November 27, 2012

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲတွင် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၏မိန့်ခွန်း

ဒီကနေ့ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်တဲ့  TBP (Trust Building for Peace) ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာဘဲ ဦးတည်ဆွေးနွေးသွားမယ်။ ယုံကြည်မှုတည်ဆောက်မယ်ဆိုရင် သံသယ အာဃာတ မာန်မာန တရားတွေကို တဦးစီ တယောက်စီ လူတိုင်းက အရင်ပယ်ဖျက် စွန့်ပစ်နိုင်ပါမှ ယုံကြည်မှုတွေ တည်ဆောက်နိုင်မှာဖြစ် တယ်။
Sai Maung Tin
SNDP ပါတီ၏မိန့်ခွန်းကို ဖတ်ကြားပေးသော ကျားဖြူပါတီလက်ထောက်အတွင်းရေးမှူး စိုင်းမောင်တင်

ဒီနေ့ဆွေးနွေးပွဲဟာဖြင့် အလွန်အရေးကြီးလှပါတယ်။ ဒီဆွေးနွေးပွဲကြီးက  ခိုင်မာတဲ့ အုတ်မြစ်ချနိုင်မှသာ ရှေ့ဆက် လျှောက်လှမ်းမှုရနိုင်မှာဖြစ်ပါတယ်။ သျှမ်းတိုင်းရင်းသားပါတီများဟာမူဝါဒ လမ်းစဉ်အနည်းငယ် ကွဲပြားတာကလွဲရင် ဦးတည် ချက်ပန်းတိုင်ဟာဖြင့်တခုတည်းဆိုတာ ယုံမှားသံသယဖြစ်စရာမလိုပါဘူး။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအနေနဲ့ တန်းတူညီမျှမှု အပြည့်အ၀ရှိတဲ့ ပြည်ထောင်စုစစ်စစ်မူ ဖက်ဒရယ်ကို အဓိကအခြေခံမူအဖြစ်သတ်မှတ်ပြီး နိုင်ငံရေးလမ်းစဉ် အဖြစ် ခံယူ ကျင့်သုံးသွားမည်ဖြစ်ပါတယ်။ ဒါကြောင့်မတူတာကို ဘေးဖယ်ပြီး တူညီတဲ့အချက်ကိုသာ ဦးတည်ကြမယ်ဆိုရင်ဖြင့် ယုံကြည်မှုကို မလွဲမသွေတည်ဆောက်နိုင်မှာဖြစ်တယ်။  ဒီလိုဘဲကျန်တဲ့ သျှတိုင်းရင်းသားအဖွဲ့အစည်း တွေဟာလည်း ထို့အတူ ကျင့်သုံး သွားမယ်ဆိုရင် ဒီနေ့ဆွေးနွေးပွဲ တက်လာ တဲ့အဖွဲ့ အစည်း အားလုံးဟာ လမ်းကြောင်း  တခုတည်းပေါ် မလွဲမသွေ ရောက်ရှိ လာမှာဖြစ်ပြီး သျှမ်းပြည်သူများ မျှော်လင့်တောင့်တနေတဲ့ ပြည်ထောင်စုကမျှော်လင့်တောင့်တနေတဲ့ စည်းလုံးညီညွတ်သော သျှမ်းတိုင်းရင်းသားပါတီ သို့မဟုတ် အဖွဲ့အစည်းတခု ဧကန်မုချဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာ သက်ဆိုင်ရာဖွဲ့က မြို့နယ် အသီးသီးရှိ ပြည်သူတွေထံကွင်း ဆင်းပြီး ပြည်သူတွေရဲ့ ဆန္ဒကို စစ်တမ်းကောက်ယူခဲ့ပြီးပြီ လို့သိရပါတယ်။  ပြည်သူ များရဲ့သဘောထားကိုလည်း အမှန်တကယ်သိ ရှိပြီးပြီလို့ယုံကြည်ပါတယ်။

ဒါကြောင့် ပါတီများလူမှုအဖွဲ့ အစည်း များလက်နက်ကိုင်သျှမ်းအဖွဲ့အစည်းများဟာ ပြည်သူရဲ့ဆန္ဒကိုလျစ်လျူမရှုဘဲ ပြည်သူတွေ ဖြစ်လိုတဲ့ဆန္ဒကို အတတ် နိုင်ဆုံးဖြည့် ဆည်းပေးစေလိုပတယ်။ မိမိတို့ဆန္ဒနဲ့ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည် ဖြစ်စေ မိမိတို့က ခုန ကပြောခဲ့တဲ့ အတိုင်း မာန်မာနတရားတွေကို ပြည်သူတွေရဲ့ဆန္ဒအတိုင်း အတတ်နိုင်ဆုံးလိုက်လျောပေးကြဖို့တိုက် တွန်းလိုပါတယ်။ အခုဒီဆွေးနွေးပွဲကို သျှမ်းနီ  တိုင်းလျဲန်များ တက်ရောက်လာတာကို တွေ့ရတဲ့အတွက်ကြောင့်အလွန်ဘဲ ဝမ်းမြောက်ဂုဏ်ယူမိ ပါတယ်။ တိုင်းလျဲန်တွေတက်လာတဲ့ အတွက်ဒီဆွေးဒနွေးပွဲဟာဖြင့် အနှစ်သာရပိုရှိလာပြီး ပိုပြီးအသက်ဝင်လာတယ်လို့ဆို လို့ရပါတယ်။  အမြဲတမ်းလဲ မျှော်လင့်ကြိုဆို ပါတယ်။

ဒါကြောင့် ဒီဆွေးနွေးပွဲ ကနေ ရှေ့အနာဂတ်ခရီးကို ဘယ်လိုပုံဘယ်လိုနည်း ဝိုင်းဝန်း လုပ်ဆောင်ကြရင်ပိုပြီးခိုင်မာလာမလဲ ပိုပြီးစည်းလုံးညီညွတ်လာမလဲဆိုတာ  နည်းလမ်းရှာအကြံပြုပေးကြစေလိုပါတယ်။ ဒီကနေတဆင့်ခွဲ ဝေတာဝန်ယူမှုအပိုင်း မှာ ဘယ်ဌာနကိုဖြင့် ဘယ်သူ ဘယ်အဖွဲ့အစည်းက တာဝန်ယူလုပ်ဆောင် သွားမယ်ဆိုတဲ့အဆင့်အထိ ချမှတ်သွားနိုင်မယ် ဆိုရင် ဟာကွက်မရှိ တပြေးညီတိုး တက်လာမှာမလွဲပါဘူး။ တဦးပေါ်တဦး အပြန်အလှန်လေးစားမှု ညှိနှိုင်းမှု ပွင့်လင်းမှု အချင်းချင်းရိုင်းပင်းကူညီမှု တွေကနေတဆင့်  ယုံကြည်မှုတွေကို ခိုင်မာစွာတည်ဆောက်လာနိုင်မှာဖြစ်ပါတယ်။ မိမိတို့ သျှမ်း တိုင်းရင်းသား အချင်းချင်း ကြားယုံကြည်မှုခိုင်ခိုင်မာမာ မတည်ဆောက် နိုင်သေးသရွေ့ ကျန်ညီနောင်တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက် ဖို့မဖြစ်နိုင််ပါဘူး။ ပထမအဆင့်မပြီးသေးဘဲ ဒုတိယအဆင့် ကိုတက်လှမ်းလို့ မရနိုင်ပါဘူး။

ဒါကြောင့် ဒီဆွေးနွေးပွဲကိုတက်လာတဲ့သျှမ်းတိုင်းရင်းသားအသီးသီးဟာ ကိုယ့်လူမျိုးရဲ့ဂုဏ်သိက္ခာကိုငဲ့ညှာသောအားဖြင့် ခိုင်မာတဲ့ ယုံကြည်မှုကို တည်ဆောက်ချမှတ်နိုင်မယ်လို့ လေးလေးနက်နက် ယုံကြည်မိပါတယ်။  နောက်ဆုံးအနေနဲ့ တဦးအပေါ်တဦး မာန်မာနတွေကိုဘေးဖယ်ထားပြီး ဂိုဏ်းဃနစွဲ အဖွဲ့အစည်းစွဲထားခဲ့ပြီး အချင်းချင်းအားပြိုင်ခဲ့တဲ့ သမိုင်းစာမျက်နှာ ကိုပြည်ဖုံးကားချပြီး သစ်လွင်တောက်ပတဲ့ တသက်နဲ့တကိုယ် တခါမှမကြုံ ဖူးသေးတဲ့ ပြည်သူတွေအားကိုး တကြီးမျှော်လင့် တောင့်တနေတဲ့ သမိုင်းစာမျက်နှာသစ်ကို ဝိုင်းဝန်းရေးသား အကောင်အထည် ဖော်သွားကြပါစို့လို့ တိုက်တွန်းပြောကြား ရင်းနဲ့ဘဲ နိဂုံးချုပ်လိုက်ပါတယ်။
စိုင်းမောင်တင်

လဲချား ပြည်သူ့လွှတ်တော်အမတ်
Joint Secretary, SNDP

http://www.burmese.panglong.org/2008-08-03-15-59-20/98-2012-01-25-04-06-31/3684-2012-11-27-10-55-44.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India