December 11, 2012

ရှေ့တန်း စခန်းတခုကို KIA က အစိုးရတပ်ထံမှ ပြန်လည် သိမ်းပိုက်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့်နေဆဲတွင် က ချင်လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရတပ်များ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည် (ဓာတ်ပုံ – ဧရာဝတီ)
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ဆုတ်ပေးခဲ့ရသည့် အရေးပါသော ရှေ့တန်းတပ် စခန်းတခုကို ယမန်နေ့က အစိုးရတပ်ဖွဲ့ဝင်များထံမှ ပြန်လည် သိမ်းပိုက်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လတွင် အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ရ၇ နှင့် ရ၄ တပ်ဖွဲ့ဝင်တို့က KIA တပ်ဖွဲ့ဝင် များထံမှ သိမ်းပိုက်ထားသည့် ရှေ့တန်းတပ်စခန်းကို ပြန်လည် သိမ်းပိုက်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေး မှူး ဦးလနန်က ပြောသည်။
“နေ့တိုင်း အဲဒီဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ ဒါပေမယ့် မနေ့က မနက်မှာတော့ အဲဒီ စခန်းကို KIA က ပြန်ရလိုက်တယ်” ဟု ၎င်းက ဆိုသည်။
သိမ်းပိုက်ထားသည့် ယင်း တောင်ကုန်းတွင် KIA က အမြဲတမ်း တပ်စွဲရန် အထက်မှ ညွှန်ကြားချက် စောင့်ကြောင်းလည်း သိရသည်။
“အဲဒီတောင်ကုန်းမှာ မြန်မာအစိုးရ စစ်တပ်ကနေပြီးတော့ နေရာယူထားတယ်ဆိုရင် ဒုက္ခသည်တွေ အပါအဝင် ကျနော်တို့မှာရှိတဲ့ တခြား တပ်စခန်းတွေ အတွက်လည်း လုံခြုံမှု မရှိဘူး။ ဒါကြောင့် အဲဒီစခန်းကို မဖြစ်မနေ ပြန်ယူရတယ်” ဟု ဦးလနန်က ဆက်ပြောသည်။
အစိုးရအနေနှင့် ယင်းတပ်စခန်းမှ တဆင့် KIA တပ် စခန်းများနှင့် ဒုက္ခသည် စခန်းတည်ရှိရာ အနီးအနားသို့ လက်နက်ကြီးများနှင့် ပစ်ခတ်ဖူးကြောင်း ၎င်းက ဆိုသည်။
ယခုလ ဒီဇင်ဘာလဆန်းပိုင်း ၁ ရက်မှ စတင်၍ ယမန်နေ့အထိ နှစ်ဖက်ဖြစ်ပွားသည့် တိုက်ပွဲတွင် KIA ဘက်မှ ၄ ဦး ကျဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိပြီး အစိုးဘက်က အကျအဆုံး စာရင်းကို မသိရသေးကြောင်း KIA ဘက်က ပြောသည်။
စစ်ရေးအရ နှစ်ဖက်တပ်များ စစ်ရေးတင်းမားနေပြီး ယနေ့ အခြေအနေကို မသိရသော်လည်း အစိုးရတပ်က ရဟတ်ယာဉ်များကို အသုံးပြု၍ ရိက္ခာအပါအဝင် စစ်တပ်အင်အား တိုးချဲ့နေကြောင်း သိရသည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ခေါင်းဆောင်များ အကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် အစီအစဉ် မရှိသေးကြောင်းလည်း ဦးလနန်က ရှင်းပြသည်။
ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက “ကျနော်နားလည်တာက KIO ဘက်က တောင်းဆိုတာက နိုင်ငံရေး ဆွေးနွေးမယ်၊ ဒီလိုမျိုး နိုင်ငံရေး ပြဿနာတွေ ရှင်းပြီးသွားရင် မလိုတော့ဘူး၊ သူတို့ပြောတာကိုလည်း ကျနော်က မှားတယ်လို့ မငြင်းလိုဘူး၊ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးတာဟာ ဘယ်လောက်ကြာမလဲဆိုတာ ကျနော်လည်း မသိဘူး။ အဲဒီကြားထဲမှာ စစ်ပွဲတွေ ဖြစ်နေမှာတော့ ကျနော် မလိုလားဘူး။ ဒါကိုတော့ မြန်မြန်လေ ပြီးသွားစေချင်ပါတယ်” ဟု ဆိုသည်။
အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြည်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုး အိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။
ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို ကုလသမဂ္ဂ (UN) မှ အကူအညီပေးလို သော်လည်း မြန်မာအစိုးရက လုံခြံုရေး အခြေအနေအရ ခွင့်ပြုထားခြင်းမရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ် စစ်ဘေးသင့် ဒေသများသို့ ၀င်ရောက် အကူအညီပေးနိုင်ရန် မြန်မာ အစိုးရထံတွင် ခွင့်ပြုချက် တောင်းထားကြောင်း ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ပြီးခဲ့သည့် သတင်းပတ်တွင် ပြောကြားခဲ့သည်။

http://burma.irrawaddy.org/archives/27810
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India