September 5, 2012

ဖားကန့်ဖက်တွင် ဒုက္ခသည် ၁ သိန်းရှိသွားပြီ



ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ပြင်းထန်နေသောကြောင့် စစ်ပြေးဒုက္ခသည် လူဦးရေ ၁ သိန်း ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ပတ် ဝေအောင်ကမ္ဘာကုမ္ပဏီ ပေါက်ကွဲချိန်မှ ပိုများပြားလာခြင်းဖြစ်ပြီး ဒုက္ခသည်များသည် ဖားကန့်မြို့ မှော်ဝမ်း၊ မရှီကထောင်၊ မေသီလကျောင်း၊ ရခိုင်ရိုးရာ ယဉ်ကျေးမှုကျောင်း၊ ရှမ်းရိုးရာ ယဉ်ကျေးမှုကျောင်း၊ ဗုဒ္ဓဘုန်းကြီးကျောင်း စသည့်နေရာများနှင့် ကက်သလိတ် RC ဘုရားကျောင်း၊ ခရစ်ယာန်နှစ်ခြင်းကျောင်းများ တွင် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။
ယခုလိုစစ်ပြေး ဒုက္ခသည်အများစုသည် ကချင်အမျိုးသားများဖြစ်ပြီး ယခုချိန် အစားအသောက်နှင့် ကျန်းမာရေးထိခိုက်မှု များစွာရှိနေကြောင်း ကူညီသူ တဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
မြန်မာအစိုးရမှ သီးသန့် ဒုက္ခသည်များအား အစားသောက်များ ကူညီခြင်းမရှိသော်လည်း ဖျားနာနေသူများကို ဖားကန့်ပြည်သူ့ဆေးရုံ မှ တစ်ပတ်တွင် ၂ ကြိမ်လာရောက်ကုသကူညီပေးကြောင်းသိရသည်။
“ပြန်ဖို့လည်း လမ်းခရီးက အခက်အခဲများဖြစ်နေတယ်။ သတင်းကလည်း အမျိုးမျိုးကြားနေတော့ ဒုက္ခသည်စခန်းမှာဘဲ တိမ်းရှောင်ခိုလှုံနေတာ အကောင်းဆုံးဖြစ်မယ်ဆိုပြီး နေနေကြတယ်။”
ဒုက္ခသည်များကို ယခုချိန်တွင် အသင်းတော်များ၊ မြို့အတွင်းရှိ ကျောက်ကုန်သည် သူဌေးများ၊ ညီအစ်ကို တိုင်းရင်းသားများ မြန်မာ၊ ရှမ်း၊ တရုတ် စိတ်ဝင်စားသူများမှ လာရောက်ကူညီလျက်ရှိကြောင်းသိရသည်။
ဖားကန့်ရှိ ကျောက်လောပန်းအချို့သည် ၄င်းတို့၏ ကျောက်လုပ်ကွက်မှ ကျင်းသားများကို ကားများငှားပေးပြီး နေရပ်ပြန်နိုင်ရန်စီစဉ်ပေးနေပြီး ခက်ခဲကြုံနေသော သူများသည် ၎င်းဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြောင်း သိရသည်။
ကျောက်စိမ်းတူးသမားအချို့သည် ယခုချိန် စစ်မဖြစ်သောနေရာ မှော်စီဇာမှော်နှင့် လုံးခင်း (Lawng Hkang) ကျေးရွာ များတွင် တနိုင်တပိုင် ကျောက်များတူးလျက်ရှိကြပြီး ဖားကန့် (Hpakan) နှင့် ဆိုင်းတောင် (Seng Tawng) များတွင် ကျောက်တူးသမားများ မရှိတော့ကြောင်း သိရသည်။
သြဂုတ်လလယ်ပိုင်းမှ ထိုးစစ်စတင်လာသော ဖားကန့် ဖက်တွင် အထိနာမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရတပ်သည် ပြီးခဲ့သည့်ပတ်မှ လေယာဉ်ဖြင့်  တစ်ကြိမ်တွင် လူ ၂၅ နှင့် ၃၀ ယောက်နှင့် စစ်အင်အားအပြင် လက်နက်များပါ သယ်ယူပို့ဆောင်နေကြောင်း မျက်မြင်ဒေသခံ ပြောသည်။
“သြဂုတ် ၃၁ ရက်နေ့က ၅ ကြိမ် နောက်တစ်နေ့က ၂ ကြိမ် အားလုံး ရ ကြိမ် နောက်ဆုံး လာပို့တာက.. ပြီးခဲ့သည့်ပတ် စနေ့က လာပို့ကြတယ်။”
ယခုချိန်တွင် တိုက်ပွဲသည် အနည်းငယ်ငြိမ်နေသော်လည်း နှစ်ဖက်တပ်မှ စစ်ရေးလှုပ်ရှားမှုရှိနေပြီး အင်အားများနှင့် ဖားကန့်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အား အင်တိုက်အားတိုက် ထိုးစစ်ဆင် တိုက်ခိုက်ဖွယ်ရှိကြောင်း ဒေသခံများစိုးရိမ်နေကြသည်။
နှစ်ဖက်တိုက်ပွဲများ စတင်တင်းမာလာသည့်အချိန်မှစ၍ ဖားကန့်ဒေသရှိ ကျောက်စိမ်းအလုပ်သမားများ ဒေသခံများကို မြန်မာအစိုးရတပ်သည် ညအချိန် ပေါ်တာ (porter)ဆွဲပြီး တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဝတ်စုံများပြင်ဆင်ပေးကာ ရှေ့တန်းသို့စေလွှတ်နေကြောင်းသိရသည်။
တိုက်ပွဲများပိုမိုတင်းမာလာဖွယ် ပြင်ဆင်လှုပ်ရှားနေကြသော နှစ်ဖက်တပ်များကိုသုံးသပ်ခြင်းအားဖြင့် ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး ပြည်သူလူထုများသည် အချင်းချင်းအသိပေးလျက် ရှိနေကြောင်း ဒေသတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

http://kachinnews.com/burmese/news/934-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%96%E1%80%80%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9-%E1%81%81-%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%9B%E1%80%BD%E1%80%AD%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%BB%E1%80%95%E1%80%AE.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India