပြေမှု မရှိသေးဘူးဆိုတဲ့ အနေအထားလည်း ပကတိအရှိတရားပဲ ဖြစ်ပါတယ်။ အဲဒီတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ကျနော်တို့ အစိုးရကြားထဲမှာ တည်ရှိတဲ့ ယုံကြည်မှုအပေါ် မူတည်ပြီးမှပဲ ဖွဲ့စည်းသွားလို့ ရမယ့်အနေအထား ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ပြည်ထောင်စုအစိုးရလက်ထက်မှာတော့ ဒီနယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို အလျင်စလို မလုပ်ဘဲနဲ့ အခုန နှစ်ဦးနှစ်ဖက် ယုံကြည်ချက်တည်ဆောက်ပြီးမှ တဖြေးဖြေးချင်းလုပ်သွားဖို့ဆိုပြီး လူကြီးတွေ ဆောင်ရွက်နေတာ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ စီမံကိန်းကတော့ ဆက်ရှိနေအုန်းမယ်ပေါ့။ ပုံစံပြောင်းဖို့ ရှိပါသလား။

ဦးသိန်းဌေး ။ ။  သူ့ရဲ ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော် ပြောပြီးဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းကတော့ တခုတည်း ရှိရမှာဖြစ်တဲ့အတွက်ကြောင့် တနေ့မှတော့ ဒီလိုဖြစ်သွားမှသာလျှင် ပိုပြီးတော့ သေချာတဲ့၊ ပိုပြီးတော့ တည်ငြိမ်တဲ့၊ ပိုပြီးတော့ ပြည်သူလူထုအတွက် စိတ်ချရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်သွားမှာဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ လက်နက်ကိုင်အဖွဲ့ဆိုတာ တခုတည်းပဲရှိတဲ့သဘာဝ ရှိပါတယ်။ ဥပမာ ကနေ့ အမေရိကန်ပြည်ထောင်စုကြီးမှာလည်း ဖယ်ဒရယ်စနစ်နဲ့ အုပ်ချုပ်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိစေကာမူ၊ လက်နက်ကိုင်တပ်ဖွဲ့ကတော့ တခုတည်းပဲရှိတဲ့ဆိုတဲ့ သာဓက က ပေါ်လွှင်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်ထောင်စုအစိုးရအနေနဲ့ နယ်ခြားကိစ္စတွေမှာ အထူးသဖြင့် ပြည်နယ်တွေနဲ့ ပိုပြီးတော့ နီးတဲ့ကိစ္စတွေဆိုတော့ ပြည်နယ်တွေရဲ ့ လွှတ်တော်တွေ၊ ပြည်နယ်အစိုးရတွေ၊ ပြည်နယ်အဖွဲ့အစည်းတွေ ဘယ်လိုများ အနီးကပ်ဆက်ဆံမှုရှိပါသလဲ။

ဦးသိန်းဌေး ။ ။ ပြည်နယ်အစိုးရအဖွဲ့တွေကလည်း အခုသက်တမ်းအားဖြင့် တနှစ်ခွဲလောက်ပဲ ရှိသေးတော့ တော်တော်နုနယ်သေးတယ် ဖြစ်ပါတယ်။ ရေးရှည်မှာတော့ ပြည်နယ်မှာလည်း လုံခြံုရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနဆိုတာ ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် လုံခြံုရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနမှာ ခန့်အပ်တဲ့ပုဂ္ဂိုလ်တွေကလည်း များသောအားဖြင့် တပ်မတော်သားတွေပဲ ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် နောင်ရေးရှည်ကြတဲ့အခါတော့ ပြည်နယ်အစိုးရနဲ့ ဆက်နွှယ်ဆောင်ရွက်မှုတွေလည်း ပိုပြီးပြည့်စုံဖြစ်လာမယ့် အနေအထား ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် နယ်စပ်ဒေသမှာ လုံခြံုရေးနဲ့ ပတ်သက်ပြီးတော့၊ တည်ငြိမ်မှုနဲ့ ပတ်သက်ပြီးတော့ လူပြောများနေတဲ့ အခြေအနေက ရခိုင်ပြည်နယ်အခြေအနေပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးအနေနဲ့လည်း ဦးစီးဦးဆောင် လုပ်နေတယ်ဆိုတာကိုလည်း ကျနော်တို့ ကြားသိရပါတယ်။ ဒီနေရာမှာ တချို ့သတင်းတွေ၊ အတည်ပြုလို့မရတဲ့ ကြားသိရတဲ့ သတင်းတချို ့မှာဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ။ ဘင်္ဂလီလက်နက်ကိုင်အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်ထဲကို ထိုးဖောက်ဝင်ရောက်လာတယ်။ စိမ့်ဝင်လာတယ်ဆိုတဲ့ သတင်းတွေဟာ - ဒီသတင်းတွေနဲ့ ပတ်သက်လို့ ဝန်ကြီးတို့အနေနဲ့ ဘယ်လိုများ ပြောနိုင်ပါသလဲ။ ဒါတွေက အမှန်လား။

ဦးသိန်းဌေး ။ ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိုးဖောက်ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းကတော့ အမှန်မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း အစွန်းအဖျားတွေ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ်အထိ။ နယ်စပ်ခြံစည်းရိုးအထိ ရောက်ရှိတာဖြစ်ပါတယ်။ မြန်မာနဲ့  ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း နယ်နိမိတ်ခြံစည်းရိုး မိုင်ပေါင်း ၁၅၀ ရှိတဲ့အနက် မိုင် ၈၀ လောက် အားလုံးဟာ လုံလုံခြံုခြံုပြီးစီးပြီဖြစ်ပါတယ်။ နောက်တခါ ဒီဒေသမှာလည်း တပ်မတော်ရဲ ့ ကာကွယ်ရေး အစီအမံတွေ စနစ်တကျ လုပ်ထားတဲ့အတွက်ကြောင့် ဒီလို လက်နက်တပ်ဖွဲ့တွေ ထိုးဖောက်ဝင်ရောက်လာနိုင်တဲ့ အနေအထားတော့ မရှိဘူးလို့ ပြောမှာဖြစ်ပါတယ်။ နောက်တခါ ရခိုင်ဒေသမှာ ဖြစ်ပွါးတဲ့ ကိစ္စရပ်ကို ကြည့်လိုက်ရင် နံပတ်တစ်ကတော့ လူအုပ်စု နှစ်စုကြားမှာဖြစ်တဲ့ အကြမ်းဖက်မှုမျှသာဖြစ်ပါတယ်။ သူဟာ လက်နက်ကိုင် ပဋိပက္ခလည်း မဟုတ်ဘူး။ လူမျိုးရေးပဋိပက္ခလည်း မဟုတ်ပါဘူး။ ဘာသာရေးပဋိပက္ခလည်း မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် အင်တာနက်မှာ ပြန့်နှံနေတဲ့သတင်းတွေ။ အဲဒီ သတင်းတွေဟာ လူမျိုးရေးအရ မုန်းတီးမှုတွေရှိနေတယ်။ ဒါမှမဟုတ် လူမျိုးတခုကိုတခုကနေ နှိမ့်ချတဲ့ ချိုးနှိမ်မှုတွေ ရှိနေတယ်။ တဖတ်ကလည်း လက်နက်ကိုင်တွေနဲ့ ဝင်ပြီးစိမ့်ဝင်ထိုးဖောက်မှုအထိ ကြိုးပမ်းနေတယ်ဆိုတဲ့ကိစ္စမျိုးတွေကို ဝန်ကြီးတို့အနေနဲ့ ဒါတွေကို ဘယ်လို တားဆီးနိုင်ဖို့၊ ကာကွယ်နိုင်ဖို့ ကြိုးစားနေသလဲ။ ဒီလိုသတင်းမျိုးတွေ ပြန့်နှံနေတဲ့ ကိစ္စတွေ။

ဦးသိန်းဌေး ။ ။ အဲဒီတော့ ကျနော်တို့ ရေရှည်မှာတော့ မီဒီယာကို မီဒီယာနဲ့ပဲ တားဆီးမှရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို ဗွီအိုအေတို့ဘာတို့နဲ့ တွေ့ဆုံပြီး ရှင်းလင်းခြင်း ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလောလောဆယ် ရခိုင်ပြည်ထဲမှာဖြစ်နေတဲ့ အခြေအနေဟာ ထိန်းသိမ်းနိုင်တဲ့ အခြေအနေဖြစ်နေပြီလို့ ယူဆပါသလား။

ဦးသိန်းဌေး ။ ။ ထိန်းသိမ်းနိုင်တဲ့ အခြေအနေ ရှိနေပါပြီ။ အဲဒီတော့ အခု အဓိကလိုအပ်ချက်တွေက အခုန နှစ်ဖက်လူအဖွဲ့အစည်းတွေရဲ ့ လက်နက်ကိုင်မပါပါဘူး။ အကြမ်းဖက်မှုကြောင့် မီးလောင်ပျက်စီးသွားတာတွေ၊ ဆုံးရှုံးသွားတာတွေက ခံစားရတဲ့ ဒုက္ခသည်တွေက အတော်များများ အရည်အတွက်ရှိနေတယ်။ ဒီဒုက္ခသည်တွေကိုသာ သူတို့ရဲ ့ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို ကျနော်တို့ ဆောင်ရွက်သွားမယ့် အခြေအနေဖြစ်ပြီးတော့ နောင့်နောင်မှာ ယခုကဲ့သို့ ဖြစ်ရပ်ဆိုးမျိုး မပေါ်ပေါက်စေရေးအတွက် လူမျိုးစု နှစ်ခုကြားထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်မယ့် နည်းလမ်းတွေ ကျနော်တို့ ရှာကြံပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဝန်ကြီးရဲ ့ အခု နယူးရော့ခ် ခရီးစဉ်မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ မေးမြန်းတာတွေနဲ့ ပတ်သက်ပြီး ဘာတွေများ ကြံုဆုံဖြေကြားခဲ့ရတာတွေ ရှိပါသလဲ။ တခြား ရှင်းလင်းပြောကြားခဲ့ရတာတွေ ရှိသလဲ။

ဦးသိန်းဌေး ။ ။ မနေ့က Asia Society နဲ့ နိုင်ငံတော်သမ္မတနဲ့ တွေဆုံတဲ့ပွဲမှာလည်း Asia Society ဖက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဒီကနေ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အခုန ကျနော် ပြောပြီးဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခလည်း မဟုတ်ဘူး။ လူမျိုးရေးပဋိပက္ခလည်း မဟုတ်ဘူး၊ ဘာသာရေးကိစ္စလည်း မဟုတ်ဘူး။ သို့သော် အခုနလို ဒုက္ခရောက်သွားတဲ့ ပြည်သူလူတွေနဲ့ ပတ်သက်လို့ကြတဲ့အခါကြတော့ သူက  လူသားချင်းစာနာတဲ့ ကိစ္စရပ်တွေ ဖြစ်လာတယ်။ ဒီကနေ့ humanity လို့ခေါ်တဲ့ နောက်တခါ human intervention ဆိုတဲ့ကိစ္စရပ်တွေကလည်း ကမ္ဘာက အလေးထားတဲ့ကိစ္စဖြစ်တော့ human rights နဲ့ကြတော့ လူ့အခွင့်အရေးနဲ့ကြတော့ ဆက်နွှယ်လာတဲ့ကိစ္စရပ်တွေ ဖြစ်လာတယ်။ ဒါကြောင့်လည်း human rights နဲ့ ဆက်နွှယ်ပြီး မေးမြန်းတဲ့အခါမှာ ပြည်သူများရဲ ့ ဘဝရေရှည်အာမခံချက် ရှိရေးနဲ့ပတ်သက်ပြီးတော့ သူတို့ကို ကယ်ဆယ်ခြင်း၊ ပြန်လည်နေရာချထားခြင်း၊ ပြန်လည်ထူထောင်ခြင်းနဲ့ သဟဇာတဖြစ်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ ကျနော် ရှင်းလင်းဖြေကြားခဲ့တာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတကြီးဦးသိန်းစိန်နဲ့အတူ နယူးရော့ခ်မြို ့တော်ကို ခေတ္တရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို ဗွီအိုအေ က ဆက်သွယ်မေးမြန်းခဲ့တာပါ။

http://burma.irrawaddy.org/archives/21698

ဒုက္ခသည်ကလေးများ ကာကွယ်စောင့်ရှောက်ရေး သင်တန်းပြုလုပ်

ကရင်နီဒုက္ခ္ခသည် အမှတ် (၁) စခန်းမှာ ဒုက္ခသည် ကလေးတွေ ကာကွယ် စောင့်ရှောက်ရေးအတွက် (Child Protection) အဖွဲ့ နှင့် ကက်သလစ်အရေးပေါ် လူမှု ကယ်ဆယ်ရေး (COERR ) အဖွဲ့ တို့ ကနေပြီး သင်တန်း ပြုလုပ်ခဲ့ကြပါတယ်။  
အဓိကအားဖြင့် ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည် ကလေးတွေ အကာအကွယ် ပေးနိုင်ဖို့ အတွက် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
ဒီသင်တန်းကို အဓိက အားဖြင့် (COERR) ဝန်ထမ်းအဖွဲ့ဝင်တွေကို ပို့ချပေးနေတာဖြစ်ပြီး လူဦးရေ ၂၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ ကြပါတယ်။

ကရင်နီဒုက္ခ္ခသည် အမှတ် (၁) စခန်းမှာ ပြုလုပ်ခဲ့သော ဒုက္ခသည်ကလေးများ ကာကွယ်စောင့်ရှောက်ရေး သင်တန်း (ဓါတ်ပုံ-ကေတီ)
“အဓိက ကတော့ COERR ဝန်ထမ်းတွေကို ကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို အကာအကွယ် ပေးရမလဲ ဆိုတဲ့ စွမ်းရည်ပိုင်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အရည် အချင်းတွေကို မြှင့်တင်ပေး ချင်တာရယ်၊ ပြီးတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးတွေ၊ အကာအကွယ် မဲ့နေတဲ့ ကလေးတွေ အတွက် ဘယ်လို ကိုင်တွယ် ဖြေရှင်း ရမလဲ ဆိုတာတွေကို မြှင့်တင်ပေးဖို့ပါ” ထိုင်းမြန်မာ နယ်စပ်တလျောက် ဒုက္ခသည် စခန်း ၉ ခုလုံးမှာ ရှိတဲ့ ကလေးများ ကာကွယ်ရေး နဲ့ပတ်သက်ပြီး Child protection specialist  ပွန်ဆန်သီယ ကနေပြီး သင်တန်းပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြသွားတာပါ။
COERR နဲ့ ကလေးကာကွယ်ရေး အဖွဲ့တို့ လက်တွဲလုပ်လာတဲ့ ကာလဟာ ရ နှစ်ခန့်ရှိနေပါပြီ။ အဲ့ဒီ ရ နှစ်အတွင်းမှာ ကလေးများအား လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု၊ မိဘများမှ လျစ်လျူရှုမှုတွေ စတဲ့ ကိစ္စရပ်တွေလည်း တချို့သော စခန်းတွေမှာ တဖြည်းဖြည်းနဲ့ တိုးလာတယ်လို့လည်း ပြောပါတယ်။
ကက်သလစ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (COERR ) မှ ကွင်းဆင်း မန်နေဂျာဖြစ်တဲ့ Benjawan Maliwan ကနေပြီးတော့ ထိုင်းဥပဒေက ဒုက္ခသည်ကလေးများ အတွက် ဘယ်လို အကာအကွယ်ပေးထားလဲ ဆိုတာကို အခုလိုရှင်းပြ သွားပါတယ်။
“၁၉၈၉ ခုနှစ် ထိုင်းနိုင်ငံ ရဲ့ ကလေးများရဲ့အခွင့် အရေး ကာကွယ်ဖို့ ရေးထိုးထားတဲ့ စာချုပ်အရ ဆိုရင် ကလေးတွေ အားလုံး၊ ထိုင်းနိုင်ငံသားပဲဖြစ်ဖြစ်၊ ဒုက္ခသည် ကလေးပဲ ဖြစ်ဖြစ်၊ သူတို့ကို ဒီစာချုပ် (Child’s Right Protection) ရဲ့ အကာအကွယ်အောက်မှာ ရှိနေရမှာပါ။ တကယ်လို့ ကလေးအခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာရင်တော့ ဒီထိုင်းဥပဒေ အတိုင်းသွားရမှာပါ” လို့ ပြောပါတယ်။
COERR အဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်တလျောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းများ အားလုံးမှာ လူမှုရေး ဆိုင်ရာကယ်ဆယ်မှု လုပ်ငန်းများ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းတွေကို ပြုလုပ်နေတဲ့ အဖွဲ့အစည်းတခု လည်းဖြစ်ပါတယ်။
သင်တန်းကို စက်တင်ဘာလ ၂၇၊ ၂၈ ရက် ၂ ရက်သာ ပို့ချခဲ့တယ်လို့ သိရပါတယ်။

 http://www.ktimes.org/index.php/news/334-2012-09-30-05-33-55

ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့် ကြည့်နိုင်ဖို့ တရားဝင်အဖွဲ့ ဖွဲ့စည်းရန် လိုအပ်

ကရင်နီပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင်လေ့လာ စောင့်ကြည့်နိုင်မည့် Monitoring အဖွဲ့ ဖွဲ့စည်းနိုင်ဖို့နဲ့ နည်းလမ်း အကောင်အထည် ရှာဖွေဖော်ထုတ် နိုင်ဖို့အတွက် ပြည်တွင်းပြည်ပ လူမှုအခြေပြု အသင်းအဖွဲ့များ  ယမန်နေ့က ထိုင်း၊ မြန်မာနယ်စပ်မှာ အလုပ်ရုံဆွေးနွေးပွဲ ၂ ရက်သာ ပြုလုပ်သွား ကြပါတယ်။ အဲဒီလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို Myanmar Peace Support Initiative (MPSI) အဖွဲ့ကနေပြီး အဓိက လာရောက် ပံ့ပိုး ဆွေးနွေးပေးသွား ခဲ့ကြပါတယ်။
Consultant for Myanmar Peace Support Initiative (MPSI) မှ Ashley south က လာရောက် ကူညီပ့ံပိုးရခြင်းအတွက် ယခုလို ရှင်းပြပါတယ်။

ကရင်နီပြည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင် လေ့လာစောင့်ကြည့်နိုင်ဖို့ ထိုင်း-မြန်မာနယ်စပ်ရှိ အလုပ်ရုံဆွေးနွေးပွဲ (ဓါတ်ပုံ-ကေတီ)
“ကျနော့အနေနဲ့ နားလည်ထားတာက ကေအန်ပီပီနဲ့ အစိုးရတို့ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူထားတာ တခုကတော့ ကရင်နီပြည်မှာ ဒေသလေ့လာ စောင့်ကြည့်တဲ့ ယန္တာရား တခုတော့ ရှိရမယ်ပေါ့။ အဲ့ဒါကြောင့် ကရင်နီလူမှု အခြေပြု အဖွဲ့အစည်းတွေ အနေနဲ့ အဲ့ဒီမှာပါဝင်နိုင်အောင် ကမ်းလှမ်းဖို့လည်း အရေးကြီးတယ်လို့ ကျတော်ထင်တယ်။ ဒါမှပဲသူတို့ CBOs တွေအနေနဲ့လည်းဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာသိရှိရမှာ ဖြစ်ပြီး သူတို့အနေနဲ့လည်း အထောက် အကူတွေ ပေးနိုင်မယ့် အခန်း ကဏ္ဍကိုလည်း ရရှိလာမှာဖြစ်တယ်” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လေ့လာစောင့်ကြည့်နိုင်မည့် အဖွဲ့ဖွဲ့ဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့တွေ့ဆုံ ဆွေးနွေးပွဲမှာ သဘောတူ ထားခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါကြောင့် ကေအန်ပီပီက နေပြီးတော့လည်း နှစ်ဖက်အစိုးရအကြား သဘောတူထားတဲ့ အချက်အလက်တွေ လေးစား လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖို့ အဖွဲ့တခု မဖြစ်မနေရှိသင့်တယ်လို့ ပြောပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူးခူဦးရယ်က “အမှန်ကတော့ ကျနော်တို့ ကယား၊ ကရင်နီပြည်နယ် က လက်ရှိအနေအရ ကြည့်ရမယ် ဆိုလို့ရှိရင်ပေါ့။ ကျနော်တို့ ပြည်တွင်းမှာ CBOs တွေရှိတယ်။ လူမှု အဖွဲ့အစည်းတွေပေါ့၊ နယ်စပ်မှာလည်းရှိတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေကို ကျတော်တို့ တကယ်ပဲ လေးစားလိုက်နာမှု ရှိ၊ မရှိ၊ ပြည်သူလူထု တွေကို လည်းပဲ နှစ်ဖက်စလုံး တပ်ဖွဲ့ တွေကလည်းပဲ လူ့အခွင့်အရေးချိုးဖောက် မှုတွေ ထပ်မံဖြစ်ပေါ်မှု ရှိ၊ မရှိအဲ့ဒါတွေကို စောင့်ကြည့်လေ့လာဖို့ ကြားကနေ ပြီးတော့ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေက ရှိသင့်တယ်လို့ ကျတော်တို့ အဖွဲ့ကအမြင်ရှိတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်မှာ လက်ရှိနိုင်ငံရေး အခြေအနေကို စောင့်ကြည့်လေ့လာနိုင်တဲ့ Monitoring အဖွဲ့လက်တွေ့မှာ ဖွဲ့စည်းပြီး လုပ်ငန်းအကောင် အထည်ဆောင်ရွက်နိုင်ဖို့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြတယ်လို့ ပြောပါတယ်။
ဒါကြောင့် ဒီအလုပ်ရုံ ဆွေးနွေးပွဲက ကေအန်ပီပီနဲ့ အစိုးရ နောက်တခါ ထပ်မံတွေ့ဆုံ တဲ့အချိန်မှာ ဒီအဖွဲ့ကို အသိအမှတ်ပြုဖို့ နဲ့လိုအပ်တဲ့ နည်းလမ်းတွေ ရရှိနိုင်ဖို့ ကူညီပံ့ပိုးတဲ့အနေနဲ့ ပြုလုပ်ကြတယ်လို့ ဆက်ပြောပါတယ်။
ဆရာခူးဦးရယ်က “ပြည်တွင်းမှာရော နယ်စပ်တွေမှာရှိတဲ့ CBOs အဖွဲ့အစည်းတွေက သူတို့ ကာယကံရှင် ကိုယ်တိုင်က ရဲရဲတင်းတင်း သူတို့ဖာသာသူတို့  စုရုံးကြပြီးတော့ အဲ့ဒီလိုအဖွဲ့အစည်းတွေ ဖွဲ့ဖို့ သူတို့ စိတ်အမြင် ဆန္ဒရှိသော်လည်းပဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ သူတို့ စိုးရိမ်ကြောင့်ကြမှု တွေရှိနေကြလို့ သူတို့မလုပ်နိုင်ဘူးလို့ ပြောလို့ရတာပေါ့လေ။ အဲ့တော့ သူတို့ကို ကျနော်တို့ အဲ့ဒီလိုတကယ်ပဲ လက်တွေ့နယ်ပယ်မှာ အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်အောင် ကျတော်တို့က သူတို့ကို ပံ့ပိုးတဲ့အနေနဲ့ လိုအပ်မယ့် နည်းနာတွေ၊ လုပ်ထုံးလုပ်နည်းတွေ နောက်ပြီးတော့မှ ဘယ်လိုစု ဖွဲ့ကြမလဲ၊ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်ကြမလဲ ၊နောက် ဘယ်လိုသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ကြမလဲ ၊ နောက်ဘယ်လို သတင်းအချက်အလက်တွေ မျှဝေမလဲ၊ အသိပေးမလဲ၊ တိုင်တောမလဲ၊ အရေးယူ ဆောင်ရွက်မလဲ ဆိုတဲ့ နည်းနာလေးတွေ အပါအဝင်ပေါ့နော်” လို့ ပြောပါတယ်။


MPSI အဖွဲ့အနေနဲ့လည်း မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလဟာ တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပဋိပက္ခဖြစ်တဲ့ အတွက်ကြောင့်မို့လို ဒီအချိန်က နိုင်ငံရေး ဆွေးနွေးမှုပြု လုပ်ဖို့အချိန် စတင်သင့်ပြီ ဖြစ်တယ်လို့ Ashley south က  ပြောပါတယ်။ “အမှန်တော့ ဒီတိုင်းရင်းသား အရေးတွေ၊ အောက်ခြေသိမ်းက စတဲ့ပြဿနာတွေ ကိုဖော်ထုတ်ပြသ နိုင်ဖို့ဆိုရင်တော့ ဒီနိုင်ငံရေး ဆွေးနွေး ပွဲက မရှိမဖြစ် လိုအပ်ပါတယ်။ တကယ်လို့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တို့ က နိုင်ငံရေး ဆွေးနွေးပွဲကို သဘောမတူနိုင်ဘူး ဆိုရင်တော့ နောက်ကျရင် ပြဿနာတခု ဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်နီ လူမှုအဖွဲ့ အစည်းစုစုပေါင်း ၁၃ ဖွဲ့မှ လူငယ်တွေက တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။

September 29, 2012

ဘားအံမြို့မှာ ကေအန်ယူ ဗဟို ဆက်ဆံရေးရုံး ဖွင့်ပြီ

ကရင်ပြည်နယ် ဘားအံမြို့မှာ ကေအန်ယူ ဗဟို ဆက်ဆံရေးရုံး ဖွင့်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး၊ KNLA စစ်ဦးစီးချုပ်နဲ့ KNU ဗဟိုကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေစဉ်မှာပဲ၊ ရုံးကို စနေနေ့မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
ဒီဆက်ဆံရေးရုံး ဖွင့်ပွဲကို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်ပြီး၊ KNLA တပ်မဟာ ၇ နဲ့ တပ်မဟာ ၆ တို့ရဲ့ တပ်မဟာ မှူးတွေ အပြင်၊ တပ်မဟာ ၄ စစ်ဆင်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး အပါအဝင် KNU ဗဟိုက စောဒေးဗစ်ထောနဲ့ စောရောဂျာ တို့ပါ တက်ရောက် ကြပါတယ်။
အစိုးရ ဘက်ကတော့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ သစ်တော ရေးရာ ပြည်ထောင်စု ဝန်ကြီး ဦးထွန်းဝင်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းတို့ပါ တက်ရောက် ဖွင့်လှစ် ပေးခဲ့တာ ဖြစ်ပါတယ်။
ဘားအံမြို့ အမှတ် ၄ ရပ်ကွက်၊ ကန်သာဦး ခန်းမအနီး အဆောက်အဦး တခုမှာ ရုံးကို ဖွင့်လှစ်လိုက်တာ ဖြစ်ပြီး၊ KNLA တပ်မဟာများ ဆက်ဆံ ရေးရုံးလို့ အမည်ပေး လိုက်ကြောင်း KNLA စစ်ဦးစီးချုပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီလို ဖွင့်ရတာဟာ၊ နှစ်ဘက်ကြားမှာ အမြဲ ထိတွေ့မှုတွေ ရှိပြီး၊ ပိုမို နားလည်မှုတွေ ရှိလာအောင်နဲ့ အောက်ခြေ အဆင့် အထိ တွေ့ဆုံ ဆက်ဆံမှုတွေ ရှိလာအောင် ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့လို့ ဘားအံမှာ အခုလို ရုံးဖွင့်ဖို့ ကိစ္စကို ကေအန်ယူ အတွင်းမှာ၊ စောစော ဖွင့်ချင်သူတွေနဲ့ နောက်ကျမှာ ဖွင့်ချင်သူတွေ ဆိုပြီး သဘောထား ကွဲပြားမှုတွေ ရှိနေပါတယ်။
ဒါကြောင့် မို့လို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့က ရုံးဖွင့်ဖို့ အတွက် ဘားအံကို ထွက်သွားတဲ့ ၂၇ ရက် နေ့မှာပဲ၊ ဒီအဖွဲ့ရဲ့ ဆောင်ရွက်ချက် တွေကို အသိအမှတ် မပြုကြောင်း KNU နိုင်ငံရေး ဦးဆောင်အဖွဲ့ က ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။
KNU နိုင်ငံ ရေးဦးဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက် အပေါ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးရဲ့ သဘောထားကို မသိရသေးပါ။


http://www.bbc.co.uk/burmese/burma/2012/09/120929_knu_hq_liaise_office.shtml

ကုလအထွေထွေညီလာခံမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောချိန် ကုလသမဂ္ဂ အဆောက်အဦရှေ့မှာ အမေရိကန်ရောက် ကချင်တိုင်းရင်းသားတွေ ဆန္ဒပြ

ကုလအထွေထွေညီလာခံမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောချိန် ကုလသမဂ္ဂ အဆောက်အဦရှေ့မှာ အမေရိကန်ရောက် ကချင်တိုင်းရင်းသားတွေ ဆန္ဒပြ

ဖားကန့်တွင် ရခိုင်အမျိုးသားပါ၀င်သော KIA စစ်သင်တန်းဆင်းပွဲ ပြုလုပ်


Hpakant-KIA-military-training
စက်တင်ဘာ ၂၈ ဖါးကန့် KIA တပ်ရင်း ၆ ၏ အမှတ်စဉ် (၁၀) အခြေခံစစ်တင်တန်းဆင်းပွဲ ကျင်းပနေပုံ။ ဓါတ်ပုံ - KNG ကချင်သတင်းဌာန
 
ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) ထိန်းချုပ်နယ်မြေရှိ တပ်စခန်း တစ်ခုတွင် ရခိုင်လူမျိုးပါ၀င်သော အမှတ်စဉ်(၁၀) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သင်တန်းကျောင်းဆင်းပွဲကို စက်တငဘာ ၂၈ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
KIA စစ်သင်တန်းဆင်းသူများတွင် အမျိုးသမီး ၁၃ ဦး၊ အမျိုးသား ၁၃၆ ဦး နှင့် ရခိုင်လူမျိုး ၂၉ ဦး စုစုပေါင်း ၁၇၈ ဦး ဖြစ်ကြောင်း တပ်ရင်း ၆ KIA အရာရှိတစ်ဦးပြောသည်။
သင်တန်းဆင်ပွဲအစီအစဉ်ကို အာနန် (Anang Hpyen It Dabang) တပ်စခန်းတွင် နံနက် ၁၁ နာရီမှ ၂ နာရီထိ ပြုလုပ်သွားခဲ့ကြောင်းသိရသည်။
အစီအစဉ်ပြုလုပ်ရာတွင် KIA ဗိုလ်ကြီး မဂျီနော်ရိန်း (Du Jum Maji Naw Ring)၊ တပ်ရင်းမှူး ဗိုလ်မှူး အင်ခွမ်ဇော်ဒွဲ (Dukaba Nhkum Zau Doi) နှင့် ဗိုလ်ကြီး ခေါင်ဂျုံး (Dukaba Hkawng Gyung) တို့မှ သင်တန်းဆင်း စစ်သားများအား အားပေးစကားပြောကြားခဲ့သည်။
အားပေးစကားပြောကြားရာတွင် ကချင်ပြည်နယ်ကို အားလုံးပူးပေါင်းကာကွယ်ရန် တာဝန်ဖြစ်ပြီး အစိုးရထံမှာ
တောင်းခံနေခြင်းအားဖြင့် ရလာမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ပါ၀င်တက်ရောက်သူ တစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ လွတ်လပ်ရေးရအောင် ယခင် ၁၉၆၀ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ မြန်မာအစိုးရဆီမှာ တောင်းခဲ့ တယ်။ ဒါပေမဲ့ မရခဲ့ဘူး။ အခုက ဘုရားသခင်ဆီမှာပဲတောင်းတယ်။ တိုက်ရိုက်ပေးနိုင်တာက ဘုရားသခင်ပဲ။ မကြောက်နဲ့ ကျနော်တို့ရဲ့ အောင်မြင်ခြင်းက ဘုရားသခင်ပဲဖြစ်တယ်။ ကျနော်တို့ သူများ နယ်မြေကို သွားတိုက်တာမဟုတ်ဘူး။ ဘုရားသခင်ပေးထားတဲ့ ကျနော်တို့ရဲ့ နယ်မြေကို ကာကွယ်တာပဲ။”
သင်တန်းဆင်းပွဲတွင် ပြည်သူလူထုများ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခုချိန် မြန်မာအစိုးရတပ်ဖွဲ့များသည် မြန်ကြီးနား-ဖားကန့်လမ်း၊ သာမခန်-ဖားကန့်သွားလမ်း ၂ ခုကိုဖောက်နိုင်ရန် အတွက် KIA တပ်ရင်း ၆ နယ်မြေဖြစ်သော ဖားကန့် ဆိုင်းဂျာဘွမ် (Seng Ja Bum)၊ ဂင်စီ (Ginsi) ကို သိမ်းပိုက်ပြီး တပ်ရင်း ၁၀ ခုဖြင့် စစ်အင်အား ၆၀၀ နှင့် ဖားကန့်ကို အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားကြောင်း သိရသည်။
ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသသည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်လုံးအတွက် အရေးပါသော စီးပွားရေးနယ်မြေဖြစ်ပြီး သြဂုတ်လကုန်ပိုင်းမှစ၍ အစိုးရတပ်များ စစ်ဆင်ရေးတိုးချဲ့လာ၍ တိုက်ပွဲများပြင်းထန်နေသော နယ်မြေဖြစ်သည်။
ထိုသို့ နှစ်ဖက်တင်းမာနေချိန် ယခုကဲ့သို့ KIA မှ ရခိုင်အမျိုးသားများပါ၀င်သော စစ်သင်တန်းကျောင်းဆင်းပွဲ ပြုလုပ်ခြင်းသည် လည်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။ 
 
http://kachinnews.com/burmese/news/963-kia-%E1%80%A1%E1%80%B1%E1%81%80%E1%80%B8%E1%80%91%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%99%E1%82%88-%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-%E1%81%85-%E1%80%A5%E1%80%AE%E1%80%B8-%E1%80%B1%E1%80%9E%E1%80%86%E1%80%AF%E1%80%B6%E1%80%B8.html

တရုတ် လုံကရောက်စခန်းမှ ပြောင်းရွှေ့ခဲ့သော ကချင်ဒုက္ခသည်များ အကူအညီလိုအပ်နေ


Hpyen-yen-masha-ni-Laiza
လိုင်ဇာအနီး ဒုက္ခသည်စခန်းမှ ဒုက္ခသည် နှစ်ဦး။
တရုတ်-မြန်မာနယ်စပ် မံစီမြို့နယ် ခခေ (Hka Hkye) ကျေးရွာ အစွန်းတွင်ရှိသော ကချင်ဒုက္ခသည် စခန်းတွင် အစားအသောက် အခက်အခဲကြုံတွေ့နေကြောင်း စခန်းတာဝန်ရှိသူများပြောသည်။
၎င်းဒုက္ခသည်စခန်းသည် မံစီမြို့နယ်တွင်ရှိပြီး  အခြားကျေးရွာ မြို့များနှင့် ဝေးသော သီးသန့် ဒုက္ခသည်စခန်း ဖြစ်ပြီး အကူအညီလိုအပ်နေခြင်းဖြစ်ကြောင်းသိရသည်။
ယခုချိန်ထိ ခခေ (Hka Hkye) ဒုက္ခသည်စခန်းတွင် မည်သည့်အဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှု ရောက်မလာသေးကြောင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဦးဒွဲလာ (Salang Doi La) ကပြောသည်။
“စက်တင်ဘာ ၁ ရက်နေ့တော့ တရုတ်ခရစ်ယာန်အသင်းကဆိုပြီး  ဆန်အိတ် ၄၀ လာပေးထားတယ်။ အဲဒါပဲ ရသေးတယ်။ ဖြစ်နိုင်သလိုပဲ စားနေတယ်။ ဒီတောက အရွက်တွေပဲရှာ စားနေတယ်။ ဆီတွေလည်း မစားရဘူး။ ဘယ်အဖွဲ့က အကူအညီမှ မရသေးဘူး။  အခက်အခဲက အများကြီးပဲ စခန်းတွေကိုလည်း ကောင်းကောင်း မဆောက်ယူရသေးဘူး။ ကျောင်းကိုလည်း ခေတ္တပဲဆောက်ယူထားတယ်ဆိုတော့ ကျောင်းသားတွေလည်း ပြွတ်သိပ်နေတာပဲ။ ကျောင်းလည်း ဆောက်ယူရအုံးမယ်။”
အဆိုပါဒုက္ခသည်စခန်းသည် တရုတ်ဖက်ခြမ်း နောင်တောင်းခရိုင်တွင် ခိုလှုံရာမှ ပြောင်းရွှေ့ခံခဲ့ရသော လုံကရောက် (Lung Krawk) စခန်းမှ ဒုက္ခသည်များဖြစ်ပြီး လနာ့ဇွပ်ဂျာ (Lana Zup Ja) သို့ မပြောင်းရွှေ့လိုသောကြောင့် ယခင်စခန်းနှင့် မျက်နှာချင်းဆိုင် နယ်စပ်ဖြစ်သော မြန်မာပြည်ဘက်ရှိ ကမ်းတလျှောက်တွင် စခန်းများဆောက်ကာ ပြောင်းရွှေ့နေထိုင်နေကြခြင်းဖြစ်ကြောင်းသိရသည်။
လုံကရောက် ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ရ၀၊ လူဦးရေ ၃၂၄ ဦး၊ စာသင်ကျောင်းကို မူကြိုမှ ဒုတိယတန်းထိဖွင့်ထားကာ ကျောင်းသူကျောင်းသားများ ၃၅ ယောက်ရှိရာ ဆရာမ ၂ ဦးမှ သင်ကြားပေးနေကြောင်း သိရသည်။
ယခုကဲ့သို့ အကူအညီမဲ့ အချိန်ကြာရှည် ရပ်တည်မည်ဆိုလျင် ဒုက္ခသည်စခန်းမှ ကလေးများနှင့် မိခင်များ အတွက် အဟာရချို့တဲ့ကာ ကျမ်းမာရေးထိခိုက်မည်ကို စခန်းတာဝန်ရှိသူများက စိုးရိမ်နေကြသည်။

http://kachinnews.com/burmese/news/

ကရင်အမျိုးသားအစည်းအရုံး အတွင်း သဘောထားကွဲ

KNU အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဟာ ဘားအံမြို့မှာ ဗဟို ဆက်ဆံရေး ရုံးဖွင့်ဖို့ ထွက်ခွာ သွားတာဟာ KNU ဗဟိုရဲ့ ဆုံးဖြတ်ချက် မပါဘဲ သွားရောက် တာ ဖြစ်တယ်ဆိုတဲ့ ကြေညာချက်ထွက် ပေါ်လာပါတယ်။
KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦး ရှိတဲ့ အထဲက ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုဒေးဗစ်ထောနဲ့ ပဒိုရောဂျာ တို့ သုံးဦးဟာ သူတို့ သဘောနဲ့ သူတို့ လုပ်ဆောင်သွားတာ ဖြစ်တယ်လို့ KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေ က ဘီဘီစီကို ပြောပါတယ်။
ဒါဟာ စုပေါင်း ခေါင်းဆောင်မှုနဲ့ ဗဟိုက ချမှတ်ထားတဲ့ အစည်းအဝေး ဆုံးဖြတ်ချက် တွေကို အလေးမထားပဲ လုပ်ဆောင်တာ ဖြစ်လို့ အရေးယူဖို့ ကိစ္စကိုတော့ စဉ်းစား ဆွေးနွေးဆဲ ဖြစ်တယ်လို့ ဗိုလ်မှူးစောလှငွေက ပြောပါတယ်။
KNU အဖွဲ့အစည်းမှာ ၄ နှစ် တကြိမ်ပြုလုပ်တဲ့ ကွန်ဂရက်က အမြင့်ဆုံး အာဏာပိုင် ဖြစ်ပြီး၊ အဲဒီ ကွန်ဂရက် ရွေးချယ် တင်မြောက် လိုက်တဲ့ ဗဟို ကော်မတီဝင် ၄၅ ဦးဟာ နိုင်ငံရေး စစ်ရေး အတွက် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်တယ်လို့ သူကပြောပါတယ်။
ဗဟိုကော်မတီ အစည်းအဝေးကို တနှစ်တကြိမ် ပုံမှန် ပြုလုပ်ပြီး ဗဟို ကော်မတီ ဝင်တွေ မအားလပ်တဲ့ အချိန်မှာ ၁၁ ဦး ပါဝင်တဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီ EC ကို တာဝန် လွှဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။


http://www.bbc.co.uk/burmese/burma/2012/09/120928_knu_knla.shtml


- ဆက်ဆံရေးရုံးကိစ္စ KNU သဘောကွဲ click
- KNLA စစ်ဦးစီးချုပ်၏ ဖားအံခရီးစဉ် KNU ဌာနချုပ်၏ အစီအစဉ်မဟုတ် click
- ဘားအံမြို့တွင် ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုက စီစဉ်ခြင်းမဟုတ်ဟု ကေအန်ယူ ထုတ်ပြန် click
- ဘားအံမြို့ ဗဟိုအဆင့် ဆက်သွယ်ရေးရုံး ဖွင့်ရန် KNU သဘောမတူနိုင်သေးပါ click
- ဖားအံတွင် ဖွင့်မည့် ဆက်ဆံရေးရုံးမှာ ဗဟိုဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု KNU ကြေညာချက်ထုတ် click
- ဖားအံဆက်ဆံရေးရုံး ကေအဲန်အယ်လ်အေ အနေဖြင့် ဖွင့်လှစ်မည် click
http://drlunswe.blogspot.com/

ကချင်စစ်ပွဲတွေအပေါ် သမ္မတက KIA ကို အပြစ်ဆို


အစိုးရသစ် တက်လာပြီးနောက် ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အပေါ် တပ်မတော်ဘက်ကနေ တိုက်ခိုက်မှုတွေ မလုပ်ဖို့ သမ္မတက အမိန့်ထုတ်ခဲ့ပေမယ့် KIA ဘက်က အဲဒီလို အမိန့်မထုတ်ခဲ့ဘူးလို့ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ သောကြာနေ့တုန်းက မြန်မာ သတင်းထောက် တချို့နဲ့ တွေ့ဆုံစဉ် ကချင်ကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်တွင်းက စစ်ပွဲတွေကြောင့် တိုင်းပြည်အတွက် ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ခဲ့ကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောပါတယ်။
ဒါပေမယ့် KIA အပါအဝင် တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ UNFC မဟာမိတ်အဖွဲ့ဘက်ကလည်း အစိုးရဘက်က ထိုးစစ်တွေ ရပ်ဖို့ဆိုပြီး တိုက်တွန်းခဲ့ တာတွေလည်း ရှိပါတယ်။
ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကိုယ်တိုင် ကိုယ်ကျ မပါဝင်နိုင်ပေမယ့် ဝန်ကြီးတွေက သူနဲ့ တွေ့ဆုံတာ၊ သူ့ဆီက အကြံဉာဏ်ယူတာတွေ ရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လည်း လက်ရှိ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင် ဆောင်ရွက်နေကြောင်း၊ သူ့ကို ဝန်းရံ ထောက်ခံသူတွေဟာလည်း အရင် စစ်အစိုးရအပေါ်မှာ အတိုက်အခံ လုပ်သလိုမျိုး လက်ရှိ အစိုးရအပေါ် လုပ်တာမျိုး မရှိတော့ပဲ၊ မထောက်ခံရင်တောင် ဆန့်ကျင်တာမျိုးတော့ မရှိကြောင်း သမ္မတက ပြောပါတယ်။
ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံရေးမှာ နိုင်ငံရေး တည်ငြိမ်မှု ရလာပေမယ့် သမ္မတအနေနဲ့ ကြုံရတဲ့ အခက်အခဲတွေထဲမှာ စီးပွားရေး တိုးတက်ဖို့ လိုသေးတာ၊ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရဖို့ လိုသေးတာတွေက အခက်အခဲတွေ ဖြစ်နေသေးကြောင်းလည်း သူက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ကနေ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထွက်ခွာဖို့ ရှိတယ်လို့ လည်း သိရပါတယ်။

http://www.bbc.co.uk/burmese/burma/2012/09/120929_president_utheinsein_press.shtml

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ရှိနေသေး


ယူကေ အခြေစိုက် NGO အဖွဲ့တစည်း တခုဖြစ်တဲ့ Child Soldiers International က မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ တော်တော်များများမှာ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေသေးတဲ့ အကြောင်း နောက်ဆုံး ထုတ်ဝေတဲ့'Louder than Words'လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ မှာ ဖော်ပြပါရှိ ပါတယ်။
၂၀၁၀ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၂ ခုနှစ် ဇွန်လအထိ ၂ နှစ်ခွဲ ကာလအတွင်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ အသက် ၁၈ နှစ်အောက်အရွယ်တွေကို စစ်သားအဖြစ် အသုံးပြုမှုတွေ ရှိနေသေးတဲ့အကြောင်း Louder than words ဆိုတဲ့ အစီရင်ခံစာက ရေးသား ဖော်ပြထားပါတယ်။
ကလေးစစ်သား အသုံးပြုမှု အရေအတွက် ဘယ်လောက် ရှိသလဲလို့ Child Soildiers International အဖွဲ့ရဲ့ ပြောခွင့်ရသူကို မေးကြည့်တော့ အရေအတွက်အားဖြင့် အတိအကျပြောဆိုဖို့ အလွန်ခက်ခဲတဲ့ အကြောင်း၊ ဒါကလည်း သက်ဆိုင်ရာ အစိုးရက လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာမှုတွေ လုပ်ခွင့် မပေးထားတာက အဓိက အကြောင်းအရင်း ဖြစ်ကြောင်းနဲ့ အရင်ကထက် စာရင် မြန်မာအစိုးရ အနေနဲ့ ပိုပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်လာတယ်လို့ အဲဒီ ပြောခွင့်ရသူက ပြောပါတယ်။
၁၈နှစ်အောက် အရွယ်တွေကို မြန်မာ့ တပ်မတော် ကနေ အသုံးပြုမှု ရှိနေရုံသာ မက ပြည်တွင်းက လက်နက်ကိုင် အင်အားစုတွေ ကလည်း အလားတူ အသုံးပြမှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
မြန်မာ့ ဥပဒေအရ အရွယ် မရောက်သေးသူတွေကို စစ်သားအဖြစ် အသုံးပြုခွင့် မရှိတဲ့ အတွက် အရွယ်မရောက်သေးသူတွေကို စစ်သားအဖြစ် အသုံးပြုခဲ့ရင် စုဆောင်းခဲ့တဲ့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူတာမျိုး တွေကို မတွေ့ဘူးလို့ သူက ဆက်ပြီးထောက်ပြ ပြောဆို သွားပါတယ်။
ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ ဥပဒေပြဌန်းချက် ရှိရမယ် ၊ အသက်အရွယ်နဲ့ ပတ်သက်ပြီး တိတိကျကျ စီစစ်ရမယ် ၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရပါမယ် ၊ နောက်ပြီး ကလေးစစ်သားအဖြစ် စုဆောင်းတဲ့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးမယူဘူးဆိုရင်တော့ ဒီကိစ္စတွေဆက်ပြီး ဖြစ်နေမယ်လို့ ပြောခွင့်ရသူက ဆိုသွားပါတယ်။
Child Soildiers International ရဲ့ ရှေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့ အခါမှာတော့ သူတို့ရဲ့ Louder than Words အစီရင်ခံစာကို မြန်မာ အစိုးရထံ တင်ပြမှာ ဖြစ်သလို ကလေးစစ်သား ပပျောက်ရေးအတွက် သူတို့ရဲ့ အချက် ၁၀ ချက်ပါ အကြံပေးချက်တွေကို အစိုးရအနေနဲ့ လုပ်ဆောင်သွားနိုင်အောင်လည်း ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း Child Soildiers International ရဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောသွားပါတယ်။

http://www.bbc.co.uk/burmese/burma/2012/09/120928_childsoiler_report.shtml

September 28, 2012

ဖားအံ့မြို့တွင်ဖွင့်လှစ်မည့် ဗဟိုအဆင့် ဆက်သွယ်ရေးရုံးနှင့် ပတ်သက်ပြီး KNU ဗဟိုဌာနချုပ်မှ ထုတ်ပြန်ကြေငြာချက်


ဖားအံ့မြို့တွင်ဖွင့်လှစ်မည့် ဗဟိုအဆင့် ဆက်သွယ်ရေးရုံးနှင့် ပတ်သက်ပြီး KNU ဗဟိုဌာနချုပ်မှ ထုတ်ပြန်ကြေငြာချက်


ကချင်ပြည်နယ်က ပဋိပက္ခတွေ အမြန်ဆုံး ပြေလည်အောင် ဖြေရှင်ပေးဖို့ သမ္မတ ဦးသိန်းစိန်ကို အမေရိကန်ရောက် ကချင်လူမျိုးတွေ ငြိမ်းချမ်းစွာ ဆန္ဒပြ (ရုပ်သံ)

ကချင်ပြည်နယ်က ပဋိပက္ခတွေ အမြန်ဆုံး ပြေလည်အောင် ဖြေရှင်ပေးဖို့ သမ္မတ ဦးသိန်းစိန်ကို အမေရိကန်ရောက် ကချင်လူမျိုးတွေ ငြိမ်းချမ်းစွာ ဆန္ဒပြ (ရုပ်သံ)

RCSS/SSA စစ်ကြောင်းနောက် အစိုးရတပ်နောက်ယောင်ခံလိုက်နေ

သျှမ်းပြည်တောင်ပိုင်းအတွင်းလှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA သွားလာလှုပ်ရှားရာလမ်း တလျှောက် အစိုးရတပ်က နောက်ယောက်ခံလိုက်နေကြောင်း ဒေသအတွင်းတပ်မှူးတဦးများက ပြောပါသည်။

RCSSSSA_soldiers
“စက်တင်္ဘာ ၇ ရက်နေ့ ဆားတောမှာ ဖြစ်တဲ့ တိုက်ပွဲက အစိုးရတပ် ၁၀ ယောက် လောက်ကျတယ်။ သေနတ်နှစ်လက်ရှုံးတယ်။ အဲဒါ ပြန် ၏ပေးလိုက်ပြီ။ ဒါပေမယ့် ကျနော်တို့နောက်ကို နောက်ယောင်ခံ လိုက်နေတုန်း၊ လူထုတွေကိုလဲပြောတယ်၊ သူပုန်တွေကို အထောက်အပံ့မပေးဖို့လဲ လူထုကိုတားမြစ်ထား တယ်။ ဘာသဘောလဲမသိဘူး” - ဒေသအတွင်းလှုပ်ရှားသည့် တပ်မှူးတဦးကပြောပါသည်။

ယခုလဆန်းပိုင်းမှစဉ် မိုင်းကိုင်၊ ရပ်စောက်၊ ကျေးသီး နှင့် သီပေါမြို့နယ်အကြား နယ်မြေအတွင်း လှုပ်ရှားနေ သော သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့နောက် အစိုးရတပ် ခလရ ၁၃၁ နှင့် ခလရ ၂၉၂ က နောက် ယောက်ခံ လိုက်နေကြောင်း၊ တိုက်ပွဲမဖြစ်စေရန် အထူးရှောင်ရှားမှုပြုနေရကြောင်း၊ အပစ်မရပ်စဉ်ကာလနှင့် အခြေအနေ ဘ၀ တူနေကြောင်း၊ ဒေသခံလူထုလည်း ထို့နည်းတူ စစ်ဘေးစစ်ဒဏ်ခံနေရဆဲဖြစ်ကြောင်း - ဆိုသည်။

“ကျနော်တို့နောက်ကို ဒီတိုင်းလိုက်နေရင်တော့ ကျနော်တို့ သည်းညီးခံတော့မှာမဟုတ်ဘူး၊ ၇ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲကလည်း ကျနော်တို့ကို ဘာညာမပြောဘဲနဲ့ ဘလိုင်းကြီး လာတိုက်တာ” - ဟု တပ်မှူးနောက် တဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်တို့ အပစ်ရပ်  ငြိမ်းချမ်းရေးတည်ဆောက်ပြီးကြောင်း ကြားသိရစဉ် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရကြောင်း၊ မိမိဝမ်းရေးအတွက် သွားလာလှုပ်ရှား လုပ်ကိုင်စားသောက်ရေးလွယ်ကူ လိမ့်မည် ဟု မျှော်လင့်ထားကြောင်း၊ သို့သော် ယခု တစ်ပြည့်တော့မည်ဖြစ်သော်လည်း အဘက်ဘက်ကိုကြောက်ရွံ့နေရဆဲ ဖြစ်ကြောင်း ဒေသခံအကြီးအကဲ တဦးကလည်းပြောပြပါသည်။

သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့လုံးနှင့် မြန်မာအစိုးရတို့သည် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ဆောက် နေပြီ၊ ထာ၀ရ ငြိမ်းချမ်းရေးအတွက် ဦးတည်နေပြီ ဟုဆိုသော်ငြားလည်း မြန်မာအစိုးရတပ်က သဘောတူညီမှု ချိုး ဖေါက်၍ တောတောင်အတွင်းလှုပ်ရှားနေသောကြောင့် တိုက်ပွဲ ပေါင်း ၃၄ ထက်မနည်း ဖြစ်ပွားခဲ့ရကြောင်း သျှမ်းပြည်တပ်မတော်ခေါင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3535--rcssssa-.html

ဆက်ဆံရေးရုံး ကိစ္စ KNU သဘောကွဲ

ကရင်ပြည်နယ် ဘားအံမြို့တွင် ဗဟို အဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်း အရုံး (KNU) အဖွဲ့မှ ခေါင်းဆောင်များ အကြား သဘောထား အမြင် ကွဲလွဲမှုများ ရှိနေကြသည်။

ဇန်နဝါရီ ၁၁ ရက်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်း။ ၀န်ကြီး ဦးအောင်မင်း ၏ ဘေး၌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဘယ်ဘက်မှ ဒုတိယ) ဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)

လာမည့် စနေနေ့တွင် KNU ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် အတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တပ်မဟာ ခေါင်းဆောင်တချို့ကို ဦးဆောင်၍ KNU ဗဟို ကော်မတီဝင်များနှင့် တိုင် ပင် ဆွေးနွေးခြင်း မရှိဘဲ ယမန်နေ့က ဘားအံမြို့သို့ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း KNU က ပြောသည်။
ဘားအံမြို့သို့ ထွက်ခွာသွားသည့် အဖွဲ့တွင် KNU တပ်မဟာ(၇)မှ ဗိုလ်မှူးချုပ် ဂျော်နီနှင့် တပ်မဟာ(၄) ဒေသ ထားဝယ်ခရိုင် ဥက္ကဌ ပဒို ကွယ်ထူးဝင်း၊ ပဒိုဒေးဗစ်ထော၊ ပဒိုရွှေမောင်း အပါအဝင် ကိုယ်စားလှယ် ၃၁ ဦး လိုက်ပါသွားကြောင်း သိရသည်။
ယင်း ခရီးစဉ်နှင့် ပတ်သက်၍ KNU အနေနှင့် ဆောင်ရွက်ခြင်း မဟုတ်သည့် အပြင် KNLA ဗဟို စစ်ဌာနချုပ်၏ အစီအစဉ် မဟုတ်၍ တွေ့ဆုံ ဆွေးနွေးမည့် အကြောင်းအရာများကိုလည်း KNU ဗဟိုမှ တစုံတရာ မသိရကြောင်း ယမန်နေ့က KNU ဗဟိုဌာနချုပ် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး သဘောတူညီမှု လက်မှတ်ရေးထိုးသည့် အကြိမ်တိုင်း၌ အစိုးရနှင့် KNUတို့ ၏ နှစ်ဦးနှစ် ဘက် သဘောတူညီမှု ဖြင့်သာ ဆောင်ရွက်ကြကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
KNU အဖွဲ့မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက“ဘာမှ တိုင်ပင် ဆွေးနွေးခြင်း မပြုဘဲ သူ့နောက်ကို လိုက်ချင်တဲ့လူ လိုက်ကြ သွားလုပ်ကြမယ်၊ ဆက်ဆံရေးရုံး သွားဖွင့်မယ်၊ ငါအကြီးအကဲပဲ ဆိုပြီးတော့ အဲဒီလို ခေါ်သွားတဲ့ ကိစ္စကို ဘယ်လိုလုပ် အာမခံလို့ ရမလဲ၊ ဒီကိစ္စက ဒီလိုဖြစ်နေတယ်၊ တာဝန်မယူနိုင်ဘူး ဆိုတာ အားလုံးကို အသိပေးတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဘားအံမြို့သို့ သွားရောက်ကြသည့် KNU ခေါင်းဆောင်များကို အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်းလည်း ဗိုလ်မှူး စောလှငွေ က ဆက်ပြောသည်။
“ဘယ်လို အရေးယူဆောင်ရွက် မလဲဆိုတာ တိုင်ပင်ဆွေးနွေးနေပြီ၊ KNU ရဲ့ မူမှာ အရေးယူဆောင်ရွက်မှုကတော့ သတိပေးတာရှိ တယ်၊ ပညာပေး ရှေ့ဆောင်တာရှိတယ်၊ ထုတ်လိုက်တာ ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။ သို့သော် မည်သို့ အရေးယူ ဆောင်ရွက် မည်ကို မသိရှိရသေးပေ။
KNLA တပ်ဖွဲ့သည် KNU ၏ ဌာန ၁၄ ခုရှိသည့်အနက် ကရင်အမျိုးသား ကာကွယ်ရေး ဌာန အုပ်ချုပ်မှုနှင့် ဦးဆောင်မှုအောက်တွင် ရှိသော အဖွဲ့တခု ဖြစ်ကြောင်း သိရသည်။
ဘားအံမြို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ပွဲကိုလည်း ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ၀န်ကြီး ဦးအောင်မင်းတို့ တက်ရောက်မည် ဖြစ်သည်ဟု ဆိုသည်။
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် ပါ၀င်သူ တချို့က ဗဟို ခွင့်ပြုချက် မပါဘဲ ယခုလ ၁၅ ရက်နေ့က ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ် တွင် ဆက်ဆံရေးရုံး ဖွင့်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦး က ပြောသည်။
KNU ဗဟိုနှင့် စစ်ဦးစီးချုပ်တို့ အကြား ယခုလဆန်းပိုင်းမှ စတင်၍ တဘက်နှင့် တဘက် အမိန့်နာခံမှုနှင့် ပတ်သက်၍ အပြန်အလှန် လေးစားမှု မရှိတော့ဘဲ ကြေးနန်းဖြင့်သာ နှစ်ဘက် သဘောထားများကို ပေးပို့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် ပြည်နယ် အဆင့် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့်  အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်သည်။
၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ်များကို ငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

http://burma.irrawaddy.org/archives/21577

ကချင်အမျိုးသမီးတဦး ပျောက်ဆုံးမှု အမှန် ဖော်ထုတ်ပေးရန် KWAT တောင်းဆို

ချင်းမိုင်(မဇ္စျိမ) ။         ။ ၁၁ လကြာ အစိုးရ စစ်တပ်မှ ဖမ်းဆီးသွားပြီးနောက် ယခုထိ ပျောက်ဆုံးနေသော ကချင်အမျိုးသမီး ဒေါ်ဆွမ်လွတ် ရွယ်ဂျား နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးကာ မှန်ကန်စွာ တရားစီရင်ပေးရန် သမ္မတ ဦးသိန်းစိန်ထံ ကချင်အမျိုးသမီး အစည်းအရုံး KWAT က တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) လက်အောက်ခံ လွယ်ဂျယ် မြို့နယ်၊ လွယ်လုံတောင် မုဘွမ်အခြေစိုက် တပ်ရင်း (၃၂၁) တပ်သားများက မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ခိုင်ဗန်း ကျေးရွာနေ ဒေါ်ဆွမ်လွတ်ရွယ်ဂျား အား ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးနှင့် မျှတသော တရားစီရင်မှု ဖော်ဆောင်ပေးရန်ရန် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

“ကျမတို့ အမှန်တရားကို လိုချင်တယ်။ သတ်လိုက်ပြီဆိုရင်လည်း သတ်လိုက်ပြီ ဆိုတာ သိချင်တယ်။ ခု သူတို့ လိမ်နေတယ်။ ခုတော့ တရားမျှတမှုက မပြောနဲ့ အမှန်တရားတောင် မပေါ်ဘူး။ အမှန်တရား ပေါ်ပေါက်မှ တရားမမျှတမှု ရှိမယ်လေ” ဟု KWAT မှ တာဝန်ရှိသူ ဒေါ်မွန်းနေလီ က မဇ္စျိမကို ပြောသည်။

ဒေါ်ရွယ်ဂျား၏ အမှုကို ကုလသဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွန်တားနား၏ အဖွဲ့မှ KWAT ထံ လာရောက်မေးမြန်းမှုများ ရှိခဲ့ပြီးဖြစ်၍ တုံ့ပြန်မှု ရှိမည်ဟု မျှော်လင့်ကြောင်း ဒေါ်မွန်းနေလီက ဆက်ပြောသည်။

“တခုခု လုပ်ဆောင်ပေးမယ်လို့ မျှော်လင့်တယ်။ ကုလသမဂ္ဂ ဒီလူ့အခွင့်အရေး ကိုယ်စားလှယ် တွေကလည်း
မေးမြန်းတာတွေ ရှိတယ်ဆိုတော့ သူတို့ဘက်က တခုခု တုံ့ပြန်မယ်လို့ မျှော်လင့်တယ်” ဟု ဒေါ်မွန်းနေလီ က ဆိုသည်။

လာရောက်ဖမ်းဆီးသည့် တာဝန်ရှိသူများကို အရေးယူပေးရန် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် တရားချုပ်ရုံးသို့ ခင်ပွန်းဖြစ်သူ ဦးဒေါင်လွမ်း က တင်ပြခဲ့သော်လည်း တရားရုံးက လျှောက်ထားခွင့်မရခဲ့သည့်အပြင် အထောက်အထား ခိုင်လုံမှု မရှိဟုဆိုကာ ပယ်ချခဲ့သည်။

စွပ်စွဲထားသည့်အတိုင်း ဒေါ်ဆွမ်လွတ် ရွယ်ဂျားကို ဖမ်းဆီးထားခြင်း မရှိကြောင်း မပခ လက်အောက်ခံ တပ်ရင်း ၃၂၁ မှ ဗိုလ်ကြီး ကျော်ကျော်ဌေးနှင့် ခလရ ၃၇ မှ ဗိုလ်မှူး ဇေယျာအောင်တို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လျှောက်လဲ ချက်ပေးခဲ့သဖြင့် တရားရုံးချုပ်က ပယ်ချလိုက်ခြင်း ဖြစ်သည်။

“တရားသူကြီးသည် စွပ်စွဲခံရသူများဘက်မှ ထွက်ဆိုသော ထွက်ဆိုချက်တခုတည်းကို အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်သည်။ ထိုပြစ်မှုအား ဒေသခံ အာဏာပိုင်များထံသို့ မည်သည့်အခါမှ တင်သွင်းတိုင်ကြားခဲ့ခြင်း မရှိဟု တရားသူကြီးက အစီရင်ခံစာတွင် မှားယွင်းစွာ ဖော်ပြခဲ့သည်” ဟု အိတ်ဖွင့်စာတွင် ပါရှိသည်။

ဖမ်းဆီးခံရသူ၏ ယောက္ခမသည်လည်း ပြည်နယ်ဝန်ကြီးချုပ်၊ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တပ်ရင်း ၃၂၁ တပ်ရင်းမှူးများထံသို့ အသနားခံစာ တင်သွင်းခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/10182-----kwat-.html

အစိုးရစစ်သားများ ကလေးမိခင်တစ်ဦးအား အဓ္ဓမပြုကျင့်၍ သတ်ရန်ကြိုးစား


burmese-soldier
ရှမ်းမြောက် ကွတ်ခိုင်မြို့ အနီးတွင် လုံခြုံရေးယူနေသော မြန်မာစစ်သား တစ်ဦး။
 
ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၄) လက်အောက် တပ်ရင်း (၈) နယ်မြေ အောင်နန်းကျေးရွာမှ အသက် (၂၉) နှစ်အရွယ် ကလေးမိခင်တစ်ဦးကို မြန်မာအစိုးရစစ်သားများသည် နေအိမ်သို့ဝင်ရောက်ကာ အဓ္ဓမပြုကျင့်၍ သတ်ဖြတ်ရန်ကြံစည်ခဲ့ကြောင်း ဒေသခံများပြောသည်။
အဆိုပါကလေး ၃ယောက် မိခင်ဖြစ်သော ရှမ်းအမျိုးသမီးသည် နေအိမ်တွင်း အဝတ်လျှော်နေစဉ် အစိုးရစစ်သား ၃ ဦး ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး သတ်ရန်ကြိုးစားနေချိန် ၄င်း၏အမျိုးသား ပြန်လာသောကြောင့် အသက်လွှတ်သွားခဲ့ရကြောင်း ဒေသခံတစ်ဦးပြောသည်။
“အဲဒီမိန်းကလေးက ကလေးမွေးတာ ၁ လကျော်ပဲရှိသေးတယ်။ သူကအိမ်နောက်ဖက်မှာ ကလေးအနှီး လျှော်နေတယ်တဲ့။ အဲဒီမှာပဲ အဓ္ဓမပြုကျင့်ပြီးတော့ လေပင်းညစ်သတ်နေတဲ့အချိန် သူ့ယောကျင်္ားပြန်လာတာနဲ့ တွေ့တော့ ပြန်ထွက်ပြေးသွားကြတယ်တဲ့။”
ထိုသို့ဝင်ရောက်လာသော အစိုးရစစ်သား ၃ ဦးသည် ဗိုလ်ကြီး ထွန်းထွန်းနိုင် ဦးဆောင်သော နမ္မတူ (Namtu) အခြေစိုက် ခလရ (၂၄၇)မှ စစ်သားများဖြစ်ကြောင်း ဒေသခံများပြောသည်။
ယခုအချိန် အဆိုပါအမျိုးသမီးသည် ဂယောင်ချောက်ချား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပြီး ၄ ရက်ခန့် ဆေးကုသမှုခံယူနေကြောင်း နီးစပ်သော ဒေသခံများက KNG ကချင်သတင်းဌာနသို့ ပြောသည်။ 
 
http://kachinnews.com/burmese/news/962-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%99%E1%80%AD%E1%80%81%E1%80%84%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%A5%E1%80%AE%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%A1%E1%80%93%E1%81%B6%E1%80%99%E1%80%BB%E1%80%95%E1%80%B3%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B7%E1%81%8D-%E1%80%9E%E1%80%90%E1%80%B9%E1%80%9B%E1%80%94%E1%80%B9%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%B8%E1%80%85%E1%80%AC%E1%80%B8.html

ထိုးစစ် ရှိနေသရွှေ့ အပစ်အခတ် ရပ်စဲရေး မရနိုင်

NCUB_02_xz
အစိုးရ တပ်မတော် အနေဖြင့် တိုင်းရင်းသား အဖွဲ့ အစည်းများ အပေါ် ထိုးစစ်ဆင် နေမှုများ  မရပ်စဲသမျှ ကာလ ပတ်လုံး အပစ် အခတ် ရပ်စဲရေး ဆိုမှာလည်း  ဖြစ်လာနိုင်မည် မဟုတ်ကြောင်း လောလောဆယ် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ်များက ယမန်နေ့က ထုတ်ပြန် ပြောဆို ခဲ့ပါသည်။

စစ်ဆင်မှုများ ဆက်လက် ရှိနေပါက အေးချမ်း တည်ငြိမ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလည်း ဖြစ်လာရန် မလွယ်ကူကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် ဤကိစ္စအတွင် အစိုးရ တာဝန် ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရန် အမြဲ အဆင်သင့်ရှိ နေသော်လည်း နိုင်ငံတကာ၏ ပါ၀င် ဆောင်ရွက်မှု အထောက် အကူများ လိုအပ်ကြောင်း ပြောပါသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ် များသည် မြန်မာ နိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေနှင့် ပတ်သက်ပြီး ကုလ သမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသော နိုင်ငံတကာ ကိုယ်စားလှယ်များအား ရှင်းလင်း တင်ပြနိုင်ရန် အမေရိကန် ပြည်ထောင်စုရှိ နယူးယောက်မြို့ ကုလ သမဂ္ဂ ရုံးကို ရောက်ရှိနေခြင်း ဖြစ်ပါသည်။

http://phophtaw.org/burmese/index.php/statement-pressrelease/statement/2162-2012-09-28-08-15-49.html

ဤအဖွဲ့ကို NCUB ဥက္ကဋ္ဌလည်း ဖြစ်ပြီး UNFC ဒုဥက္ကဋ္ဌ လည်းဖြစ်သည့် ပဒို စောဒေးဗစ်တာကပေါ ဦးဆောင်သည့် အဖွဲ့သည် နယူးယောက်၌ ကျင်းပနေသော  ကုလ သမဂ္ဂ ညီလာခံ ကိုယ်စားလှယ်များနှင့် အမေရိကန် အစိုးရ အရာရှိများအား တွေ့ဆုံ ကြရန် ရှိသည်ဟု ဆိုပါသည်။
UNFC သည် အစိုးရနှင့် လိပ်ခဲ တင်းလင်း ဖြစ်နေသော အပစ်အခတ် ရပ်စဲရေး ကိစ္စနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ၏ အခြေ အနေမှန်များကို နိုင်ငံတကာသို့ တင်ပြလိုခြင်း ဖြစ်ပါသည်။
အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ အဖွဲ့ ဒုဥက္ကဌလည်းဖြစ် အမျိုးသား လုံခြုံရေး ဌာန ၀န်ကြီး ဦးအောင်မင်းသည်၊ မြန်မာနိုင်ငံတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့မှ တပါး အခြား တိုင်းရင်းသား အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ရရှိနေပြီး ဖြစ်သဖြင့် ငြိမ်းချမ်းနေပြီး ဖြစ်ကြောင်းကို အမေရိကန် ပြည်ထောင်စု ရောက်နေခိုက် ပြည်ပ မီဒီယာများနှင့် ပြောကြား နေခဲ့ပါသည်။

NCUB_0111qazcတပ်ချုပ်ကြီး ဗထူး စခန်းသို့ သွားရောက်စဉ်

ဤသို့ကြောင့် UNFC သည် အမေရိကန် ကွန်ဂရက် အမတ်များ၏ အကူအညီဖြင့် ကုလ သမဂ္ဂ ကိုယ်စားလှယ်များ သိလို သော မေးခွန်းများနှင့် အခြေအနေမှန်များကို ဖြေကြားနိုင်ရန် ဤခရီးစဉ်ကို စတင် လိုက်ခြင်း ဖြစ်ပါသည်။
အစိုးရသည် ဤနည်းဖြင့် နိုင်ငံတကာကို တဖက်သတ် ပြောကြား လာခဲ့သည်မှာ အစိုးရ ခေတ်အဆက်ဆက်ပင် ဖြစ်ပါသည်။ ဤနည်းဖြင့် နိုင်ငံတကာ မိသားစု များကလည်း မြန်မာနိုင်ငံ၏ အခြေအနေကို တဖက်သတ်သာ သိထား ခဲ့ပါသည်။ သို့သော် ယနေ့ အခြေအနေ၌ တိုင်းရင်းသားများ ဖက်မှလည်း ပြောခွင့် ရရန် လိုအပ် နေသဖြင့် အမေရိကန် ဖက်မှ ဖန်တီး ပေးလိုက်ခြင်း ဖြစ်ပါသည်။
မြန်မာ အစိုးရ တရပ် အနေဖြင့် ကုလ သမဂ္ဂခုံကို အသုံးချပြီး မိမိတို့၏ အခြေအနေနှင့် မူဝါဒ သဘော ထားများ ကြေညာခွင့်ကို နှစ်ပေါင်းများစွာ ရရှိခဲ့ပါသည်။ သို့သော်လည်း တိုင်းပြည် ချွတ်ချုံ ကျလာပြီး ပြည်တွင်းစစ် ဆက်ရှိ နေသေးသည်မှာ ထင်ရှားဆဲ ဖြစ်နေသည့် အတွက် ကမ္ဘာ ကလည်း ယုံကြည်မှု နည်းလာခဲ့ခြင်းဖြစ် သည်ဟု ဝေဖန် သူများက ဆိုပါသည်။ ယခုလည်း ပြုပြင် ပြောင်းလဲ နေပါသည်ဟု ဆိုသော်လည်း အခြေအနေမှန်ကို သိနိုင်ရန် လိုအပ် နေဆဲ ဖြစ်ကြောင်း သုံးသပ်သူများက ဆိုပါသည်။

အစိုးရ လုပ်ရပ်များအပေါ် တိုင်းရင်းသားများ သံသယရှိကြောင်း အမေရိကန်ကို ပြော

ချင်းမိုင်(မဇ္စျိမ) ။      ။ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ လက်တွေ့ လုပ်ဆောင်ရာတွင် တိုင်းရင်းသားများအနေနှင့် မေးခွန်းထုတ်စရာ သံသယများ ရှိနေဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိကြီးများနှင့် တွေ့ဆုံစဉ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့မှ ကိုယ်စားလှယ် များက ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

အရှေ့အာရှနှင့် ပစိဖိဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲ Kurt Campbell ၊ လက်ထောက် ဒု-နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်တို့ အပါအဝင် အမေရိကန် အစိုးရအရာရှိများနှင့် စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း NCUB ၏ အမေရိကန် ပြည်ထောင်စု ဒါရိုက်တာ ကိုမိုးချမ်း က ပြောသည်။

“တိုင်းရင်းသားတွေက အပစ်အခတ် ရပ်စဲရေး မအောင်မြင်တဲ့ ကိစ္စတွေ၊ ကချင်နဲ့ ရှမ်းမှာ တိုက်နေတဲ့ကိစ္စတွေ၊ စစ်အစိုးရက ဒီအချိန်အထိ လူတွေကို ခွဲခြား ဆက်ဆံပြီးတော့မှ အုပ်ချုပ်နေသလားဆိုတဲ့ မေးခွန်းတွေ သူတို့မှာ ရှိနေတယ်။ အစိုးရ ဆက်ဆံနေတဲ့ ပုံစံက အမြဲတမ်း ခွဲထုတ်ပြီးတော့မှ တောင်ပိုင်းမှာတော့ ငြိမ်းချမ်းရေးလုပ်တယ်။
မြောက်ပိုင်းမှာတော့ ကချင်နဲ့ ရှမ်းကို ထိုးစစ်ဆင်နေတယ်ဆိုတော့ ဘာသဘောလဲဆိုတာ သူတို့မှာလည်း မေးခွန်း
တွေ မေးဖို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သံသယကြီးစွာ ရှိနေပါတယ်” ဟု မဇ္စျိမကို ပြောသည်။

NCUB ဥက္ကဋ္ဌ၊ UNFC ဒု- ဥက္ကဌ ဒေးဗစ်သာကဘော ဦးဆောင်သည့် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့တွင် UNFC အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ နိုင်ငံခြားရေး အဖွဲ့ဝင် Sao Swy Mangrai၊ UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်မှူးကြီး လအောင်နှင့် ကိုမိုးချမ်းတို့ ပါဝင်သည်။

သမ္မတ ဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအပေါ် ကြိုဆိုသော်လည်း တိုင်းရင်းသားအရေး ဖြေရှင်းမှုတွင် လက်တွေ့ ကျကျ အကောင်အထည်ဖော်ရန်နှင့် သမ္မတသည် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ခံ တပ်မတော်၏ သြဇာလွှမ်းမိုးမှု ရှိလားဆိုသည့် မေးခွန်းများ ရှိနေပြီး သံသယရှိနေကြောင်း သူက ဆိုသည်။

“တပ်မတော်ပေါ်မှာ သြဇာလွှမ်းမိုးမှု မရှိဘူးဆိုရင် အနာဂတ် အောင်မြင်ပါ့မလား။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ၊ နိုင်ငံရေးစကားပြောမယ့် ကိစ္စတွေ အောင်မြင်ပါ့မလားဆိုတဲ့ မေးခွန်းတွေက တိုင်းရင်းသားခေါင်းဆောင်
တွေမှာ ရှိနေပါတယ် ဆိုတာတွေ ပြောတယ်” ဟု ကိုမိုးချမ်း က ပြောသည်။

သမ္မတ ဦးသိန်းစိန်က နေပြည်တော်သို့ လာရောက်ရန် KIO အား တရားဝင် စာဖြင့် ဖိတ်ခေါ်ခြင်း မရှိသေးဘဲ ဝန်ကြီး ဦးအောင်မင်း ကသာ မီဒီယာများတွင်သာ ပြောဆိုခြင်း ဖြစ်သည်ဟု KIO မှ ဗိုလ်မှူးကြီး လအောင်က ရှင်းပြခဲ့သည်ဟု သိရှိရသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်၏ လူ့အခွင့်အရေး ထိုးဖောက်မှု မှတ်တမ်းများကိုလည်း တင်ပြနိုင်ခဲ့ သည်ဟု ဆိုသည်။

ကိုယ်စားလှယ်များသည် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ တက်ရောက်နေသော ကုလအဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံခွင့် ရရန် ကြိုးစားနေပြီး

မြန်မာ့အရေး စိတ်ဝင်စားသော NGO များနှင့် အမေရိကန် နိုင်ငံတွင် နေထိုင်နေသော တိုင်းရင်းသားများနှင့် တွေ့ဆုံ
ဆွေးနွေးခဲ့ကြသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်ပေးနေသော အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီယွန်းနှင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်ဟု ဆိုသည်။

ယခု ခရီးစဉ်သည် တိုင်းရင်းသားတပ်ပေါင်းစု သဘောဆောင်သည့် UNFC နှင့် NCUB တို့၏ ပထမဆုံး ပူးတွဲခရီးစဉ်
ဖြစ်သည်။

ယင်းအဖွဲ့နှစ်ဖွဲ့ ခေါင်းဆောင်များသည် မတ်လအတွင်းက အစည်းအဝေးတခု ကျင်းပ၍ အစိုးရအား ၂ဝ၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ပြဿနာများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် ဆုံးဖြတ်နိုင်ခဲ့သည်ဟု သိရသည်။

NCUB ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ်များ၊ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒီမိုကရက်တစ် အတိုက်အခံများဖြင့် ၁၉၉၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။

UNFC ကို တိုင်းရင်းသား အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပြဿနာများကို ဆွေးနွေးဖြေရှင်းနိုင်ရေးအတွက် ဗုဒ္ဓဟူးနေ့ကလည်း သမ္မတ ဦးသိန်းစိန်ထံသို့ UNFC မှ အိတ်ဖွင့်ပေးစာ တစောင် ပေးဖို့ထားသည်။

၎င်း အိတ်ဖွင့်ပေးစာတွင် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းပါ အချက် ၈ ချက် အနက် အမှတ် (၅)၊ (၆)၊ (၇) နှင့် (၈) တို့ ဖြစ်သော ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို လွှတ်တော်အတွင်းမှ သဘောတူ ဆောင်ရွက်ရေး၊ ထာဝရ ငြိမ်းချမ်းရေး အတွက် ဥပဒေဘောင် အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံနှင့် အညီ တန်းတူညီတူ နေထိုင်သွားလာလုပ်ကိုင် စားသောက်ရေးနှင့် ဖွဲ့စည်းပုံဥပဒေနှင့်အညီ တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်းပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး ဆိုသည့် အချက်များမှာတန်းတူခြင်း၊ လွတ်လပ်ခြင်းနှင့် မျှတခြင်း မရှိ၍ လက်မခံနိုင်ကြောင်း ဆိုထားသည်။

ထိုအချက်များသည် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းခြင်း မပြုသေးမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ချုပ်ကိုင်ပြီး လိုသလို ပုံသွင်းနိုင်ရန် စီမံထားသော အချက်များ ဖြစ်သည်ဟု ရှုမြင်သည်ဟု ဖော်ပြထားသည်။

http://www.mizzimaburmese.com/news/regional/10180-2012-09-28-10-44-31.html

ကချင်အဖွဲ့ ၂၃ဖွဲ့မှ ဒုက္ခသည်များအရေး ဒေါ်အောင် ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့

စက်တင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ပြည်ပအခြေစိုက် ကချင်အဖွဲ့အစည်း (၂၃)ဖွဲ့မှ ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ရည်ရွယ်၍ စက်တင်ဘာလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်း စုကြည်အား အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ်ခဲ့သည်။
ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသော တရုတ်ပြည်နယ်စပ် မိုင်ဂျာယန်ရှိ ဒုက္ခသည်များ၏ အခြေအနေမှန်ကို ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခြင်းအားဖြင့် ဒုက္ခသည်များ၏အရေးနှင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ကာ ယခုလို အိတ်ဖွင့်ပေးစာ ပေးအပ်ခြင်းဖြစ်ကြောင်း ကချင်ကျောင်းသားလူငယ်များသမဂ္ဂမှ အထွေထွေအတွင်းရေး မှူးဖြစ်သူ ကိုနော်ဆန်းက ပြောသည်။
“ဒေါ်စုအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်းဖြစ်၊ အများက လေးစားရတဲ့ အထင်ကရပုဂ္ဂိုလ်လည်းဖြစ်တယ်။ ပြီး တော့ ဒုက္ခသည်အရေးကို ကိုယ်တိုင်တွေ့မြင်ခြင်းအားဖြင့် သူတို့အရေးအတွက် တစ်စုံတစ်ခု ဖြစ်လာဖို့ မျှော်လင့်မိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာအစိုးရစစ်တပ်နှင့် KIA တို့ကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ၁သိန်းဝန်းကျင်ခန့်ရှိလာပြီး ဒုက္ခ သည်များမှာ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်ကြောင်း သိရသည်။
“မြန်မာအစိုးရစစ်တပ်အနေနဲ့ ရှေ့တန်းမှာ တပ်ရင်းပေါင်း တစ်ရာကျော်နဲ့ ထိုးစစ်ဆင်နေတယ်။ နောက်ပြီး ဒေသခံရွာသူရွာသား တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အခါကျတော့ ဒုက္ခသည်ဦးရေ တိုးလာတာပေါ့”ဟု ကိုနော်ဆန်းက ဆက်လက် ပြောဆိုသည်။
ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေကြရသော ဒုက္ခသည်များသည် အစားအသောက်၊ နေထိုင်ရေး၊ ကျန်းမာရေး အခြေ အနေများ ဆိုးဝါးလျှက်ရှိပြီး အကူအညီများစွာ လိုအပ်လျှက်ရှိကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ မွန်းနေလီက ပြောသည်။
မိုင်ဂျာယန်သို့ လာရောက်မည်ဆိုပါက KIA/KIO တို့၏ ထိန်းချုပ်နယ်မြေအတွင်းဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လုံခြုံ ရေးအရ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် KIA တာဝန်ရှိသူများနှင့် သွားရောက်ညှိနှိုင်းမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ကချင်အဖွဲ့ အစည်းများက ဆိုသည်။
ထို့အပြင် ယခုလက်ရှိ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်အား အမေရိကန်နိုင်ငံရောက် ကချင်လူမျိုး ၄၀ ကျော်က သမ္မတကြီးထံ စာတစ်စောင် ပေးအပ်ခဲ့ပြီး စစ်ရပ်ဆိုင်းရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြကြသည်။
ယခုလို အိတ်ဖွင့်ပေးစာ တောင်းဆိုမှုတွင် ထိုင်း၊ မလေးရှား၊ ဂျပန်၊ အမေရိကန်၊ ဒိန်းမတ်၊ နယ်သာလန် စသည့်နိုင်ငံ (၂၃)ရှိ ကချင်အဖွဲ့အစည်းများ ပါ၀င်ကြပြီး မြန်မာပြည်တွင်းရှိ ကချင်အဖွဲ့အစည်းများမှာမှု စိုးရိမ်စရာ အခြေအနေများကြောင့် ပါ၀င်နိုင် ခြင်း မရှိဘူးဟု သိရှိရသည်။
ကချင်အဖွဲ့အစည်းများမှ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် အိတ်ဖွင့်ပေးစာပေး၍ တောင်းဆိုမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အကြောင်းပြန်ကြားခြင်း တစုံတရာ မရှိသေးကြောင်း သိရသည်။

http://www.kicnews.org/?p=13507

လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေမှုကို ကြိုတင်တားမြစ်ပေးရန်အဆို နတလဝန်ကြီးကဦးဆောင်ကန့်ကွက်

n-kham-ayeယမန်နေ့က သုံးရက်မြောက်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေသဖြင့် မဖြစ်ခင် တားမြစ်သင့်သည် ဟူသည့် ကျားဖြူလွှတ်တော်အမတ်၏ အဆိုကို နတလဝန်ကြီးကဦးဆောင်၍ ကန့်ကွက်လိုက်ကြောင်း လွှတ်တော်အမတ်များ  ကပြောသည်။
ကျားဖြူပါတီပြည်နယ်လွှတ်တော်အမတ်နန်းခမ်းအေး(ဓါတ်ပုံသျှမ်းသံတော်ဆင့်)

“ကျားဖြူပါတီက နန်းခမ်းအေးက နမ္မတူဘက်မှာ အစိုးရအာဏာပိုင်တွေကနေ အရင်းရှင် စီးပွားရေးလုပ်ငန်းရှင်တွေကို ရွာ သားတွေရဲ့စိုက်ပျိုးမြေ (အစိုးရအခေါ်မြေလွတ်မြေရိုင်းပေါ့ဗျာ) ရောင်းချပေးနေတဲ့ကိစ္စ  လူမျိုးရေးပဋိပက္ခအသွင် ဆောင် နေတာကို ဟန့်တားပေးသင့်တယ် လို့ တင်ပြတောင်းဆိုတယ်။ အဲတာကို နတလ ဝန်ကြီးက လက်မခံဘူး။ အဲတာနဲ့ မဲခွဲဆုံး ဖြတ်မယ်လို့ ပြောတယ်။ ဝန်ကြီးဗိုလ်မှူးကြီးအောင်သူ ကိုယ်တိုင်ဦးဆောင်ပြီး ကန့်ကွက်ကြောင်း မတ်တပ်ထရပ်တယ်။ စစ် ဘက်ကရော ပြည်ခိုင်ဖြိုးထဲကပါ လိုက်ပြီးရပ်တယ်။” ဟု ပြည်နယ်လွှတ်တော်အမတ်တဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

ယမန်နေ့က အစည်းအဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦးရှိရာ ၇၀ : ၆၀ မဲ ဝန်းကျင်ဖြင့် အဆိုဘက်မှ ရှုံးသွားကြောင်း ထောက်ခံသည့်လွှတ်တော်အမတ်တဦးကလည်းပြောပါသည်။

နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံများ၏ လယ်ယာမြေများကို မြေတိုင်းဦးစီးဌာန၌ စာရင်းမရှိဟုဆိုကာ ကျေးလက်ပိုင် လယ် ယာမြေများအားသိမ်းယူ၍ တရုတ်လူမျိုးငွေရှင်များကိုလုပ်ကိုင်ခွင့်ပြုထားသောကြောင့် ရွာသားများ မကျေမနပ်ဖြစ်နေကြ ကြောင်း၊ ရှေ့ ဆက်မည်သို့ဖြစ်လာမည် မခန့်မှန်းနိုင်သဖြင့် (ရခိုင်တွင်ဖြစ်နေသော ပဋိပက္ခကဲ့သို့အလားတူ) လူမျိုးရေး ပဋိပက္ခအသွင်ဆောင်နေမှုကို ဟန့်တားထားသင့်သည်ဟု ကျားဖြူပါတီ၏ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး ကတင်ပြခြင်းဖြစ်ကြောင်း  တောင်ကြီးဒေသခံ လွှတ်တော်အမတ်တဦးကလည်း ဆိုပါသည်။

“နတလ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက  လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းထားပြီးဖြစ်လို့ စိုးရိမ်စရာမလို ဘူးလို့ လို့ပြောတယ်၊ ကန့်ကွက်ကြတယ်။ ဒါပေမယ့်အံ့ဩတာက တပ်မတော်သား ကိုယ်စားလှယ် ၅ ယောက်က နန်းခမ်းအေးရဲ့ အဆိုကိုထောက်ခံတယ်။ ထမရပ်ဘူး။ နောက်ပြီး ပြည်ခိုင်ဖြိုးပါတီထဲက တိုင်းရင်းသားတချို့ပေါ့ မကန့်ကွက်ကြဘူး။ လွှတ် တော်ပြင်ပရောက်တော့ မတ်တပ်ရပ်ကန့်ကွက် ကြတဲ့အမတ်တွေထဲက သူတို့အချင်းချင်းပြန်ပြောကြတယ်။ ဝန်ကြီးတောင် မှ ကန့်ကွက်တော့ သူတို့လဲ အလိုက်သင့် မတ်တပ်ရပ်ရတာပါတဲ့” - ဟု သံလွင်အရှေ့ခြမ်းမှ ပြည်ခိုင်ဖြိုးလွှတ်တော် အမတ်တဦးကလည်းပြောပါသည်။

၎င်းနှင့်ပတ်သက်၍ နန်းခမ်းအေးကလည်း“ ကျမကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့ဆန္ဒအပေါ် အလေးထားမှု၊ တန်ဖိုးထားမှုနဲ့ တိုင်းတာပြီးတော့ ဆုံးဖြတ်စေချင်တယ် လို့တင်ပြလို့ ဝန်ကြီးက မဲခွဲဆုံးဖြတ်လိုက်တာဖြစ် တယ်။ ပြည်သူတွေအတွက်ဘဲလုပ်မယ်လို့ဆုံးဖြတ်ပြီး လွှတ်တော်ထဲဝင်လာတဲ့ လူတွေမဟုတ်လား။ ဒီအဆိုပယ်ခံရလို့ ဝမ်းမနည်းပါဘူး၊ ပညာတခုထပ်ရသွားတာပေါ့။” ဟု ဆိုပါသည်။

မူဝါဒတခုကို တသမတ်တည်းကျင့်သုံးနေမှုမပြုသင့်ကြောင်း၊ ပြောင်းလဲလာသည့်အခြေအနေအပေါ် အထိုက် အလျောက် ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ယခုတင်ပြမှုမှာလည်း ဥပဒေအဖြစ်ရေးဆွဲရန်မဟုတ်၊ မီးဘေးရှောင်မလောင်ခင်တား သဘောမျိုးသာ ကြိုတင်ပြောပြခြင်းဖြစ်ကြောင်း၊ အဆိုတိုင်းမှာ ဥပဒေ ဖြစ်မလာနိုင်သည်ကိုနားလည်ကြောင်း ၎င်းက ဆက်လက် တင်ပြ ခဲ့သည်ဟု ဆိုပါသည်။

အထက်မှ လုပ်ကိုင်ခွင့်ပါမစ်ရထားသည့် မြန်မာပြည်သားမဟုတ်သော စီးပွားရေးလုပ်ငန်းရှင်များအား မြေတိုင်းဦးစီးဌာနက မဆလ ခေတ်မတိုင်မှီ မြေပုံ အသုံးပြုဟန်တူပြီး အဆိုပါမြေပုံတွင် အစိုးရပိုင်မြေ၊ ဒေသခံရွာသားများ ပိုင်မြေ သတ်မှတ် ထားခြင်း မရှိ သဖြင့် ၎င်းတို့တိုင်းတာရောင်းချပေးခြင်းဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံလူထုတို့စိုက်ပျိုးခြံမြေများ ဆုံးရှုံးရခြင်းဖြစ်ကြောင်း နမ္မတူမှ ရပ်မိရပ်ဖ တဦးကလည်းပြောပါသည်။

အစိုးရသစ်တက်လာသည်ကာလ ယခုနှစ်များအတွင်းပင် နမ္မတူ၌ တရုတ်လောပန်းများအား ဖြတ်တောက်ရောင်းချပေးခြင်း ခံရသော ဒေသခံလူထု၏  လယ်မြေ ၁၇၂၇ ဧက ရှိပြီဖြစ်ကြောင်း နန်းခမ်းအေးက ပြောပါသည်။

ယခုလ ၂၅ ရက်က တောင်ကြီးမြို့၌ စတင်သော ပြည်နယ်လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး ယနေ့မွန်း တည့် ချိန် ၌ အဆုံးသတ်မည်ဖြစ်ကြောင်း သိရပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3534-2012-09-28-10-06-44.html

KIA အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှု တွင် မြန်မာစစ်သား ၅ ဦး သေဆုံး


Kachin-army-in-frontline
ရှေ့တန်းမထွက်မီ ဆုတောင်းနေသော KIA စစ်သားများ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာ သွားလမ်းရှိ လဂျားယန်ကျေးရွာ လုံရောက် (Lung Rawk) စခန်းရှိ မြန်မာအစိုးရ တပ်ပေါင်းစုမှ တပ်သား ၁၀ ဦးကျော်အား KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ အဝေးထိန်းမိုင်း (remote mine) ဖြင့် တိုက်ခိုက်ရာတွင် ၅ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
၄င်းမြန်မာအစိုးရတပ်ပေါင်းစုသည် လဂျားယန် (Laja Yang) အနီး ထိုးစစ်ဆင်လှုပ်ရှားနေပြီး ယမန်နေ့ စက်တင်ဘာ၂၇ ရက်တွင် တပ်သားအချို့သည် ၄င်းတို့စခန်းအောက်ဘက်သို့ ရေချိုးဆင်းလာချိန် ညနေ ၅ နာရီချိန်တွင် ယခုလိုပေါက်ကွဲလာပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။
“ကျနော်တို့ ဘက်က remote မိုင်းနဲ့ ၂ ကြိမ် ဆက်တိုက် ပေါက်ကွဲလိုက်တာ။” ဟုဆိုသည်။
ထိုပေါက်ကွဲမှုတွင် အစိုးရတပ်မှ ၅ ဦးသေဆုံးသော်လည်း ကျန်ထိခိုက်ဒဏ်ရာရရှိမှုကိုမူ အတိအကျမသိရှိရသေးကြောင်း ဆက်ဆိုသည်။
ထို့အတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးသွားလမ်းရှိ လုထောန် (Lu Htawng) ရွာအနီးတွင် တပ်ချထားသော ဝိုင်းမော်မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၅၇)ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ(၅)အောက် တပ်ရင်း (၃) စစ်သားများ ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၁ ဦး သေဆုံးကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
“ကျနော်တို့ဘက်က ပြောက်ကျားစနစ်နဲ့ ပစ်တာဆိုတော့ ဘာမှမဖြစ်ဘူး။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်လာလို့ ကျနော်တို့ပြန်လာခဲ့တာ။” ဟုဆိုသည်။
၎င်းမြန်မာအစိုးရတပ်သည် လက်နက်ကြီများနှင့် ရ ကြိမ်ပစ်သော်လည်း KIA တပ်ရင်း(၃) တွင် ထိခိုက် သေဆုံးမှု မရှိကြောင်းဆက်ဆိုသည်။
တိုက်ပွဲများသည် အစိုးရတပ်နှင့် KIA တပ်ချ ထားသော နေရာတဝိုက် ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေါ့ဖုန်းယန်-ဟိုင်းကိုင် (Hang Kai) တပ်စခန်းရှိ မြန်မာအစိုးရတပ်သည် ယနေ့ ၃ နာရီချိန်တွင် လက်နက်ကြီးများ (၁၀၅ မမ) ဖြင့် KIA တပ်ဖက်သို့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီး ယမန်နေ့များတွင်လည်း ၅ ကြိမ် ထက်မနည်း ပစ်ခတ် နေကြောင်းသိရသည်။
အစိုးရနှင့် KIO တိုက်ပွဲများတွင် စက်တင်ဘာလအတွင်း အစိုးရတပ်ဖက်မှ ကျဆုံးမှုအများဆုံးဖြစ်နေကြောင်း KIO ရှေ့တန်းသတင်းမှ နေ့စဉ် သတင်းစုံစမ်းသိရသော်လည်း အမှန်တကယ် အစိုးရဖက်က သေဆုံးမှုရှိမရှိကိုမူ အစိုးတပ်များနှင့် အတည်ပြုချက် မရရှိသေးပေ။ 
 
http://kachinnews.com/burmese/news/963-kia-%E1%80%A1%E1%80%B1%E1%81%80%E1%80%B8%E1%80%91%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%99%E1%82%88-%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-%E1%81%85-%E1%80%A5%E1%80%AE%E1%80%B8-%E1%80%B1%E1%80%9E%E1%80%86%E1%80%AF%E1%80%B6%E1%80%B8.html

သမ္မတထံ UNFC ပန်ကြားစာပေးပို့

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပြဿနာ အဖြေရှာရေး နည်းလမ်း (၆) ချက်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ပန်ကြားလိုက်ပါတယ်။

RFA ၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

မြန်မာအစိုးရကတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ဥပဒေဘောင်အတွင်း ၀င်စေပြီး ပါတီထောင်ခိုင်းတာမျိုး ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်မှာ သူတို့လိုလားတဲ့ အခြေခံဥပဒေ ပြင်ဆင်နိုင်အောင် ကြိုးစားတာမျိုးတွေ လုပ်စေချင်ပေမယ့် UNFC အဖွဲ့ကတော့ အဲဒီနည်းလမ်းတွေနဲ့ မတူတဲ့ အချက် (၆) ချက်ကို တင်ပြထားပါတယ်။
အဲဒီ (၆) ချက်ထဲမှာ တိုင်းရင်းသားတွေကြား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေး၊ အစိုးရနဲ့ဆွေးနွေးဖို့ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား ချမှတ်ရေး၊ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်အလိုက် တိုင်းရင်းသား ညီလာခံကျင်းပရေး၊ အဲဒီနောက် တိုင်းရင်းသားလူမျိုးစုံ ပါ၀င်တဲ့ ညီလာခံတစ်ရပ် ခေါ်ယူရေးနဲ့ နောက်ဆုံးမှာ အစိုးရ၊ ဒီမိုရေစီအင်အားစု၊ နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားတွေအားလုံး ပါဝင်မယ့် ပြည်ထောင်စု ညီလာခံကြီး တစ်ရပ်ကျင်းပသွားဖို့ သမ္မတ ဦးသိန်းစိန်ကို ပန်ကြားထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို RFA က ကိုဉာဏ်ဝင်းအောင် မေးမြန်းထားတာ နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/president-unfc-09282012124147.html

စစ်တွေမြို့မှာ တင်းမာမှုတွေ ထပ်ဖြစ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စျေးရောင်းတဲ့ ဆယ်ကျော်သက် အရွယ် လူငယ် တဦး ပေျာက်ဆုံး နေတယ် ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ ခဲ့ရာ ကနေ မူဆလင် တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ရပ်ကွက် အနီးမှာ ရခိုင် လူမျိုးတွေ စုရုံး ခဲ့ကြ ပါတယ်။
အလားတူ စစ်တွေ မြို့ပေါ်က ဗလီတခု ကိုလည်း လူစု လူဝေးနဲ့ သွားရောက် ခဲ့တဲ့ အတွက် နောက်ထပ် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာ နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ ပါတယ်။
စစ်တွေ တဖက်ကမ်း ကျေးတောရွာမှာ နေထိုင်တဲ့ ရေခဲချောင်းသည် မောင်အောင်နိုင်ဦး ကို မူဆလင် တွေက သတ်လိုက်တယ် ဆိုတဲ့ သတင်း ထွက်ခဲ့ တာပါ။
ရခိုင်ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဝင်းမြိုင် ကတော့ အဲဒီ ကလေးကို ပြန်တွေ့ပြီ ဖြစ်ပြီး ဒါဟာ နားလည်မှု လွဲမှား တာသာ ဖြစ်တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
မူဆလင်တွေ သောကြာနေ့ ဗလီ ဆင်းတဲ့ အချိန်မှာ လူပျောက်တယ် ဆိုတဲ့ သတင်းကြောင့် ရခိုင် လူမျိုး ထောင်နဲ့ချီပြီး သွားဝိုင်းခဲ့ကြတယ် ဆိုတာနဲ့ ပတ်သက်ပြီး မေးရာမှာတော့ ဟုတ်မှန်ကြောင်း သူက ပြောပါတယ်။
အောင်မင်္ဂလာ ရပ်ကွက်မှာ ရှိနေတဲ့ မူဆလင်တဦးကတော့ ဒီလူငယ် အသတ်ခံရတယ် ဆိုတာ မဟုတ်ကြောင်းနဲ့ ရသေ့တောင် မြို့မှာ ရခိုင် တိုင်းရင်းသားတွေ စုရုံးပြီး ညီလာခံကျင်းပ ခဲ့ကြပြီး တဲ့နောက် သူတို့အပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်တွေ၊ ဘူးသီးတောင် နဲ့ မောင်တော ဒေသတဝိုက်မှာ နေထိုင်ကြတဲ့ မူဆလင် အများစုကို ရခိုင် တိုင်းရင်းသား တွေက ဘင်္ဂါလီတွေလို့ ဆိုကြပြီး အဲဒီမူဆလင် တွေကတော့ သူတို့ဟာ ရိုဟင်ဂျာ တွေဖြစ်တယ်လို့ ဆိုပါတယ်။
ညနေပိုင်းမှာတော့ လမ်းပေါ်မှာ စုဝေးနေကြ သူတွေ လူစုခွဲပြီး ပြန်ကုန် ကြပြီလို့ ဦးဝင်းမြိုင်က ဆိုပါတယ်။
သူက အခြေအနေ တည်ငြိမ် နေတဲ့ သဘောမျိုး ပြောပေမယ့် ညမထွက်ရ အမိန့်ထုတ် ထားတဲ့ အချိန်အထိ အင်ဘာလာ ရပ်ကွက်မှာ လူ ၁၀၀ လောက် လုံခြုံရေး အဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေတယ် လို့ ကိုယ်တိုင် မြင်ခဲ့ရသူ ဦးသိန်းထွန်းအေးက ပြောပါတယ်။
သူတို့က ဒီကလေးဟာ သေဆုံးခဲ့ပြီလို့ ယူဆနေပြီး အလောင်းကို ထုတ်ပေးပါ လို့ တောင်းဆို နေကြ တယ်လို့ သူက ပြောပြပါတယ်။
ဒါ့အပြင် အစိုးရကိုလည်း မူဆလင်တွေဘက် လိုက်တယ်ဆိုပြီး သူတို့က စွပ်စွဲ အော်ဟစ်ခဲ့ကြကြောင်း ပြောပါတယ်။
ပျောက်ဆုံးနေတယ် ဆိုတဲ့ မောင် အောင်နိုင်ဦးဟာ ညနေပိုင်းမှာ သူ့နေအိမ်ကို ပြန်ရောက်လာတာမို့ သူ့ကိုခေါ်ပြီး ထုတ်ပြခဲ့ ပေမယ့် ဒါဟာ အောင်နိုင်ဦး အစစ် မဟုတ်ဘူး ဆိုပြီး လုံခြုံရေး နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ လူအုပ်က လက်မခံ ခဲ့ဘူးလို့ ဒီပဋိပက္ခကို ကူညီ ဖြေရှင်း ပေးနေတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော် ကပြောပါတယ်။
ဒါပေမယ့် ညမထွက်ရ အမိန့် ရှိတာကြောင့် နောက်ပိုင်းမှာ လူစုခွဲပြီး အိမ်ပြန်ကြ လိမ့်မယ်လို့ ထင်ကြောင်း ဦးအောင်မြတ်ကျော် ကပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2012/09/120928_rakhine_tension.shtml

- စစ်တွေမှာ ကောလာဟလကြောင့် ရခိုင်တိုင်းရင်းသားများ ထောင်နဲ့ချီ စုဝေးခဲ့ click
- လက်ရှိ စစ်တွေအခြေအနေ တင်းမာနေ click
- ကောလဟာလကြောင့် စစ်တွေ မငြိမ်သက် click
- စစ်တွေတွင် ရခိုင်လူငယ်တဦး သတ်ဖြတ်ခံရ click
http://drlunswe.blogspot.com/ 

ကချင်ငြိမ်းချမ်းရေးကွန်ရက် ခေါင်းဆောင်နှစ်ဦးကို တရားရုံးမှာ စတင်စစ်ဆေး

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ပွဲရပ်တန့်ရေးကို ရန်ကုန်မြို့ လမ်းတွေပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့် ဆို်င်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။

ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်စင်က ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ဥပဒေကြောင်းအရ အာမခံထားပေးမယ့် လူပုဂ္ဂိုလ် (၂) ဦး တောင်းဆိုပါတယ်။
ဦးမရန်ဂျော်ဂွန်းတို့က တခြားလူပုဂ္ဂိုလ်တွေကို အာမခံမထားဘဲ မိမိကိုယ်မိမိပဲ အာမခံတာဝန်ယူမယ့် အကြောင်းပြောပြီး ကိုယ်တိုင်ခံဝန်ချက် ရရှိအောင် ကြိုးစားခဲ့တာကို RFA ကို အခုလိုပြောပါတယ်။
"ဒီကိစ္စမှာ ကျွန်တော်တို့က ခံယူချက်ကောင်းကောင်းနဲ့ နိုင်ငံငြိမ်းချမ်းရေးအတွက် ပြည်သူတစ်ယောက်ရဲ့ တာဝန်အနေနဲ့ ပါ၀င်တာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ တရားခံ မဟုတ်ဘူး။ မှားတယ်လို့ လုံးဝမယူဆဘူး။ အဲ့ဒါကြောင့် မထွက်ပြေးဘူး။ ဘယ်နေရာပဲရောက်ရောက် လာမှာပဲ။ ကိုယ်ပိုင်ခံဝန်ချက်ပဲ ကျွန်တော်တို့ လိုချင်တယ်။ ကျွန်တော်တို့ တောင်းဆိုတော့ သူက ကိုယ်ပိုင်ခံဝန်ချက်နဲ့ ပက်သက်တဲ့ စာချုပ်ကို ထပ်ချုပ်တယ်။ ကိုယ်ပိုင်ခံဝန်ချက် ဖြစ်သွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတဲ့အကြောင်း လက်မှတ်ထိုးခဲ့တယ်"
ကချင်ငြိမ်းချမ်းရေးကွန်ယက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ဒဂုံမြို့နယ် ရဲအုပ် ဦးထွန်းထွန်းဝင်းက တရားလိုပြုလုပ် တိုင်ကြားခဲ့တာပါ။
ဒီကနေ့မှာတော့ ဦးမရန်ဂျော်ဂွန်းတို့က မိမိကိုယ်မိမိ တာဝန်ယူတဲ့ ကိုယ်တိုင် ခံဝန်ချက်ရယ်၊ အာမခံကြေး ၁၀ သိန်းနဲ့ တရားရုံးမှာ လက်မှတ်ထိုးခဲ့ပြီး ဒီအမှုကို လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့ ရုံးချိန်း ပြန်လည်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/peace-network-leaders-lawsuit-09282012104037.html

ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် သမ္မတဦးသိန်းစိန် ပြောကြားသောမိန့်ခွန်း


 ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် သမ္မတဦးသိန်းစိန် ပြောကြားသောမိန့်ခွန်း

September 27, 2012

UNFC နှင့် NCUB ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ပြည်ထောင်စု ရောက်ရှိ

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေကို ရှင်းလင်း တင်ပြဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
NCUB ဥက္ကဋ္ဌနဲ့ UNFC ဒုဥက္ကဋ္ဌ တာဝန်တွေကို ပူးတွဲထမ်းဆောင်နေသူ စောဒေးဗစ်တာကပေါ ဦးဆောင်တဲ့ တိုင်းရင်းသား  ကိုယ်စားလှယ်အဖွဲ့ဟာ နယူးယောက်မြို့ကို ရောက်ရှိနေပြီး သူတို့ရဲ့ ခရီးစဉ်အတွင်း ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ အမေရိကန်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။
အဲဒီကြေညာချက်မှာ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်နေတာတွေ မရပ်သရွေ့ အပစ်အခတ် ရပ်စဲရေးဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်သလို အေးချမ်းတည်ငြိမ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း ဖြစ်လာဖို့ မလွယ်ကြောင်း၊ တိုင်းရင်းသားတွေဘက်ကတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမြဲအဆင်သင့်ရှိနေပြီး နိုင်ငံတကာရဲ့ ပါ၀င်ဆောင်ရွက်မှုတွေကနေ အထောက်အကူ ရစေမယ်လို့ ယုံကြည်ကြောင်း စသည်ဖြင့် ဖော်ပြထားပါတယ်

http://www.rfa.org/burmese/news/unfc-ncub-representative-us-09272012114738.html

လက်နက်ချ


ကျနော် မန္တလေးထောင်မှာနေရတုန်းက လေးတိုက်ထဲမှာဦးအောင်ဝင်းနဲ့ဆုံခဲ့ရပါတယ်။ ဦးအောင်ဝင်းဆိုတာက အရင်က ဗမာပြည်ကွန်မြူနစ်ပါတီ မြစ်ဝကျွန်းပေါ်တိုင်း၊ ပုသိမ်ခရိုင်တပ်မှူးပါ။ နောက်တော့ အဖမ်းခံရပြီး လက်နက်ချခဲ့ပါတယ်။ ဒါပေမဲ့ သူဟာပါတီနဲ့နိုင်ငံရေးကို သံယောဇဉ်မပြတ်သူမို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ၁၉၆၃ ခုနှစ် ပြည် တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပါ၀င်ခဲ့ပါတယ်။ ကွန်မြူနစ်ဟောင်းဆိုတော့ သူက ပြောတတ်ဟောတတ်၊ လူထုကို စည်းရုံးတတ်လို့ သူ့ဒေသမှာ ခေါင်းဆောင်ပိုင်းက ပါခဲ့ပါတယ်။ ဒါကြောင့်”တော်လှန်ရေး”ကောင်စီအစိုးရရဲ့ အဖမ်းခံရပြီး ပုသိမ်ထောင်ကနေ မန္တလေးထောင်ကို အပြောင်းခံရတာပါ။ ထောင်ပြောင်းရာကို သူနဲ့အတူ ဖျာပုံ ဗကသ က ကိုခင်လတ် လည်း ပါလာပါတယ်။ ကျနော်တို့က ၂၀ ကျော်တွေ၊ သူက ၅၀ လောက်ဆိုတော့ သူ့အဖို့ ကျနော်တို့ဟာ တကယ့်ကို တူသားအရွယ်တွေပါ။ ဒါပေမဲ့ ဦးလေးဦးအောင်ဝင်းက ကျနော်တို့ကို တလေးတစားပဲဆက်ဆံပါတယ်။ အား လုံးကို ခင်ဗျား-ကျနော်ပဲပြောပါတယ်။ ကျနော်တို့ကလည်း သူ့နဲ့အတူ နေရင်း သူ့ကိုပိုနားလည်သဘောပေါက်လာပြီး သူ့ကို ဦးလေးလို့့ တလေးတစားခေါ်၊ တလေးတစားဆက်ဆံကြပါတယ်။
သူဟာ ကျနော်တို့ကို သူ့အကြောင်းနဲ့ပတ်သက်လို့ အမှန်အတိုင်းပဲ ပြောပြထားပါတယ်။ သူလက်နက်ချခဲ့တယ် ဆိုတာ ကို ရိုးရိုးသားသားပြောပါတယ်။ ဘယ်လိုပဲဆိုဆို သူဟာ ကျနော်တို့အဖို့ လက်တွေ့တော်လှန်ရေးဗဟုသုတ ဟင်းလေး အိုးကြီး ဖြစ်နေပါတယ်။ မေးသမျှဖြေ၊ ဖြေသမျှမှတ်ကြပါတယ်။ အဲဒီမှာ ကျနော်တို့က စစ်ရေးကိုစိတ်ဝင်စားတော့ သူ့ တိုက်ပွဲ အတွေ့အကြုံတွေကို မေးပါတယ်။ သူက စိတ်ရှည်လက်ရှက် ပြောပြယုံမက စီးကရက်ဘူးပတ်တွေ၊ စက္ကူစလေး တွေ၊ ဖျာစလေးတွေနဲ့ သံမြေပုံလေးတွေလုပ်ပြီးတော့လည်း ရှင်းပြပါတယ်။ နောက်ပြီး သူ့လက်တဖက်မှာတွေ့ရတဲ့ သေနတ်ဒဏ်ရာ အမာရွတ်ကြီးရခဲ့တဲ့ တိုက်ပွဲအကြောင်းလည်း ပြောပြပါသေးတယ်။
အဲဒီလိုနဲ့ နိုင်ငံရေးအကြောင်းတွေပြောကြတဲ့ တနေ့မှာ သူက သူ့အနေနဲ့ လက်နက်ချပြီးတဲ့နောက် ကျေးရွာတွေကိုလှည့် ပြီး ပါတီဆန့်ကျင်ရေးတွေပြောခဲ့ရကြောင့် မျက်ရည်တွေဝဲပြီး ပြောပြပါတယ်။ သူလုပ်ချင်လို့ လုပ်တာမဟုတ်ပါဘူး။ အ စိုးရစစ်တပ်ကခိုင်းလို့ လုပ်ရတာပါလို့လည်း ကျနော်တို့ကို ၀န်ခံသလိုပြောပါတယ်။ အဲဒါနဲ့တဆက်တည်းပြောတာက- “လူတယောက်ဟာ လက်နက်ချလိုက်ပြီဆိုရင် တခါထဲချရတာ မဟုတ်ဘူး။ အကြိမ်ကြိမ်ချနေရတာပဲ” လို့ ပြောပြ ပါ တယ်။ အဲဒီစကားကို ကျနော့်တသက် မမေ့နိုင်တော့ပါဘူး။
ဒီလိုနဲ့ ကျနော်က ကျနော်သိထားတဲ့ လက်နက်ချဖူးသူတွေကို ပြန်စဉ်းစားလိုက်တော့ သူပြောသလိုဖြစ်နေတယ် ဆိုတာ ကို တန်းတွေ့ရပါတယ်။ တချို့က မြဝတီလိုမဂ္ဂဇင်းထဲမှာ ဆောင်းပါးတွေရေးပြီး လက်နက်ချပြနေရတယ်၊ တချို့က မဆလရဲ့ကောင်စီတွေထဲဝင်ပြီး သခင်ကိုချီးကျူးပြနေကြရပါတယ်။ တချို့ကတော့ သတင်းပေးလုပ်ရ၊ မြက်ခင်းသစ်လို ဟာမှာစာရေးကြ၊ တချို့ကစာအုပ်ထုတ်ပြီး ကိုယ့်သခင်ဟောင်းကို ဆဲပြကြရပါတယ်။ မမြင့်ချင့်အဆုံးပါ။ ဟီးရိုးကနေ ဇီးရိုးဖြစ်သွားတဲ့ အဖြစ်အပျက်တွေလည်း များလှပါတယ်။
ဒါဖြင့်အခုကာလမှာရော၊ အဲဒါမျိုးတွေမရှိဘူးလား။ ကျနော်တော့သက်ပြင်းပဲချမိပါတယ်။ လက်နက်ချတဲ့တဲ့ လူ တွေက အမောက်ထောင်၊ မိုးခါးရေးသောက်ခိုင်းတာတွေတောင် အနှံ့အပြားတွေ့နေရပါတယ်။
ဒီနေရာမှာ လက်နက်ချတယ်ဆိုတာဘာလဲလို့ သေချာအောင်မေးလာတာမျိုး ရှိနိုင်ပါတယ်။ ကျနော်တို့ အစဉ်အလာပြော ကြတာကတော့ ရန်သူ့ဆီက အခွင့်အရေးတခုရဖို့အတွက် မိမိယုံကြည်ချက်ကို စွန့်လွှတ်တဲ့အကြောင်း ရန်သူသိအောင် နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ၊ ဟန်အမူအရာနဲ့ဖြစ်စေ၊ တည့်တည့်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဖော်ပြတာကို လက်နက် ချတယ်လို့ သတ်မှတ်ပါတယ်။ တခြားအဖွဲ့အစည်းတွေတော့ မပြောတတ်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီမှာတော့ ပါတီဝင် တယောက်ဟာ ရန်သူ့ဆီမှာ လက်နက်ချခဲ့တယ်ရင် သူဟာ ဘယ်လောက်ပဲအဆင့်မြင့်တဲ့ ကေဒါကြီးဖြစ်နေပါစေ ပါတီ ၀င်ပြန်ဖြစ်ခွင့် မရှိတော့ပါဘူး။ ကိုယ့်အထက်တာဝန်ရှိသူက လက်နက်ချခိုင်းလို့ လက်နက်ချရပါတယ်ဆိုတဲ့ အကြောင်း ပြနည်းမျိုးကိုလည်း လက်မခံပါ။ အဲဒီလူဟာ ပါတီအတွက်၊ တော်လှန်ရေးအတွက်တော့ တာဝန်ယူ လုပ်ကိုင်ခွင့်တွေရှိပေ မဲ့ ပါတီဝင်တော့ ပြန်မဖြစ်တော့ပါဘူ။။
ဒီလိုရေးတဲ့အတွက် လက်နက်ချသူတွေကို ရှုတ်ချတာ၊ အထင်သေးတာ မဟုတ်ပါဘူး။ လက်နက်တခါချမိရင် ဆက်ချရ တတ်တယ်ဆိုတာကို သတိပေးတာပါ။ ဗမာပြည်ရဲ့ ပြင်းထန်၊ ရှည်ကြာလှတဲ့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတွေအကြားက ပဋိပက္ခ သမိုင်းကြောင်းမှာ အဲဒီလိုလက်နက်ချရင်း-ချရင်းနဲ့ မြောင်းထဲရောက်သွားသူတွေလည်း မနည်းတော့ဘူး မဟုတ်ပါလား။ ဒါနဲ့ပြောင်းပြန် ဦလေးဦးအောင်ဝင်းလို ပြည်သူလူထုဘက်မှာ ပြန်ရပ်လို့် လူလေးစားပြန်ခံရတယ်ဆိုတဲ့ သာဓကတွေ လည်း များလှပါတယ်။ တော်လှန်ရေးသမိုင်းမှာ လက်နက်ချပြီးနောက် တော်လှန်ရေးအတွက်၊ ပါတီအတွက် ပြန်လုပ်ရင်း ဂုဏ်ပြောင်စွာကျဆုံးသွားတဲ့ သူရဲကောင်းတွေ အများကြီးရှိခဲ့ပါတယ်။
ကွေ့တကွေ့ ခြေလှမ်းတလှမ်းဟာ အဲဒီလူရဲ့သမိုင်းကို ပြောင်းပစ်တတ်ပါတယ်။

ရဲဘော်ဖိုးသံချောင်း

http://www.naytthit.net/?p=30954
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India